ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, April 11, 2014

====အက်သလက်တီကိုတို့  နှစ်ပေါင်း ၄၀ ကြာမှပထမဆုံးဆီမီးတက်လှမ်းခွင့်ရရှိ===

> (တကျော့ပြန်သမိုင်းသစ်ရေးထိုးပြီးပျော်ရွှင်နေကြတဲ့အက်သလက်တီကိုအသင်းသားတွေ)
ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပွဲစဉ် များ ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် ပြည် တွင်းပြိုင်ဘက်နှစ်သင်း ထိပ်တိုက်ဆုံ တွေ့ခဲ့သည့် အက်သလက်တီကို မက်ဒရစ်အသင်းနှင့် ဘာစီလိုနာ အသင်းတို့ပွဲစဉ်တွင် ပထမအကျော့၌ တစ်ဖက်တစ်ဂိုးစီ သရေပွဲဖြစ်ခဲ့သော် လည်း ဒုတိယအကျော့တွင် အက်သလက်တီကိုမက်ဒရစ်အသင်း က တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်း ကြောင့် နှစ်ကျော့ပေါင်းရလဒ် နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိကာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းလာနိုင်ခဲ့သည်။

အက်သလက်တီကို မက်ဒရစ် အသင်းသည် ယခုနှစ်ဘောလုံးရာသီ တွင် ဒေးဗစ်ဗီလာနှင့် ဒီယေဂိုကော် စတာတို့၏ တိုက်စစ်အတွဲကို အားပြု ကာ စပိန်လာလီဂါအမှတ်ပေးဇယား တွင်လည်း ရမှတ် ၇၉ မှတ်ဖြင့် ထိပ် ဆုံးမှ ဦးဆောင်ထားနိုင်ခဲ့သည့်အသင်း ဖြစ်ပြီး ယခုနှစ်တွင် ပြည်တွင်း ပြိုင်ဘက် ဘာစီလိုနာအသင်းကို အနိုင်ရရှိကာ ချန်ပီယံလိဂ်ဆီမီးဖိုင် နယ်အဆင့်သို့ တက်လှမ်းလာနိုင်ခဲ့ခြင်း သည်လည်း နှစ်ပေါင်း ၄၀ ကြာ တက်လှမ်းခွင့်မရရှိခဲ့သည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်သို့ ပထမဆုံး အကြိမ် တက်လှမ်းလာနိုင်ခဲ့သည်။

လက်ရှိစပိန်လာလီဂါ ချန်ပီယံ ဘာစီလိုနာအသင်းမှာမူ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်သို့ ဆက်တိုက်ဆိုသလို တက်လှမ်းနိုင်ခဲ့သော်လည်း ယခုနှစ် တွင်မူ အက်သလက်တီကိုမက်ဒရစ် အသင်းအား ရှုံးနိမ့်ခဲ့ခြင်းကြောင့် ၂၀၀၇ ခုနှစ်နောက်ပိုင်း ဆီမီးဖိုင်နယ် အဆင့်သို့ တက်လှမ်းခွင့်ပထမဆုံး အကြိမ် ဆုံးရှုံးလိုက်ရပြီဖြစ်သည်။ အက်သလက်တီကို မက်ဒရစ် အသင်းနှင့် ဘာစီလိုနာအသင်းတို့၏ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယ အကျော့တွင် ဘာစီလိုနာသည် အင်နီယေစတာ၊ နေမာ၊ မက်ဆီ၊ ဇာဗီ၊ ဖာဘရီဂတ်စ်၊ မာရှေယာနို စသည့် ကစားသမားများဖြင့် လူစုံ ထုတ်ပွဲထွက်လာခဲ့ပြီး အက်သလက်တီ ကို မက်ဒရစ်အသင်းသည်လည်း ဒေးဗစ်ဗီလာ၊ ဂါစီယာ၊ အက်ဒရီယန်၊ ဒီယေဂိုကော်စတာ၊ ကိုကီ စသည့် ကစားသမားများကို ပွဲထွက်ကစား စေခဲ့သည်။ ယင်းပွဲစဉ်တွင် ပွဲကစား ချိန် ၅ မိနစ်တွင် အက်သလက်တီကို မက်ဒရစ် ကွင်းလယ်ကစားသမား ကိုကီသွင်းယူပေးခဲ့သည့် တစ်ဂိုးတည်း ဖြင့် အက်သလက်တီကို မက်ဒရစ် အသင်းက ဘာစီလိုနာအသင်းကို အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

(မက်ဆီလည်း အက်သလက်တီကိုကိုလိုသလိုလှုပ်ကစားလို့ မရခဲ့ ဘူး)

ယင်းပွဲစဉ်တွင် ဘာစီလိုနာသည် လူစုံပွဲထုတ်ခဲ့သော်လည်း မက်ဆီနှင့် နေမာတို့သည် အကောင်းဆုံးစွမ်း ဆောင်နိုင်ခဲ့ခြင်းမရှိခဲ့ဘဲ မက်ဆီသည် ဘာစီလိုနာအတွက် အနိုင်ဂိုးများသွင်း ယူပေးနိုင်ခဲ့သော်လည်း အက်သလက် တီကိုမက်ဒရစ်အသင်းနှင့် ဘာစီလိုနာ အသင်းတို့ ကစားခဲ့ရသည့် နောက်ဆုံး ခြောက်ပွဲတွင် တစ်ဂိုးမျှ သွင်းယူထား နိုင်ခဲ့ခြင်းမရှိခဲ့ပေ။  

(ဘိုင်ယန်ကအနီ၊မန်ယူကအဖြူ)
အခြားချန်ပီယံလိဂ် ကွာတားဖိုင် နယ်ပွဲစဉ်ဖြစ်သည့် ဘိုင်ယန်မြူးနစ် အသင်းနှင့် မန်ယူအသင်းတို့ ပွဲစဉ်၏ ပထမပိုင်းတွင် အကြိတ် အနယ်ကစားကာ သရေရလဒ် ထွက်ပေါ်ခဲ့သော်လည်း ဒုတိယပိုင်း တွင် ဘိုင်ယန်မြူးနစ်အသင်းသည် မန်ဇူကစ်၊ သောမက်မူလာ၊ ရော်ဘင် တို့၏ သွင်းဂိုးများဖြင့် မန်ယူအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် လေးဂိုး-နှစ်ဂိုး ဖြင့် အနိုင်ရရှိကာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းလာ နိုင်ခဲ့သည်။ ယင်းပွဲစဉ်တွင် မန်ယူ အသင်းအတွက် ချေပဂိုးကို အီဗရာက သွင်းယူပေးခဲ့သည်။ 

(အနီုတွေပဲအောင်ပွဲခံတာဖြစ်ပေမယ့်သရဲနီ(မန်ယူ)မဟုတ်တဲ့ဘိုင်ယန်အနီတပ်ဖွဲ့ ကရော်ဘင် နဲ့ အဖွဲ့ )
+ငွေကြယ်+

(တကျော့ပြန်သမိုင်းသစ်ရေးထိုးပြီးပျော်ရွှင်နေကြတဲ့အက်သလက်တီကိုအသင်းသားတွေ)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)