ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, April 7, 2014

==သွေးချောင်းစီးဆဲ အငိုမျက်လုံးနဲ့ ငြိမ်းချမ်းရေးကို သိုလှောင်ချင်တဲ့ မြစ်ဧရာ( အောင်ခိုင်မြင့်)==

>
ရွှေအိုရောင် မြေဆီမြေနှစ်တွေ သောင်ထွန်းပြီး
လွတ်လပ်ခြင်း ရတနာ အသီးအပွင့်တွေ ရှုမငြီး ဖူးပွင့်
 နေလုံးရင့်ရင့် မြသွေးရောင် တောက်ပ၊
လရောင်က ငွေရည်ချည် ဖျန်းပက်
 ကြေးမမက်တဲ့ ကျေးလက် ငြိမ်းချမ်းရေး နောက်ခံထားတဲ့
ဧရာဝတီရဲ့ လှပတဲ့ညနေ ဆည်းဆာပန်ချီကား
 ကျေးငှက်တွေ အဝေး ပြေးပျံထွက်သွားသလို ၊
အတိတ်မှာ မှုန်ဝါးဝါး ကျန်ရစ်ပြီ ။

 မြစ်တစ်စင်းက လွတ်လပ်စွာ စီးဆင်းခွင့်မရပဲ အဓမ္မ ပိတ်ဆို့တားမြစ် ၊
 ရေကာတာလို ဆည်ဆောက်ခံရရင် လေထန် ရေလှိုင်းကြီး ဒေါသူပုန်ထခြင်းက ၊ မြစ်ရဲ့ တော်လှန်ရေး ပြယုဂ်ဖြစ်တယ် ။

 ကိုယ့်လည်ပင်း ညှစ်မဲ့လက်ကိုမှ ၊လက်ထပ် လက်စွပ် ၀တ်ပေးမိသလိုမျိုး
 ခေတ်ဆိုးအဆက်ဆက်နဲ့ မတရား ထိမ်းးမြားလက်ဆက်ခံရရင်း
 ဧရာဝတီ သွေးချင်းချင်း နီခဲ့ပြီ ။

လူတွေက ဦးတည်ချက်မဲ့ ခရီးထွက်တာ မရှိဘူး၊
အရင်ကနဲ့ မတူ တိတ်ဆိတ်နေတဲ့ သဘောင်္ဆိပ်ကို ကြည့်ရင်
 ဟန်မလုပ်နိုင်အောင်ကျနေတဲ့ စီးပွားရေးကျရိပ်ကို သိသာစေတယ် ၊
 တောလမ်းကတက်လာတဲ့ စိတ်များနဲ့
 အတိတ် ဟောစာတမ်း ဆိပ်ခံဘောတံတားလို
ထာဝရ အနင်းခံဖြစ်ဖို့မဟုတ်ဘူး ၊

မိုးထိအောင် အမြင့်ပျံတက်သွားတဲ့ ကုန်ဈေးနှုန်းတွေ
စစ်တိုက်လေယာဉ်လို မြေပြင်အောက် ပျက်ကျရင် ကောင်းမယ် ။
သစ်တောက်ငှက်က သစ်ခေါက် ခေါက်သလိုမျိုး
ပိတ်ဆို့ထားတဲ့ ခေတ်တံခါးကို အပူ လူတွေက ခေါက်တယ် ၊
ဘုရားရိပ် တရားရိပ်မှာ ဆုတောင်း ပုတီးစိပ်သူတွေ များရင်
စစ်စနစ်အပူမီးက ခေတ် ငယ်ထိပ်ကို ရောက်နေပြီ မှတ်လိုက် ။

