ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, June 3, 2014

==ယခုလအတွင်းဟိုအကြောင်းဒီအကြောင်းသူတို့ အကြောင်း==

>
**ဗီလိန်ဇာတ်ရုပ်အဖြစ်သရုပ်ဆောင်ထားသည့်အိန်ဂျလီနာဂျိုလီ၏Maleficentဇာတ်ကားဝင်ငွေကောင်းနေ**

 ၁၉၅၉ ခုနှစ်ကSleeping Beautyဇာတ်ကားကို ဟောလိဝုဒ်ငွေကြယ်ပွင့် အိန်ဂျလီနာဂျိုလီက ဗီလိန်ဇာတ်ရုပ်အဖြစ် ပါဝင်သရုပ်ဆောင်ထားသည့် Maleficent ဇာတ်ကားကို မေလကုန်ပိုင်းက အမေရိကန်တွင် စတင်ရုံတင် ပြသခဲ့ရာ ပထမဆုံးစတင်ပြသသည့်ရက်သတ်္တပတ်မှာပင် ၀င်ငွေအမေရိကန် ဒေါ်လာ သန်း ၇၀ ကျော်ဝင်ငွေရရှိခဲ့ပြီး ပရိသတ်အားပေးမှုရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ Maleficentဇာတ်ကားတွင် မင်းသမီးElle Fanningက အော်ရိုရာမင်းသမီးလေးအဖြစ် သရုပ်ဆောင်ထားပြီး ၎င်း၏ငယ်ဘ၀အဖြစ် ဂျိုလီ၏သမီးငယ်Vivienne Jolie-Pittက ပါဝင်အားဖြည့်ထားသည်။ ဂျိုလီသည် ၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့သည့်The Touristဟာသဒရာမာ ဇာတ်ကားအပြီး ဒစ်စနီ၏ ထူးထူးခြားခြားဇာတ်ကားများတွင် ပါဝင်ခြင်းမရှိတော့ သော်လည်း ဒစ်စနီမှ ဂျိုလီအား ရုပ်ရှင်ကြည့်ပရိသတ်များအား ဆွဲဆောင်နိုင် လွန်းသည့်မင်းသမီးအဖြစ် တင်စားခဲ့သည်။

 **ချီလီအသင်း၏ ကမ်္ဘာ့ဖလားပြိုင်ပွဲဝင် ကစားသမားစာရင်းတွင် ဗီဒယ်ပါဝင်လာ**

ဂျူဗင်တပ်ကွင်းလယ်ကစားသမား ဗီဒယ်သည် ချီလီအသင်း၏ ကမ်္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကစားသမားစာရင်းတွင် ပါဝင်လာခဲ့ကြောင်း သိရသည်။ ကွင်းလယ်လူ ဗီဒယ်ချီလီအသင်းလူစာရင်းတွင် ပါဝင်လာခဲ့သော်လည်း အတွေ့အကြုံရင့်ကျက်မှုရှိသည့် ဗဟိုနောက်ခံကစားသမား ဂွန်ဇာလက်ဇ်မှာမူ ဒဏ်ရာပြဿသနာဖြင့် ရင်ဆိုင်နေရခြင်းကြောင့် ကမ်္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲရမည်ဖြစ်သည်။ လက်ရှိချီလီအသင်း၏ လူစာရင်းမှာ ဂိုး-ဘရာဗို၊ ဟာရီရာ၊ တိုဆယ်လီ၊ နောက်တန်း- အယ်လ်ဘိုနော့ဇ်၊ ဂွန်ဇာလို ဂါရာ၊ မီဒယ်၊ မီနာ၊ ရိုးဂျက်စ်၊ ကွင်းလယ်-အာရမ်ဂစ်၊ ဘောက်ဆီဂျာ၊ ကာမိုနာ၊ မာဆယ်လိုဒိုင်ယက်၊ ဖူအန်ဇာလီဒါ၊ ဂူတီရာရက်ဇ်၊ အစ်္စလာ၊ ဖရန်စကိုဆေးလ်ဗား၊ ဗယ်လ်ဒီဗီယာ၊ ဗီဒယ်၊ ရှေ့တန်း-အော်ရယ်လာနာ၊ ပါရီဒက်စ်၊ ပီနီလာ၊ အလက်ဇစ်ဆန်းချက်၊ ဗာဂတ်စ် စသည့်ကစားသမားများကို ရွေးချယ်ထားသည်။

