ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, April 20, 2014

==ပြောနေတာက ဒီမိုကရေစီ ၊လုပ်ရပ်တွေက နာဇီ ၊ ဖောက်ပြန်နေတာက အာဏာပိုင်နှင့် ခရိုနီ==

> ( သို့ မဟုတ် )
==မီးစတစ်ဖက် ၊ရေမှုတ်တစ်ဖက် အစိုးရနှင့် အဆုံးမသတ်နိုင်သေးသော အပစ်အခတ်ကြားမှာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဘာလဲ ဘယ်လဲ==

(၂၀ ဧပြီ ၂၀၁၄) ...

 မြန်မာပြည်၏ လက်ရှိနိုင်ငံရေး အသွင်ကူးပြောင်းရေးအခြေအနေကို နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ကြည့်လျှင်နိုင်ငံရေး ၊ စီးပွားရေး ၊ ပညာရေး ၊ကျန်းမာရေး အစစအရာရာတွင် အောက်ဆုံး အဆင့်၌ ရောက်နေသော်လည်း ခြစားမှုအရာတွင် ထိပ်ဆုံးတွင် ရှိနေသေးသည်အား စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ တွေ့ မြင်ရပေသည် ။ ယနေ့ မြန်မာပြည်သည် စစ်ယူနီဖောင်းဝတ်ဖြင့် တစ်မျိုး ၊ တိုက်ပုံဝတ်ခေါင်းပေါင်းဖြင့် တစ်ဖုံ တစ်ပါတီစစ်အာဏာရှင်တို့ ၏ လုပ်နည်း လုပ်ဟန် လမ်းစဉ် ကျင့်စဉ်နီးပါးမျှ ဖောက်ပြန် ခြစားမှုများအား ရဲရဲဝံ့ဝံ့ လုပ်ဆောင်လျက် ရှိပေသည် ။ အတွေးအခေါ်ဟောင်းများရှိနေစဲ အစိုးရအာဏာပိုင်တို့ ၏ ဗြောင်တစ်မျိုး နောက်ကွယ်မှ တစ်မျိုး မရိုးရလေအောင် အာဏာရှင်ဆန်ဆန် အကျင့်ပျက်ခြစားမှုများ အောက် လူထုသည် မွဲတေလျက် တိုင်းပြည်သည် ဆင်းရဲတွင်းနက်ထဲ၌ ပြားပြားမှောက်ဖြစ်နေရပေသည် ။ တိုင်းပြည်၏ သယံဇာတသည် ကုန်သလောက်ရှိပြီ ဖြစ်သော်လည်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများကြား သံသယကတော့ မကုန်မခမ်းနိုင်အောင်ရှိနေဆဲပင်ဖြစ်သည် ။ မြန်မာပြည်၏ မြေပေါ်မြေအောက်ရှိ ပေါကြွယ်ဝသော သယံဇာတများကို နည်းမျိုးစုံဖြင့် ထုတ်ရောင်းကာ စစ်အသုံးစားရိတ်အဖြစ် အသုံးချနေကာ တိုင်းရင်းသားဒေသများအားထိုးစစ်ဆင်နေခြင်းများ ၊ကိုယ်ကျိုးအတွက် ဖောက်ပြန်ခြစားမှုများသည် တိုင်းပြည်နှင့်လူထု ဆင်းရဲတွင်းနက်ရခြင်း အကြောင်းအရင်း၏ အဓိက တရားခံဖြစ်နေမှုအား ခေတ်အဆက်ဆက်အစိုးရများမှ လစ်လျူရှုခဲ့ကြသည် ။ နိုင်ငံတကာတွင်မှု မည်သည့်ပါတီ ဖြစ်စေ ၊ မည်သည့် လွှတ်တော်အမတ်ပင်ဖြစ်စေ လာပ်ပေးလာပ်ယူ အကျင့်ပျက် ဖောက်ပြန်မှုကို ဥပဒေဖြင့်ထိရောက်စွာ အရေးယူ အပြစ်ပေးမှုများရှိသည် ။အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောဆို သုံးသပ်သော တရားဥပဒေ စိုးမိုးရေးသည် မြန်မာပြည်တွင် မလွဲမသွေ အထူးလိုအပ်နေသည်မှာ ထင်ရှားသည် ။ ကနေဒါနိုင်ငံတွင် ၀န်ကြီးချုပ် Stephen Harper ၏ လက်ရှိအာဏာရ ကွန်ဆာဗေးတစ်ပါတီတွင်းမှ အမတ်များဖြစ်သော Pamela Wallin, Mike Duffy and Patrick Brazeau တို့ အား ငွေကြေးအလွဲသုံးစား ဖောက်ပြန်ခြစားမှုအတွက် လက်ရှိအမတ်နေရာမှတာဝန်ရပ်စဲ ခဲ့ပေသည် ။ထို့ ပြင် ၄င်းကိစ္စဖြင့် စဉ်လျဉ်းလျက် Chief of Staff. သည်လည်း တာဝန်မှအနားယူခဲ့ပေသည် ။ အာဏာရပါတီ၏ အမတ်များ၏ လူထု မှ ပေးဆောင်သော အခွန်ငွေများဖြစ်သော တိုင်းပြည်၏ငွေကြေး ဘဏ္ဍာအား အလွဲသုံးစားလုပ်မှုများကို ပါလီမန်လွှတ်တော်တွင်း ဆွေးနွေးပွဲများ၌ အတိုက်အခံပါတီများမှ ပြင်းပြင်းထန်ထန် ရှုတ်ချမှုများရှိခဲ့ပေသည် ။ ထိုကဲ့သို့ ပွင့်လင်းမြင်သာမှုရှိသော ကနေဒါ အစိုးရကိုသာ ကနေဒါ ပြည်သူလူထုမှလိုလား ထောက်ခံနေပေသည် ။ မြန်မာပြည် လွှတ်တော်တွင်း၌ လာပ်ပေးလာပ်ယူမှုနှင့်သက်ဆိုင်သော ကော်မီတီ ဖွဲ စည်း ထားစေကာမူ အကျင့်ပျက် ဖောက်ပြန်ခြစားမှုကို ထောက်ပြဝေဖန် ဆွေးနွေးမှု များနည်းပါးသည့် အပြင် အရေးယူ အပြစ်ပေးမှုများ မရှိသလောက်ရှားကာ ပွင့်လင်းမြင်သာမှုမရှိခြင်းသည် လူထုမှ လက်ရှိအစိုးရအပေါ် အထိုက်အလျောက် မယုံကြည်ရသော အစိုးရ ဖြစ်ရခြင်း၏ အစိတ်အပိုင်းတစ်ခု ဆိုလျှင် မှားမည် မထင်ပါ ။

