ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, April 27, 2014

==လူထုကျန်းမာရေး(မြွေအန္တရာယ်နှင့် ကျေးလက်တောင်သူဘဝ)==

>
**Public Health** 

 ကျေးလက်ဒေသ လယ်ယာလုပ်ငန်းခွင်နှင့် အထိအတွေ့ဆုံးဖြစ်သော တောင်သူလယ်သမားများမှာ နွေရာသီ ပူပြင်းချိန်၌ အဆိုးဝါးဆုံးအဖြစ် မြွေအန္တရာယ်ကို လက်တွေ့ခံစား နေကြရသည်။ မိုးဦးကျ စိုက်ပျိုးချိန်နှင့် နွေရာသီ ရိတ်သိမ်းချိန် ကာလများ၌ ကျေးလက်နေ တောင်သူများ၏ အသက်ကို ခြိမ်းခြောက်၍ အန္တရာယ်ပြုနေသည်။ မေလ၊ ဇွန်လနှင့် ဇူလိုင်လများတွင် မြွေဆိုး၊ မြွေဟောက်ကိုက်ခံရသော သတင်းများကို ကြားနေရသည်။ မြွေဆိုးများ တွင် မြွေပွေး၊ မြွေဟောက်၊ ငန်းတော်ကျား၊ ဂျတ်မြွေနှင့် မြွေစိမ်းမြီးခြောက်တို့ ကိုက်မှုက ၉ဝ ရာခိုင်နှုန်း အထိ ရောက်ရှိနေ သည်။ ယခုအခါ ကျေးလက်ဒေသတွင် သာမက မြို့ပေါ်ရှိ မြေပြင်တွင်ပါ မြွေဆိုးအန္တရာယ်ကို ရင်ဆိုင်နေကြရသည်။ သီးနှံစိုက် ခင်းများသို့ ဝင်ရောက်လျှင် ချုံပုတ်များ၊ ကောက်လှိုင်းပုံများ၌ ခိုအောင်းနေတတ်သော မြွေအကိုက် ခံရပါ က ရှေးဦးသူနာပြုနည်းကို အသုံးပြု၍ မြွေကိုက်ခံရသော နေရာအထက်၌ မြွေဆိပ်ပျံ့နှံ့သွားခြင်း မဖြစ်ရ အောင် ကြိုးဖြင့် စည်းနှောင်ခြင်း၊ ကြပ်စည်းခြင်း စသည့် ရှေးဦးသူနာပြု လုပ်ငန်းများကို ကြိုတင်ဆောင်ရွက် သင့်ပါ သည်။

 ကျေးလက်ဒေ သနေ ပြည်သူတို့သည် ကောက်ရိတ်သိမ်းချိန်၌ မြွေကိုက်ခံရမှုမှာ ပိုမိုများပြားလျက်ရှိ သည်။ ကောက်လှိုင်းတော၌ ရစ်ခွေနေတတ်သော မြွေအကိုက်ခံရပါက ရှေးဦးသူနာပြုနည်းဖြင့် ကြိုတင်ကုသပြီး မြွေဆိပ်ဖြေဆေး ရနိုင်သောနေရာ၊ ဆေးရုံသို့ရောက်အောင် အလျင်အမြန်ပို့ဆောင် ကြရမည်ဖြစ်သည်။ ဆီလျော်သော မြွေဆိပ်ဖြေဆေးသည် အချိန်မီထိတွေ့မှသာ လူနာ၏အသက်ကို ကယ်တင်နိုင်မည်ဖြစ်သည်။ လူနာ၏ အသက်ကိုကယ်ရန် အကိုက်ခံရသော မြွေအကြောင်းကို သိဖို့လိုသည်။ အကိုက်ခံရသော မြွေ၏အဆိပ် ပမာဏ၊ မြွေ၏စွမ်းဆောင်နိုင်မှု ပမာဏ၊ ဘေးဒုက္ခပေးနိုင်မှု အခြေအနေကိုသိမှ မြွေဆိပ်ဖြေဆေးထိုးရန် လွယ်ကူ မည်ဖြစ်သည်။ ဖြစ်နိုင်လျှင် ကိုက်သောမြွေကိုရအောင် ယူသင့်သည်။ မြွေဆိပ်ဖြေဆေးကို ယခင်က မြင်းမှ ထုတ်လုပ်ပြီး ယခုအခါ ကြက်ဥမှ မြွေဆိပ် ဖြေဆေးထုတ်ရန် ကြိုးစားနေသည်။ မြန်မာပြည်သုံး BPT မြွေဆိပ် ဖြေဆေးက တစ်လုံးလျှင် ငွေကျပ် ရှစ်သောင်း၊ ကိုးသောင်းကုန်ကျသည်။ အိန္ဒိယမှ မြွေဆိပ်ဖြေဆေးက တစ်လုံး လျှင် ငွေကျပ် နှစ်သောင်းပတ်ဝန်းကျင် ကုန်ကျပြီး တစ်ကြိမ်အကိုက်ခံရပါက ဆေးလေးငါးလုံးအထိ ထိုးရသည်။ မြွေဆိုးများတွင် မြွေပွေးသည် ကျောအလယ် တည့်တည့်၌ ပွေးကွက်သဏ္ဌာန် အကွက်ကြီးများ အတန်းလိုက်ရှိပြီး ဘေးတစ်ဖက်စီ၌ အကွက်လေးများ တန်းလျက်ရှိသည်။ အကိုက်ခံရသော လူ၏ခန္ဓာကိုယ်ထဲမှ သွေးများယိုစီးပြီး ဆီးလုံးဝမသွားဘဲ အသက်သေဆုံးနိုင်ကြောင်း သိရသည်။ အကိုက်ခံရသော မြွေအမျိုးအစားကို သိလျှင် ဆီလျော်သော မြွေဆိပ်ဖြေဆေးကို ထိုးမှသာ ဆေးကုသခံယူမှု လွယ်ကူနိုင်သည်ကို ကျေးလက်နေပြည်သူများ အထူး သတိထားသင့်ပါသည်။

