ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, April 12, 2014

===ကော်ဖီသောက်တိုင်းလွမ်းနေမယ်.==

>
သင်္ကြန်နီးတာရယ် လျှော့ဈေးပစ္စည်းတွေရယ်ကြောင့်... ရှော့ပင်းမောတွေတိုင်း လူကြီးလူငယ်ဈေးဝယ်သူတွေ ပျားပန်းခတ်သလိုပဲ များပြားလွန်းလှပါတယ်...။ အဲအထဲမှာ ကိုယ်ကတော့ သင်္ကြန်ရေပက်ခံထွက်ဖို့ မဏ္ဍတ်ထိုင်ဖို့ အ၀တ်အစား အသုံးဆောင်လာဝယ်သူမဟုတ်ဘဲ..ကိုယ်ကြိုက်တဲ့ ဖန်စီပစ္စည်းသေးသေးမွှားမွှားလေးတွေကို လာလျှောက်ကြည့်နေတဲ့ သူတစ်ယောက်ပါ...။ စင်္ကြန်သွားလမ်းပေါ်က ဖန်စီဆိုင်တစ်ဆိုင်ကို ကိုယ်ဝင်ကြည့်လိုက်တယ်...။ ဖုန်းဟမ်းဆက်အပေါက်တွေမှာ ထိုးထည့်ရတဲ့ အရုပ်ကလေးတွေမျိုးစုံ ကလစ် မျက်မှန် နားဆွဲ လက်စွပ် မျိုးကိုစုံလို့ပါပဲ...။ အိန်ဂျယ်တောင်ပံလေးတစ်စုံနဲ့ ဆက်လျက်လက်စွပ်လေး တစ်ကွင်းကိုတွေ့လိုက်ရတယ်..။ လက်စွပ်က တစ်ကွင်းမဟုတ်ဘူး နှစ်ကွင်းတွဲလေး လက်ခလယ်နဲ့လက်သန်းကြွယ်မှာ ၀တ်ရတဲ့လက်စွပ်မျိုး...။ အတောင်ပံလေးက ရွှေအိုရောင်ကလေး ဗင်းဒေ့ခ်ျဒီဇိုင်းလေး ...။ ကိုယ်ယူကြည့်မယ်ဆိုပြီးလက်နဲ့အလှမ်းမှာ အဲလက်စွပ်ကို ကိုယ်လက်နဲ့ပြိုင်တူလှမ်းယူနေတဲ့ အသားဖြူသန့်သန့် ယောက်ျားလက်တစ်ဖက်...။ လက်စွပ်လေးက ကိုယ်လက်ထဲကိုရော သူ့လက်ထဲကိုမရောက်သေးပါဘူး ကိုယ်နဲ့ အဲဒီလက်တစ်ဖက်က လက်စွပ်နားရောက်ခါနီးမှာ တန့်သွားကြတာ...။ ဘယ်ချိန်ကတည်းက ကိုယ့်နားရောက်လာပြီး ဒီလက်စွပ်ကိုလှမ်းယူဖို့လုပ်နေမှန်း မသိတဲ့သူကို ကိုယ်လှည့်ကြည့်လိုက်တယ်...။ ကိုယ့်ကိုကြည့်နေတဲ့ သူ့မျက်လုံးတွေနဲ့ ပက်ပင်းတိုးမိတယ်...။ မျက်ခုံးထူထူနက်နက် အသားကြည်စင်နေတဲ့ ကောင်လေး... ။ မျက်ဆံတွေက အညိုရောင်လေးတွေ... ။ ကြည့်စမ်းဘာကြောင့်များ ဒီလောက်တောင်တိုက်ဆိုင်ရသလဲ...။ သူ့မှာ အိန်ဂျယ်နဲ့တော်တော်လေးကို ဆင်တူတဲ့ နှုတ်ခမ်းတစ်စုံလည်းရှိနေတယ်...။ ကိုယ့်လက်ဖျားခြေဖျားတွေ ချက်ချင်း အေးစက်သွားကြတယ်..။ ဒါပေမယ့် သူက အိန်ဂျယ့်ထက်တော့ ပိုငယ်လိမ့်မယ်...