ယူကရိန်း၏၂၀၁၀ခုနှစ် မှသည် ဖေဖော်ဝါရီလ ၂၀၁၄ ခုနှစ် အထိ သမ္မတတာဝန်ယူခဲ့သည့် အသက် ( ၆၃ )နှစ်ရှိပြီဖြစ်သော ( Viktor Yanukovych )၏ တစ်နှစ်တာဝင်ငွေသည် အမေရိကန် ဒေါ်လာ ၂၅၀၀၀ အောက်ရသော်လည်း နန်းတော်တမျှ ခမ်းနားသော အမေရိကန်ဒေါ်လာ ၇၅သန်းအကုန်အကျခံဆောက်လုပ်ထားသော သူ၏အိမ်သည် ဖောက်ပြန်ခြစားမှုကို အတိအလင်းဖော်ပြနေပေသည် ။ ယူကရိန်းသမ္မတဟောင်း Viktor Yanukovych သည် ယူကရိန်း တိုင်းပြည်အား ကြွေးမြီ ၁၉ ဘီလျံနှင့်ပစ်ထားခဲ့ကာ တိုင်းပြည်မှ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပေရာ နိုင်ငံသည် ခွဲထွက်ရေး အပါအ၀င် နိုင်ငံရေး ၊ စီးပွားရေး ပြဿနာပေါင်း သောင်းခြောက်ထောင် အား လက်ငင်း ရင်ဆိုင်ကြုံတွေ့ နေရပေသည် ။ မြန်မာပြည်၏ လက်ရှိအခြေအနေသည် ယူကရိန်းသမ္မဟောင်း၏ ဖောက်ပြန်မှုကို ခံခဲ့ရသော ယူကရိန်းနိုင်င်္ငနီးပါးမျှ တိုင်းပြည်သည် ကြွေးမြီထူပြောကာ လူထုသည် ဆင်းရဲမွဲတေဆဲဖြစ်ပေသည် ။အနာဂတ်ကို မျှော်ကြည့်လျှင် ယူကရိန်းမှခွဲထွက်ကာ ရုရှားနှင့်ပူးပေါင်းလိုသော Crimea.ကဲ့သို့ တရုတ်သြဇာ လွှမ်းမိုးသော ၀ဒေသသည် ခွဲထွက်ရေးများဖြစ်လာနိုင်ဖွယ်ရှိသည်ကို နိုင်ငံရေးအသိုင်းအ၀ိုင်းများမှ စိုးရိမ်ပူပန်မှုများရှိကြောင်း သတင်းထွက်ပေါ်ခဲ့ပေသည် ။ သို့ ဖြစ်၍ မြန်မာပြည် အနာဂတ်ရေးသည် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့်အတူ အစိုးရ၏ အတွေးအခေါ်ဟောင်းများ ပြင်ဆင်ရေးကို တပြိုင်တည်း ပြုလုပ်ရန်လို အပ်နေပေသည်။

