ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, July 24, 2014

==ယခုလအတွင်းဟိုအကြောင်းဒီအကြောင်းသူတို့ အကြောင်း==

> (2012ခုနှစ်တုန်းကချဲလ်ဆီးအသင်းကိုချန်ပီယံလိဂ်ဖလားရယူပေးပြီးမှတခြားထွက်ခွာသွားခဲ့တဲ့ဒရော့ဘာ)
**ဒရော့ဘာ..ချယ်လ်ဆီးကို ပြန်လာမလား**

ချယ်လ်ဆီးသမိုင်းမှာ ဒရော့ဘာ အကြောင်းမပါလျှင် မပြီးပါ။ သူဟာ ချယ်လ်ဆီးကို အောင်မြင်မှုတွေ အများဆုံးပေးခဲ့သူပါ။ ချယ်လ်ဆီးနဲ့ အတူ ဖလားတွေဆွတ်ခူးခဲ့သူပါ။ ဒါ့ကြောင့်လည်း ချယ်လ်ဆီးသမိုင်းမှာ သူမပါရင်မပြီးပါ။ အခုသူက ချယ်လ်ဆီးကို တစ်နှစ် စာချုပ်နဲ့ ပြန်လာဖို့ စဉ်းစားနေပါပြီ။ အိုင်ဗရီကို့စ်တိုက်စစ်မှူး ဒရော့ဘာ ဟာ ဂါလာတာစာရေးမှ ထွက်ခွာခဲ့ပြီး တဲ့နောက် အလွတ်ပြောင်းလာမှာ ဖြစ်ပါတယ်။ သူဟာ ၂၀၁၂ ခုနှစ်က စတမ်းဖို့ဒ်ဘရစ်ခ်ျက ထွက်ခွာသွား ခဲ့တာပါ။ သူဟာ ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပယ်နယ်တီ နဲ့ အနိုင်ဂိုးသွင်းပေးပြီး ဖလားဆွတ်ခူး ပေးခဲ့သူပါ။
ချယ်လ်ဆီးကို ပြောင်းဖို့ မဆုံးဖြတ်ရသေးဘူးလို့တော့ ဒရော့ ဘာရဲ့ အေးဂျင့်ကဆိုပါတယ်။ ချယ်လ်ဆီးကတော့ ဒရော့ဘာကို ပြန်ခေါ်ဖို့ ဦးစားပေး ကစားသမား များမှာ ပါဝင်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နှစ်ဖက်ဆွေးနွေးဖို့ လုပ်နေတုန်းပါ။ အသက် ၃၆ နှစ် ရှိပြီဖြစ်တဲ့ ဒရော့ဘာဟာ ဒီတစ်ပတ် အတွင်း ပြန်လာနိုင်တယ်လို့ ပြောနေ ကြပါတယ်။ သူဟာ ၂၀၁၄ ကမ်္ဘာ့ ဖလားမှာလည်း အိုင်ဗရီကို့စ်နဲ့အတူ ပါဝင်ကစားခဲ့သူဖြစ်ပါတယ်။ သူဟာ အစပွဲတစ်ပွဲနဲ့ လူစားနှစ်ကြိမ် ကမ်္ဘာ့ဖလားမှာ ပါဝင်ခဲ့ပါတယ်။ ချယ်လ်ဆီးမှာ ရောက်လာမလား ဆိုတာကတော့ လာမယ့်သီတင်း ပတ်မှာ သိရပါလိမ့်မယ်။(အာကာကျော်)

**အင်္ဂလန် နိုင်ငံ့လက်ရွေးစင် ကစားသမားအဖြစ်မှ စတီဗင်ဂျရတ်အနားယူပြီ**

( အင်္ဂလန် အသင်းခေါင်းဆောင်စတီဗင်ဂျရတ် နဲ့ နည်းပြ ရွိုင်းဟော့ဆင်)
အင်္ဂလန် အသင်းခေါင်းဆောင် စတီဗင်ဂျရတ်သည် အင်္ဂလန်အသင်း တွင် ပွဲပေါင်း ၁၁၄ ပွဲ ပါဝင်ကစား ခဲ့ပြီးနောက် နိုင်ငံ့လက်ရွေးစင် ကစားသမားအဖြစ်မှ အနားယူသွား ပြီဖြစ်သည်။ အသက် ၃၄ နှစ်ရှိ ဂျရတ်သည် ၂၀၀၀ပြည့်နှစ်က ယူကရိန်းကို အင်္ဂလန်က နှစ်ဂိုးပြတ်ဖြင့် အနိုင် ကစားခဲ့ရာတွင် ပထမဆုံးပါဝင် ကစားခဲ့သူဖြစ်သည်။သူသည် ၂၀၁၄ ကမ်္ဘာ့ဖလား ကော်စတာရီ ကာအသင်းနှင့် ဂိုးမရှိ သရေကျခဲ့ သည့်ပွဲတွင် နောက်ဆုံးကစားခဲ့ သည်။ ““ကျွန်တော့် နိုင်ငံအသင်းမှာ ပါဝင်ကစားခဲ့ရတဲ့အတွက် မိနစ် တိုင်းမှာ ပျော်ရွှင်ခဲ့ရပါတယ်။ အခု တော့ ကျွန်တော် ၀မ်းနည်းရပါပြီ”” ဟု ဂျရတ်က ဆိုသည်။