 အမြဲနွေးထွေးတဲ့ အမိရင်ခွင်က ထွေးပိုက် သလို
ဧရာဝတီ အနောက်နိုင်ငံ ရေခဲမြစ်တွေလို ရင်ဆို့အောင် သွေးမအေးဘူး။
လိုရာခရီး မရောက်ခင် လမ်းတ၀က်က လှည့်ပြန်ရိုး ထုံးစံမရှိတဲ့ မြစ် ၊ ယုံကြည်ချက်များ မြစ်တစ်စင်းလို နောက်ပြန်မစီးဆင်းဖို့လိုတယ် ၊
တရားမ၀င် ၀င်လာနေတဲ့ ဒုက္ခတွေနဲ့ ဧရာဝတီ ၊
ဟက်ဟက်ပက်ပက် မရီမောနိုင်တာကြာပြီ ၊
ရတက်မအေးနိုင်တဲ့ အဖြစ်တွေ ရင်ဝယ်ပိုက်ပြီး ၊
ရှက်သွေးဖြာဖို့ အချိန်မရှိဘူး ၊
 နာဂစ်ကို နက်နက်ရှိုင်းရှိုင်း သိရှိချိန် ၊
ဘ၀က ထက်ခြမ်းခြမ်းပြီး ကွဲကြေနေခဲ့ပြီ ၊
 ဒုက္ခရောက်တာချင်း အတူတူ
ငလျင်ဒဏ်ခံရတဲ့ ဟေတီက ပန်းတိုင်မ၀င်ခင် ရွှေတံဆိပ်ရသွားတယ် ။

 သယံဇာတနဲ့ ဒုက္ခသည်တွေ ၊
မရေတွက်နိုင်အောင် ပေါပေါသီသီ
ရှုံးထွက်နေပုံက ကြေးကြီးကစားသမားတွေနဲ့
 အောင်မြင်မယ်လို့ မျှော်လင့်ထားတဲ့ ဘော်လုံးအသင်း
အုပ်စုပွဲမှာရှုံးပြီး ထွက်လိုက်ရသလို ခံစားရတယ် ။

 ဧရာဝတီရဲ့ လည်ပင်းညှစ်ပြီး ထွက်လာတဲ့ လျှပ်စစ်
တိုင်းတပါး ရောင်းကုန်အဖြစ် နှစ်ရှည် စာချုပ်တွေ ချုပ်ပြီး
အမိမြေ ဘ၀တွေက မိုးချုပ်ညတွေလို
အလည်လွန် မှောင်မိုက် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေ ဖြတ်သန်းသွားတဲ့ ဒေသမှာ
လျှပ်စစ်မီး လုံလုံလောက်လောက် မရှိတာ ကြာပြီ ။

မစိမ်းလန်းတော့တဲ့ တောင်ကတုံးတွေ ကြည့်ပြီး
ဧရာဝတီက နောက်ဆံ အမြဲတင်းနေတယ် ၊
မရှုပ်မရှင်း ကုတ်ကမြင်း ခေတ်ကို မျက်ခြေပြတ်
 မမြင်ရတဲ့ အထဲ သတင်းတွေပိတ်ဆို့ရင်း
 ဆွံ့အ နားမကြားပါဖြစ် ရိုးသားတဲ့ ဧရာဝတီနဲ့ မျက်လုံးချင်းယှဉ်မကြည့်ရဲလို့
အရှုပ်တော်ပုံ နေပြည်တော်ကို အဝေးမှာ တည်ထားကြတယ် ။

 တရေးနိုးရင် အတွေးဆိုးတွေနဲ့ နပမ်းလုံး
ရာဇ၀င်ဆိုးက ရာဝင်အိုးလောက် အရက်တွေ သောက်ပြီး အမြဲမူးယမ်းတယ် ၊

လူမိုက်ကံကောင်းတဲ့ရက်တွေ အမြန်ကုန်ဆုံးပြီး
ဧရာဝတီရဲ့ အပြုံးပန်းပွင့်မဲ့နေ့ မကြာခင်ရောက်ချင်ပြီ ၊
 သွေးချောင်းစီးဆဲ အငိုမျက်လုံးနဲ့ အဖြစ်သနစ်တွေ မြင်ပြီးကာမှ
 ငြိမ်းချမ်းရေးတိုက်ပွဲကို သိုလှောင်ပြုံးပြ ချစ်တတ်လာတဲ့ မြစ်ဧရာ ။

+အောင်ခိုင်မြင့်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)