ဆိုလိုသည်မှာ ယခင်အစိုးရအဆက်ဆက်၏ နည်းဗျူဟာအတိုင်း လက်နက်ဖြင့် ဗိုလ်ကျ အုပ်ချုပ်မှုအစား တရားမျှတမှု ၊ လွတ်လပ်မှု ၊ငြိမ်းချမ်းမှု စသောဒီမိုကရေစီ နှင့် လူ့ အခွင့်အရေးစံချိန်စံညွှန်းများဖြင့် ပြည်နယ် ပြည်မ မခွဲခြားပဲ တန်းတူညီမျှမှု အခွင့်အရေးများဖြင့် သာတူညီမျှ အုပ်ချုပ်ရန် ခေတ်က တောင်းဆိုနေပေသည် ။ တိုင်းပြည်၏ စစ်မီးတောက်အောက်တွင် ယုံကြည်မှုများကျပျောက်ကာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးမပြိုကွဲရေးဟု ကြွေးကြော်နေသူများ ကိုယ်တိုင် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို စစ်ပွဲများဖြင့် ဖြိုခွဲခဲ့ပေသည် ။ ငြိမ်းချမ်းစွာ တွေ့ ဆုံဆွေးနွေး အဖြေရှာရေးအား အကြိမ်ကြိမ် ငြင်းဆိုမှုများနှင့် အကြမ်းဖက် နိုင်ငံရေးမုန်တိုင်းအောက် အတိုက်အခံများ နည်းမျိုးစုံဖြင့် ချေမှုန်းခံခဲ့ရပေသည် ။ သို့ ဖြစ်ပါ၍ မြန်မာအစိုးရသည် တစ်ဖက်တွင် အပစ်အခတ်ရပ်စဲရေးကို လုပ်ဆောင်နေပြီး အခြားတစ်ဖက်၌ ကချင်ဒေသတွင် သေနတ်သံများမစဲပဲ စစ်ပွဲများပြန်လည်ဖြစ်ပွားနေခြင်း ၊ စစ်ပြေးဒုက္ခသည်များဆက်လက်ရှိနေခြင်းသည် တိုင်းပြည်ကို အရုပ်ဆိုးအကျည်းတန်ဖြစ်နေပေသည်။ မြန်မာပြည်သည် ကမ္ဘာ့အလယ်တွင် မျက်နှာပန်းလှနေပါသည်ဟု မြန်မာအစိုးရမှ မည်သို့ ပင် ပြောဆိုစေကာမူ ပြင်သစ်ပြည်သို့ ရောက်ရှိစဉ် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသကဲ့သို့  မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အကူးအပြောင်းသည် ခက်ခဲသော အဆင့်တွင်ရောက်နေပေရာ မြန်မာပြည်၏ ယနေ့ နိုင်ငံရေးအပြောင်းအလဲကို ကမ္ဘာမှ သတိထားစောင့်ကြည့်နေသည်မှာ သဘာဝကျပါသည် ။ ကမ္ဘာပေါ်ရှိ နိုင်ငံရေးသမိုင်း ဖြစ်စဉ်များကို သေချာစွာ စဉ်းစားဆင်ခြင် သုံးသပ်လျှင် ဖိနှိပ်ခံလူထုမှာ အာဏာရှင်များအောက်မှ လွတ်မြောက်ရန် နည်းလမ်းမျိုးစုံဖြင့်တွန်းလှန်တိုက်ပွဲဝင်ပြီး နောက်ဆုံး၌ အာဏာရှင် များ ကျဆုံးခဲ့သည်ကို ထင်ထင်ရှားရှား တွေ့ မြင်ရမည်မှာ မလွဲမသွေဖြစ်ပါသည် ။ ဂျာမဏီမှ နာဇီ ဟစ်တလာမှသည် နောက်ဆုံး လစ်ဗျားမှ ကဒါဖီအထိ မည်သည့် အာဏာရှင်မှ အာဏာမတည်မြဲခဲ့သည်ကို သံဝေဂယူဖွယ် သမိုင်းသင်ခန်းစာယူကြရပေမည် ။ မြန်မာပြည်၏ အတိုက်အခံခေါင်းဆောင်များသည် တိုင်းပြည်နှင့်လူမျိုး အကျိုးစီးပွားကိုရှေ့ ရှုပြီး ထိပ်တိုက်ရင်ဆိုင်ရေးအစား တွေ့ ဆုံဆွေးနွေးအဖြေရှာရေးကို ရွေးချယ်ခဲ့ပေသည် ။မြန်မာပြည်၏ အတိုက်အခံခေါင်းဆောင်များသည် နောင်လာနောက်သား အနာဂတ် မျိုးဆက်သစ်များအား ၄င်းတို့ ဖြတ်သန်းသကဲ့သို့ တန်ဖိုးရှိလှသော လူ့ ဘ၀၏ အချိန်များအား သံတိုင်များနောက်ကွယ် တောတောင်များကြား မကုန်ဆုံးစေချင်သည်မှာ အထင်အရှားဖြစ်လျက် ငြိမ်းချမ်းစွာ အဖြေရှာရေးအား ဦးစားပေးခဲ့ပေသည်။