**ရှာရာပိုဗာပြင်သစ်အိုးပင်းကွာတားဖိုင်နယ်တက်ပြီ**

 ပြင်သစ်အိုးပင်း ချန်ပီယံဟောင်း ရှာရာပိုဗာသည် သြစတြေးလျ တင်းနစ်မယ် ဆမ်စတိုဆာအား အနိုင်ရပြီးနောက် ဒုတိယအကြိမ်မြောက် ပြင်သစ်အိုးပင်းဖလားဆွတ်ခူးရန် ရေပန်းစားနေသည်။ ၂၀၁၂ ခုနှစ်က အဆိုပါပြင်သစ်ဖလားကို ဆွတ်ခူးခဲ့သော အသက် ၂၇ နှစ်ရှိ ရှာရာပိုဗာ သည် ဆမ်စတိုဆာအား ၃-၆၊ ၆-၄၊ ၆-၀ ဖြင့်နိုင်ပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်သွားသည်။ အမျိုးသားပြိုင်ပွဲတွင် ဂျိုကိုဗစ်က ပြင်သစ်ကစား သမား တီဆွန်ဂါအား ၆-၁၊၆-၄၊ ၆-၁ဖြင့်နိုင်ပြီး ကွာတားတက်လာသည်။ သို့ရာတွင် ရော်ဂျာဖက်ဒဲရားသည် လစ်ဗီးယားမှ ဂူလ်ဘစ်အား ရှုံးနိမ့်ပြီး ကွာတားဖိုင်နယ်မတက်နိုင်ဘဲ ထွက်ခဲ့ရသည်။

 **နယ်သာလန်အသင်းနှင့် ချစ်ကြည်ရေးပွဲစဉ်တွင် ဝေလ အသင်းခေါင်းဆောင်အဖြစ် ဂျိုးအယ်လ်လန်းတာဝန်ယူမည်**

 လီဗာပူးအသင်းမှ ကွင်းလယ်ကစားသမား ဂျိုးအယ်လ်လန်းသည် ဇွန် ၄ ရက်တွင် အမ်စတာဒမ်၌ နယ်သာလန်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ချစ်ကြည်ရေးပွဲစဉ်တွင် ဝေလ အသင်းအား အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူမည်ဖြစ် ကြောင်း သိရသည်။ ဒဏ်ရာရရှိထားခြင်းကြောင့် အနားယူနေသည့် ဗဟိုနောက်ခံကစားသမား အက်ရှ်လေ၀ီလျံ မပါဝင်နိုင်ခဲ့ခြင်းကြောင့် နယ်သာလန်အသင်းနှင့်ပွဲစဉ်အတွက် အသက်(၂၄)နှစ်အရွယ်ရှိ ဂျိုးအယ်လ်လန်းက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရ မည်ဖြစ်သည်။ အဆိုပါ နယ်သာလန်အသင်းနှင့်ပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ဂါရတ်ဘေးလ်နှင့် အာဆင်နယ် ကွင်းလယ်ကစားသမား ရမ်ဆေးတို့လည်း ဝေလအသင်းနှင့်အတူ ပါဝင်လာမည်မဟုတ်ကြောင်း သိရသည်။ 

** ရော့ဆီကမ်္ဘာ့ဖလားပြိုင်ပွဲနှင့်လွဲချော်** 

 ဖီအိုရင်တီးနားတိုက်စစ်မှူးး ရော့ဆီသည် ဒူးခေါင်းဒဏ်ရာပြင်းထန်စွာ ခံရပြီး ပြန်လည်ကောင်းမွန်လာသော်လည်း ကမ်္ဘာ့ဖလားပြိုင်ပွဲဝင် အီတလီ ဘောလုံးအသင်း ၂၃ ဦးစာရင်းတွင် လွဲချော်လိမ့်မည်ဟု ဆိုသည်။ အသက် ၂၇ နှစ်ရှိ ရော့ဆီသည် စနေနေ့က အိုင်ယာလန်နှင့် ဂိုးမရှိသရေကျသည့် ပြိုင်ပွဲ၌ ၇၁ မိနစ်ကြာ ကစားခဲ့သည်။ ၎င်းနေရာတွင် ယခုနှစ်ရာသီ၌ ပါးမားအတွက် ၁၂ ဂိုးသွင်းယူပေးထားသော ကက်ဆာနိုနှင့် အေစီမီလန် တိုက်စစ်မှူးဘာလော့တယ်လီတို့ ပါဝင်လာနိုင်သည်။ ၂၀၀၆ ခုနှစ် ကမ်္ဘာ့ ဖလားဆွတ်ခူးခဲ့သော အီတလီအသင်းသည် ဇွန် ၁၂ ရက်တွင် အင်္ဂလန်နှင့် ကစားရမည်ဖြစ်သည်။ ယင်းတို့သည် အုပ်စု(B)တွင် ကော်စတာရီကာနှင့် ဥရုဂွေးအသင်းတို့နှင့်လည်း ကစားရမည်ဖြစ်သည်။

 +Myo sandar Maung---ကောင်းမြတ်သူ+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)