။ ဘာကြောင့်မှန်းမသိ ကိုယ်အဲလက်စွပ်ကို မကြည့်ဖြစ်တော့ဘဲ တခြားကလစ်တွေကို လျှောက်ကိုင်ကြည့်နေမိတယ်...။ သူ့ကို ကိုယ်ဦးစားပေးလိုက်တယ်ဆိုပါတော့...။ လက်စွပ်လေးက ခြောက်ထောင်ငါးရာတဲ့ အမှန်တော့ အဲလက်စွပ်လေးက ယောကျာ်းဝတ်တော့မဟုတ်ဘူး။ ဒါပေမယ့် သူ့ကောင်မလေးအတွက်ဝယ်ပေးချင်လို့လည်းဖြစ်နိုင်တာပဲလေ...။ ကိုယ်တခြားပစ္စည်းကိုလျှောက်ကြည့်နေချိန်မှာ သူက... “အစ်မလည်း ဒီလက်စွပ်ကိုဝယ်မှာလား”တဲ့..။ အရောင်းကောင်မလေးက ကိုယ်တို့ကိုကြည့်ပြီး.. အဲဒါတစ်ခုပဲကျန်တော့တယ်လို့ပြောတယ်...။ “ကိုယ်မ၀ယ်ပါဘူး သဘောကျလို့ ကိုင်ကြည့်မယ်လုပ်တော့ မင်းလက်နဲ့ဆုံသွားတာ..”
ကောင်လေးက လက်စွပ်လေးကို ခပ်စိုက်စိုက်တချက်ကြည့်ပြီး ကိုယ့်ဖက်ကိုယ်လှည့်လာပြန်တယ်...။ “အမှန်တော့ ကျွန်တော်ဝတ်ဖို့ဝယ်တာမဟုတ်ပါဘူး”လို့ ကိုယ်မမေးဘဲ လာရှင်းပြနေတယ်...။ ကိုယ်သူ့ကို ဘာအဓိပ္ပါယ်လည်းဆိုတဲ့အကြည့်နဲ့ ပြန်ကြည့်တော့…။ “ကျွန်တော့်ဝမ်းကွဲအစ်ကိုတစ်ယောက်က အဲလို အိန်ဂျယ်အတောင်ပံတွေပါတဲ့ ဖန်ဆီပစ္စည်းတော်တော် များများကို စုတတ်တာသိလို့ သူ့ကိုသတိရပြီး ၀ယ်ပေးမလို့ပါ…”တဲ့…။ ကိုယ်မသိတဲ့ သူ့အစ်ကိုဝမ်းကွဲဆိုသူဟာ ဘာကြောင့်အိန်ဂျယ်တောင်ပံပါတဲ့ ပစ္စည်းတွေကိုစုသလဲလို့ ကိုယ်မစပ်စုမိတော့ပါ…။ ဒါဟာ တိုက်ဆိုင်မှုတစ်ခုလို့ပဲလက်ခံပါ…လို့ ကိုယ့်ကိုယ်ကို ဖြောင်းဖြပြီး ကော်ဖီသောက်ဖို့ တတိယအလွှာကို တက်ခဲ့လိုက်တော့တယ်…။ သောက်နေကျ ကော်ဖီဆိုင်မဟုတ်လို့ Latte မမှာတော့ဘဲ အမေရီကန်နိုပဲမှာသောက်လိုက်တယ်….။ မင်းရော ကော်ဖီသောက်တိုင်း ကိုယ့်ကိုသတိရလွမ်းတနေတတ်လား အိန်ဂျယ်…။ အထူးသဖြင့် အငွေ့တထောင်းထောင်းထနေတဲ့ ကော်ဖီခွက်တစ်ခွက် မင်းရှေ့မှာရှိနေတဲ့အခါမျိုးပေါ့….။ 

+မိုးငွေ့+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) ပ (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1)ွ (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)