သို့ သော် အတွေးအခေါ်ဟောင်းများကို တစိုက်မတ်မတ် ဆုပ်ကိုင်ထားသည့် မြန်မာအာဏာရှင်တို့ သည် ဆန့် ကျင်ဖက်များ အသံတိတ်နေသည်ကို စစ်မှန်သော ငြိမ်းချမ်းရေးဟု အထင်ရောက်ကာ လူထုကို ဆက်လက် ဖိနှိပ်နေပေသည် ။မြန်မာပြည်တွင် လက်ရှိ ဖြစ်ပေါ်နေသော လယ်မြေသိမ်းခံ လယ်သမားများအရေး ၊ ခေါင်းပုံ ဖြတ်ခံ အလုပ်သမားများ အရေး ၊ အစမ်းသပ်ခံ ပညာရေးနှင့် ကျောင်းသားသမဂဖွဲ့ ခွင့်မရသော ကျောင်းသားများအရေး တွင် အစိုးရအနေဖြင့် စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်သည့် ဥပဒေများ အားနည်းနေသည်ကို တွေ့ မြင်ရပေမည် ။ နာဇီစစ်တပ်လို အကြမ်းဖက်မှုကို ကျင့်သုံးခဲ့မှုများကြောင့် သမီးလေးကျေးရွာလို ဖြိုဖျက်ခံရသော နယ်စပ်ဒေသရှိ တိုင်းရင်းသားကျေးရွာများ ဘယ်လောက်များခဲ့သည်ကို စာရင်းပြုစုလျှင် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေစာအုပ်ထက်ပင် စာမျက်နှာ များနိုင်ကောင်းများနိုင်ပါသည် ။ ဒီမိုကရေစီသည် ဆန့် ကျင်ဖက်များ၏ အတွေးအခေါ်များကို ရှင်သန်ခွင့် ပေးလျက် လေးစားလိုက်နာပြီး ကာကွယ်စောင့်ရှောက်ရပေမည် ။မြန်မာပြည်တွင် ဘာသာရေး ပဋိပက္ခများ ၊ လူမျိုးရေး အဓိကရုဏ်းများဖန်တီးကာ ဒီမိုကရေစီလမ်းစဉ်ကို သွားနေခြင်းသည် လူရီစရာကောင်းသော ကမ္ဘာကျော် ပြက်လုံးဖြစ်နေပေသည် ။
ဆိုလိုသည်မှာ ဒီမိုကရေစီကို ကျင့်သုံးနေသော ကနေဒါ ၊အမေရိကန် ၊ ဗြိတိန်နိုင်ငံတို့ တွင် အစ္စလာမ်ဘာသာဝင်တစ်ချို့ ၏ အကြမ်းဖက်တိုက်ခိုက်မှုကို တရားဥပဒေဘောင်အတွင်းမှ တရားဝင် တုန့် ပြန်သည့် နည်းလမ်းများကို ရွေးချယ်ကျင့်သုံးခဲ့ပေသည် ။ ဆိုလိုသည်မှာ ၄င်းတိုင်းပြည်တို့ တွင် အစိုးရသည် ဘာသာရေး ပဋိပက္ခများ ၊ လူမျိုးရေး အဓိကရုဏ်းများဖန်တီးကာ အကြမ်းဖက်လမ်းကြောင်းကို မကျင့်သုံးခဲ့ပေ ။ အစိုးရ ၊အတိုက်အခံနှင့် တိုင်းရင်းသားခေါင်းဆောင်များသည် ငြိမ်းချမ်းရေး နည်းလမ်းများအား တွေ့ ဆုံဆွေးနွေး အဖြေရှာလိုမှုသည် အရေးကြီးသလို လက်တွေ့ ကျသော နိုင်ငံရေးနည်းလမ်းများအား အခြေခံစဉ်းစားတွေးခေါ် ရှုမြင်သုံးသပ်မှုသည်လည်း စိန်ခေါ်မှုများကြားမှ မဖြစ်မနေလုပ်ဆောင်ရမည်သာ ဖြစ်ပေသည် ။ တိုင်းပြည်၏ အစိုးရ ခေါင်းဆောင်ဆာင်များသည် ဂတိ က၀တ်များကို လွယ်လွယ်ပေးပြီး ၄င်းဂတိများကို လွယ်လွယ်ဖျက်တတ်ကြသည်ကို ၀မ်းနည်းစွာတွေ့ မြင်ခဲ့ရပေသည် ။စစ်တမ်းလျားပြန်မည်ဟု ဂတိပေးခဲ့ပြီး ရူးချင်ယောင်ဆောင်သွားသော ခေါင်းဆောင်များသည် မြန်မာ့သမိုင်းစာမျက်နှာတွင် အထင်အရှားရှိခဲ့ပေသည် ။ အင်္ဂလိပ်အစိုးရသည် ဟောင်ကောင်ကို တရုတ်လက်ထဲ ပြန်အပ်မည်ဟု ဂတိစကားအတိုင်းလုပ်ဆောင်ခဲ့သလို အမေရိကန် သမ္မတ အိုဘားမားသည် ရွေးကောက်ပွဲ ဂတိအတိုင်း အမေရိကန်စစ်တပ်ကို အီရတ်မှရုတ်သိမ်းခဲ့ပေသည် ။ 