 မြွေအန္တရာယ် အာမခံထားရှိလိုသူသည် မြန်မာ့အာမခံလုပ်ငန်းနှင့် ဆက်သွယ်၍ ဆောင်ရွက်နိုင်သည့်အပြင် မြွေ အန္တရာယ် အာမခံထားရှိရန်အတွက် အသက်ကန့်သတ်ချက်မရှိပါ။ မြွေအန္တရာယ် အာမခံထားရှိရန် မြန်မာ့အာမခံ လုပ်ငန်းက ဆောင်ရွက်ပေးနေသည်ကို ကျေးလက်နေတောင်သူများ မသိကြပါ။ အကျိုးကိုမူ သိသူနည်းပါးနေသေး သည်။ အများပြည်သူ အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရန် အာမခံလုပ်ငန်းမှ အာမခံလုပ်ငန်း အသစ်များ တီထွင်တိုးချဲ့ လက်ခံဆောင်ရွက်လျက်ရှိရာ မြွေအန္တရာယ် ကြုံတွေ့နေရသော ကျေးလက်နေပြည်သူ၊ တောင်သူ လယ်သမားများအတွက် အာမခံလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။ နိုင်ငံတော် ၏ ဘဏ္ဍာငွေ တိုးတက်ရရှိရေးနှင့် အများပြည်သူ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နေသော အာမခံလုပ်ငန်း သစ်ကို ကျေးလက်နေပြည်သူများ သိဖို့လိုပါသည်။ မြွေအန္တရာယ် အာမခံ လက်မှတ်တစ်စောင်လျှင် ပရီမီယံ ငွေငါးကျပ်သာဖြစ်ပြီး အာမခံထားငွေမှာ ငွေကျပ်ငါးသိန်း ဖြစ် သည်။ အာမခံသက်တမ်း တစ်နှစ်သာဖြစ်သည်။ မြွေကိုက်ခံရသဖြင့် သေဆုံးပါ က လျော်ကြေး ငွေကျပ်ငါးသိန်း၊ ဆေး ရုံဆေးခန်းတွင် မြွေဆိပ်ဖြေရန် တက်ရောက်ကုသခံပါက ဆေးဝါးကုသ စရိတ် ငွေကျပ်ရှစ်သောင်းနှင့် အသက် မသေသော်လည်း မြွေဆိပ်ကြောင့် မျက်စိကွယ်ခြင်း၊ ကိုယ်တစ်ပိုင်း သေခြင်းဖြစ်ပါက ငွေကျပ် နှစ်သိန်း ငါးသောင်း ပေးလျော်သည်။ ကိုယ်အင်္ဂါတစ်စုံတစ်ခု ချို့ယွင်းပျက်စီးပါက နည်းဥပဒေပါ ရာခိုင်နှုန်းများအရ အကျိုးခံစားခွင့်ရှိသည်။
ကျေးလက်နေ ပြည်သူများအနေဖြင့် ရင်ဆိုင်ရသော မြွေဆိုးအန္တရာယ်ကို သတိ၊ ဝီရိယထား ရှောင်ကြဉ်သင့်ပါ သည်။ မြွေကိုက်မှု အန္တရာယ်မှ ကင်းလွတ်ရေးအတွက် ညဥ့်အချိန် ခရီးမသွားမဖြစ်၍ သွားလာရပါက အလင်း ရောင်ဖြင့် သွားလာခြင်း၊ ဓာတ်မီး၊ မီးအိမ်ကိုဆောင်ခြင်း၊ အမှိုက်ပုံး၊ ကောက်ရိုးပုံကြား အလုပ်လုပ်ရာတွင် ရော်ဘာ ဖိနပ်ရှည်၊ လက်အိတ်တို့ကို အသုံးပြုခြင်းနှင့် လယ်တောခွင် ဝင်ရောက်ပါက လူသံအသံပြု၍ ဝင်ရောက်ခြင်းတို့ကို ပြုလုပ်သင့် သည်။ မိမိသွားရာလမ်းတွင် ရှိနေ၊ ခိုအောင်းနေသော မြွေဆိုးကလည်း လူ၏ခြေသံ၊ လှုပ်ရှားသံကြား ပါက ကြောက် လန့်၍ ထွက်ပြေးတတ်သော အကျင့်ရှိရာ ညမှောင်မှောင် ခရီးသွားလျှင် အသံပြုခြင်း၊ တောခြောက် ခြင်း၊ တုတ်ချောင်းဖြင့် အသံပြုခြင်း ပြုလုပ်သင့်ပါသည်။ မြွေဆိုးအကိုက်ခံရပါက အရပ်သုံးသမားတော် ဒေါက်တာ ရမ်းကုများဖြင့် ကုသမှုမခံယူဘဲ၊ ဆေးမြီးတိုများ၊ လူပြော သူပြောဖြင့် မကုသဘဲ ရှေးဦးသူနာပြုနည်းဖြင့် စနစ်တကျပြုစုပြီး နီးစပ်ရာ ပြည်သူ့ဆေးရုံ၊ ဆေးခန်းသို့ အလျင် အမြန် ပို့ဆောင်ကြရမည်။ မြွေအတွက် အာမခံလုပ်ငန်းတွင် အာမခံ ဆောင်ရွက်ခြင်းဖြင့် မိမိတို့၏ ဘဝလူနေမှုကို မြှင့်တင် ထားသင့်ပါကြောင်း တင်ပြအပ်ပါသည်။

 Written by ရွှေကူ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)