ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, April 8, 2014

==လူထုကျန်းမာရေး(ကျန်းမာရေး နှင့်ညီညွတ်စေတဲ့ ရေချိုးသောနည်းလမ်းများ)==

>
**Public Health** 

 ရေချိုးသောစနစ် ရေချိုးသော အချိန်မှာ နေ့မွှန်းမတည့်မီ နံနက်ပိုင်း အချိန် ဖြစ်၏။ ယေဘုယျအားဖြင့် နေ့လည် ၁၂နာ၇ီ မထိုးမီနေ့အချိန်ဖြစ်၏။ နံနက်ပိုင်းသည် တက်ဥတုအချိန် ဖြစ်ပြီး၊ ညနေပိုင်းသည် သက်ဥတုအချိန် ပိုင်းဖြစ်လေသည်။ ဆောင်းတစ်ဆယ်၊ နွေကိုး၊ မိုးခုနှစ် ရေချိုးစနစ်သည်အကောင်းဆုံး ဖြစ်သည်။အချို့အလုပ်များ၍ကိုယ်ခန္ဓာညစ်ပေနေသူတို့မှာ နေမ၀င်မီ
ေ၇ချိုးသင့်သည်။ နေ၀င်ပြီးသွားပါက ရေမချိုးသင့်တော့ပဲ ခြေလက်ဆေးကြောခြင်း အမှုသာပြုသင့်၏။

*ရေမချိုးသင့်သောအချိန်*

 အစာစားပြီးစ၌ ချက်ချင်း ရေမချိုးသင့်ချေ။ အစာမကြေ ရောဂါ ရရှိတက်၏။ နေပူ၊ မီးပူ၊ အပူ တစ်စုံတစ်ခု ခံစားရပြီး စ၌လည်း ရေမချိုးသင့်ချေ။ လေဖြတ်ရောဂါ၊ သွေးတိုးရောဂါ၊ နား၊ မျက်စိ၊ ခံတွင်းနာရှိသူများ၊ ၀မ်းဖောဝမ်း ရောင်သူများ၊ နှာစေးသူများမှာ ထိုအခိုက်အတန့်တွင် ရေမချိုးဘဲနေသင့်၏။ မီးအပူခံပြီးနောက် ရေချိုးလိုလျှင် ရေအေးကိုဝအောင်သောက် ပြီးနောက် ခဏလောက် နားနားနေနေ၊ နေထိုင်ပြီးမှ ရေချိုးပါ။ မကျန်းမမာ ဖြစ်ပြီးနောက် ပထမဆုံး ရေမချိုးသေးပဲ၊ ကရက်မက်နံသာများ သွေးလိမ်းကြည့်ပါ၊ တစုံတရာ အပြစ်မရှိမှ ရေစချိုးပါ။ ရေချိုးပြီးအခိုး ပြန်ရအောင် ပြုလုပ်ရမည်။ ရေချိုးပြီးပြီးချင်း အ၀က်သန့်သန့်ဖြင့် ရေပေါက်ရေစများ တစ်ကိုယ် လုံးသန့်စင်အောင် သုတ်ပစ်ပါ။ ဖြစ်နိုင်ပါက ကိုယ်ငွေ့ရလာသည်အထိ အ၀တ်သန့်သန့်ဖြင့်ပွတ်တိုက်ပေး ရမည်။ ရေသုတ်ပြီးလျှင် အမြန်ဆုံး အ၀တ်သစ်လဲ၍ လေလုံအောင်နေပါ။ ရေနွေးပူပူ၊ ကော်ဖီပူပူ၊ နွားနို့ပူပူ တစ်ခုခုကို ကိုယ်ငွေ့အားကောင်းလာအောင် သောက်ပေးပါ။ တက်နိုင်လျှင် ကိုယ်ငွေ့ရအောင် (၁၅) မိနစ်ခန့် ခေါင်းမြီးခြုံ၍ လဲလျောင်းနေပါ။

 *ရေစချိုးပုံ*

 ရေချိုးတော့မည်ဆိုလျှင်ချက်ချင်းမချိုးသေးပဲ ခြေထောက်အောက်ပိုင်းကို ရေအရင်လောင်းရမည်။
 ခြေဖျားမှသည် ဒူးခေါင်း၊ ပေါင် စသည်ဖြင့် တရွေ့ရွေ့အထက်သို့ လောင်းပြီးမှ တစ်ကိုယ်လုံး ချိုးရမည်။ ရေချိုးစဉ် ပထမ ကိုယ်စိုရုံ လောင်းပြီးမှ ခေတ္တနားပါ။ အတွင်းအခိုးများထွက်ရန် အချိန်အနည်းငယ်ပေးခြင်းဖြစ်၏။ အထူးသဖြင့် ခေါင်းနှင့်ပက်သက်သော ရောဂါ၇ှိသူများ ခေါင်းလောင်း၍ ရေမချိုးသင့်ချေ။ ရှေးဦးစွာရေမချိုးမီ
 ရေကိုပါးစပ် အတွင်း၌ ငုံထားပါ။ သို့မှသာ ခန္ဓာကို်ယ် အတွင်း၇ှိ အပူအပုပ် များရန်မှ ကာကွယ်ပြီး ဖြစ်မည်။ သွားနှင့်စပ်သော ရောဂါများလည်း ကင်းရှင်းစေ နိုင်သည်။ ရေချိုးသင့်သည်ကိုသိပုံ မိမိ ရေချိုးမည်ဟုပြုစဉ် အောင်ပါလက္ခဏာများ ဖြစ်ပါက ရေမချိုးဘဲနေက အပြစ်ကင်း၏။ ချိုးသော်လည်း ရေတစ်မှုတ် နှစ်မှုတ်ခန့်သာ ရေချိုးသည်ဆိုရုံ ချိုးသင့်သည်။ (သို့) ရေဖက်တိုက်ခြင်း၊ ရေနွေးဖြင့် ချိုးခြင်းပြုအပ်၏။
 (၁) ဗဟိဒ္ဓတွင် အပိတ်အဖွဲ့ များ၍ လွန်စွာအေးသောအခါ
(၂) ရေချိုးမည်ဟု ရေနားသွားလျှင် ချမ်းစိမ့်စိမ့် ဖြစ်ပြီး ကြက်သီးထသောအခါ၊
(၃) ရေချိုးလိုစိတ်မ၇ှိသောအခါ
(၄) အဖျားရှိနေသောအခါ ရေမချိုးဘဲနေက အပြစ်ကင်း၏။

*ချေးတွန်းခြင်း*

ဆီးဖြူသီးဖြင့် ချေးတွန်းခြင်းမှာ သည်းခြေနာ၊ ကြက်မျက်သင့်သော အနာကိုနိုင်၏။ ပဲတဲကော၊ နွားဖြေ၇င်မှုန့်တို့ဖြင့် ချေးတွန်းလျှင် သလိပ်နာနှင့် ညအခါမမြင်၇သော ကြက်မျက်သင့်နာကိုကောင်းစေသည်။ ဇီးဖြူသီးမှုန့်ဖြင့် ချေးတွန်းလျှင် မျက်စိအားကောင်းစေသည်။

+Myawady News+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)