လက်ရှိမြန်မာ့နိုင်ငံရေး အပြောင်းအလဲများကို ဓမ္မဓိဌာန်ကျကျ သုံးသပ်အဖြေရှာ ကြည့်လျှင် ကောင်းကျိုး များနှင့်အတူ မဖိတ်ခေါ်ပဲရောက်လာတတ်သော ဆိုးကျိုးများအား အတူတကွ ဒွန်တွဲတွေ့ မြင်ရပေမည် ။ ကောင်းကျိုးဆိုရာ၌ လူတစ်ဦးထဲ၏ အကျိုးစီးပွားကို မဆိုလိုပဲ တိုင်းပြည်နှင့်ပြည်သူ လူထု တစ်ရပ်လုံး၏ အမျိုးသားရေး အကျိုးစီပွား ဖြစ်ထွန်းမှုကို ညွှန်းဆိုပါသည် ။ လက်ရှိအစိုးရအနေဖြင့် နိုင်ငံတကာမှ စီးပွားရေးအရ အရေးယူ ပိတ်ဆို့ မှုများ အကန့် အသတ်တစ်ခုထိ ရပ်တန့် ပေးခဲ့ပြီးဖြစ်ရာ အာဏာပိုင်များသည် ခရိုနီများနှင့်လည်ပင်းဖက်ကာ လယ်သိမ်း မြေသိမ်းလျက် လုပ်ချင်တာ လုပ်ကိုင်ခွင့်ရသလို ဖြစ်နေပေသည် ။နိုင်ငံတကာတွင်မူ ခရိုနီများအား အခွန်အကောက် ကောက်ခံမှုများကို စနစ်တကျလုပ်ဆောင်ယုံမက ခရိုနီများအနေဖြင့် ပညာရေး ၊လူမှုရေးလုပ်ကိုင်မှုများအပေါ် အခွန်ကင်းလွတ်ခွင့်များလည်း စနစ်တကျလုပ်ဆောင်ပေးလျက်ရှိပေသည် ။ ၂၀၀၈ခုနှစ် စစ်တမ်းအရ အမေရိကန်ဒေါ်လာ၆၂ ဘီလျံပိုင်ဆိုင်မှုဖြင့် ကမ္ဘာ့အချမ်းသာဆုံးဖြစ်သော Microsoft တည်ထောင်သူ Bill Gate ၏ Bill & Melinda Gates Foundation သည် ၂၀၀၀ခုနှစ်တွင် မတည်ငွေ အမေရိကန် ဒေါ်လာ သန်း ၁၂၅ သန်းရှိသော်လည်း ၄င်းနှစ်မှာပင် ၂ ဘီလျံဒေါ်လာထိ တိုးပွားကာ ကမ္ဘာအနှံ့အပြား ၌ ပညာရေး ၊ ကျန်းမာရေး ၊လူမှုရေး လုပ်ငန်းများ လုပ်ကိုင်လျက် ရှိခဲ့ပေသည် ။ Bill & Melinda Gates Foundation သည် ၂၀၁၂ ခုနှစ်တွင် AIDS ရောဂါ၊တီဘီ ရောဂါ နှင့် ငှက်ဖျား ရောဂါ တိုက်ဖျက်ရေးအတွက် ၁.၃ ဘီလျံလှူဒါန်းခဲ့ပေသည် ။ ယခုလို တင်ပြဆွေးနွေးရသည်မှာ ပွင့်လင်းမြင်သာမှုရှိသော တိုင်းပြည်များတွင် ချမ်းသာသော လူများကို အစိုးရကိုယ်တိုင် အခွန်အကောက်ဆိုင်ရာဥပေးများ ပြဌာန်းလျက် ပညာရေး ၊လူမှုရေး ၊ကျန်းမာရေးလုပ်ငန်းများ၌ စနစ်တကျလုပ်ဆောင်စေလျက် အောင်မြင်မှုများရနေပေသည် ။ မြန်မာပြည်တွင်မူ အစိုးရနှင့် နီးစပ်သော သူများသာ စီးပွားရေးလုပ်ကိုင်ခွင့်များ ရလျက် လက်ဝါးကြီးအုပ်လုပ်ကိုင်နေပြီး တိုင်းပြည်ကို အခွန်ရှောင်မူများရှိပြီး လာပ်ပေးလာပ်ယူမှုဖြင့် အာဏာပိုင်များအိတ်ကပ်ဖောင်းအောင်သာလုပ်ဆောင်နေမှုများ ရှိနေပေသည် ။

အတ္တအကျိုးစီးပွားကို ရှေ့ ရှုလျက် ဖောက်ပြန်သော စိတ်ဓာတ်ဖြင့် တိုင်းပြည်ကို မတည်ဆောက်နိုင်ပါ ။ ၂၀၁၄ ဖေဖော်ဝါရီမှာ ဆောင်းရာသီအိုလံပစ်ကို အောင်မြင်စွာ လုပ်ဆောင်ခဲ့သော ရုရှားကို ကမ္ဘာကထောက်ခံပေမဲ့ နိုင်ငံတကာမှ လေးစားလိုက်နာရမည့် ဥပဒေကို ဖောက်ဖျက်သည့် ရုရှား၏လုပ်ရပ် ဖြစ်သော ယူကရိန်းနိုင်ငံ ခရိုမီးယားအရေးကို ကမ္ဘာက ပြင်းပြင်းထန်ထန် ရှုတ်ချ ဒဏ်ခတ်မှုများရှိနေပေသည် ။ ၂၀၀၈ စစ်ဖွဲ့ စည်းပုံကို ဆုပ်ကိုင်လျက် ၂၀၁၀ ရွေးကောက်ပွဲ၌ အတိုက်အခံမရှိ တက်လာသော အစိုးရသည် ၂၀၁၃ မှာ ဆီးဂိမ်းလည်း အောင်မြင်အောင်ကျင်းပပြီးပြီ ဖြစ်သော်လည်း ၂၀၁၄ မှာ အာဆီယံ ဥက္ကဌလုပ်ဆောင်နေစဉ် အတွင်း နိုင်ငံတကာ အမြင်ကောင်းအောင် အချိန်ဆွဲ နည်းလမ်းဖြင့် ဟန်ပြ အပစ်အခတ်ရပ်စဲကာ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ပေ ။ကမ္ဘာကြီးကို အကြိမ်ကြိမ် လိမ်နိုင်ပြီအထင်နှင့် ၂၀၁၅ရွေးကောက်ပွဲမှာ လုပ်ချင်တာ လုပ်မည် ဟု ယောင်ပြီးတော့များ နည်းဗျူဟာများရေးဆွဲ မထားသင့်ပေ ၊ ပြည်သူလူထုသည် နှစ်ပေါင်းများစွာ စစ်မီးတောက်နေသော မြန်မာပြည်၌ တိုင်းရင်းသားအားလုံး လူ့ အခွင့်အရေးများ ခံစားလျက် လူသားပီသစွာ အေးအတူ ပူအမျှ ငြိမ်းချမ်းစွာအတူတကွ ယှဉ်တွဲနေထိုင်လိုကြပေသည် ။ တိုင်းပြည်၏ မငြိမ်းချမ်းသော ယခုအခါသမယသည် မီးစတစ်ဖက် ၊ရေမှုတ်တစ်ဖက် အစိုးရနှင့် အဆုံးမသတ်နိုင်သေးသော အပစ်အခတ်ကြားမှာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဘာလဲ ဘယ်လဲဟု မလွဲမသွေ မေးခွန်းထုတ်စရာ ဖြစ်နေပါသည် ။ 

 အောင်ခိုင်မြင့် 

 ၂၀ ဧပြီ ၂၀၁၄ 

( ၂၁ ဧပြီလ ၂၀၁၃ ခုနှစ်တွင် ဘ၀တပါးသို ကူ့းပြောင်းသွားသော ဖခင်၏နှစ်ပတ်လည်အမှတ်တရ ) 

+ရည်ညွှန်းကိုးကား + http://en.wikipedia.org/wiki/Bill_%26_Melinda_Gates_Foundation http://sylvainchicoine.ndp.ca/corruption-in-canada-s-senate-the-neverending-story The Global Fund to Fight AIDS, Tuberculosis and Malaria: http://www.foxnews.com/world/2014/02/24/monument-to-corruption-ukraine-most-wanted-man-built-75m-home-on-25g-salary/ http://qz.com/179377/ukraines-19-billion-question-of-debt-and-corruption/ http://sylvainchicoine.ndp.ca/corruption-in-canada-s-senate-the-neverending-storyြ

( သို့ မဟုတ် )

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)