စတီဗင်ဂျရတ်သည် နိုင်ငံ့လက်ရွေးစင်အဖြစ်မှ အနားယူခဲ့ပြီးနောက် အင်္ဂလန်အသင်းအတွက် ခေါင်းဆောင်နိုင်မည့် ကစားသမားမရှိကြောင်း နည်းပြ ရွိုင်းဟော့ဆင်က ပြောသည်။ အသက် ၃၄ နှစ်ရှိ လီဗာပူးကွင်းလယ် ကစားသမားဂျရတ်သည် နိုင်ငံတကာပွဲပေါင်း ၁၁၄ ပွဲတွင် ၂၁ ဂိုး သွင်းယူခဲ့ သည်။ ၄င်းသည် နိုင်ငံကိုယ်စားပြု အဓိကပွဲကြီးခြောက်ပွဲ ပါဝင်ကစားခဲ့ သည်။ ““အင်္ဂလန်အသင်းမှာ ဂျရတ်မပါဝင်တော့တဲ့အတွက် ခေါင်းဆောင်မှု အရည်အသွေးတွေပါ ကျဆင်းသွားနိုင်ပါတယ်””ဟု ရွိုင်းဟော့ဆင်က ဆိုသည်။(ကောင်းမြတ်သူ) 

**အက်သလက်တီကိုနောက်ခံလူမီရန်ဒါအား ခေါ်ယူရန် ချယ်လ်ဆီးစိတ်ဝင်စား**
အင်္ဂလန်ထိပ်သီးကလပ် ချယ်လ်ဆီး အသင်းသည် လာမည့်ဘောလုံးရာသီတွင် အသင်း၏ခံစစ်ပိုင်းကို အားဖြည့်ရန်အတွက် အက်သလက်တီကိုအသင်း၏ ဘရာဇီး နောက်ခံလူမီရန်ဒါအား ခေါ်ယူရန် စိတ်ဝင် စားလျက်ရှိကြောင်းသိရသည်။ ချယ်လ်ဆီးအသင်းမှာ ယခုနှစ်နွေရာသီ အပြောင်းအရွှေ့တွင်ပေါင်သန်း ၈၀ နီးပါး သုံးစွဲကာ ကစားသမားသစ်များကို ခေါ်ယူ အားဖြည့်ထားပြီး နည်းပြမော်ရင်ဟိုမှာ ကစားသမားသစ်များ ထပ်မံခေါ်ယူ တော့မည်မဟုတ်ဟု ပြောကြားခဲ့သော်လည်း ပြီးခဲ့သည့် ရက်ပိုင်းက ချယ်လ်ဆီးအသင်း၏ တာဝန်ရှိသူများမှာ ၎င်း၏အေးဂျင့်ဖြစ်သူနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းများထွက်ပေါ်လာ ခဲ့သည်။ ထို့ပြင် ချယ်လ်ဆီးအသင်းသည် အက်သလက်တီကိုအသင်း၏ ကစားသမား များဖြစ်ကြသည့် တိုက်စစ်မှူး ဒီယေဂို ကော်စတာနှင့် နောက်ခံလူ ဖိလစ်ပီလူးဝစ် တို့ကိုခေါ်ယူထားခဲ့ပြီး မီရန်ဒါကိုပါ တစ်ပါတည်းခေါ်ယူရန် ဆန်္ဒရှိနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြ ခဲ့သည်။ လက်ရှိအချိန်တွင် ချယ်လ်ဆီး အသင်းမှာ ၎င်းအတွက်ဆွေးနွေးမှုများ စတင်ပြုလုပ်နေပြီဖြစ်ပြီး အက်သလက်တီကို အသင်းနှင့် သဘောတူညီချက်ရရှိရန်သာ ကျန်ရှိတော့ကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းသည် လာမည့်ဘောလုံး ရာသီအတွက် အက်သလက်တီကိုအသင်းမှ ကစားသမားများဖြစ်ကြသည့် ဒီယေဂို ကော်စတာနှင့် ဖိလစ်ပီလူးဝစ်တို့အပြင် စပိန်ကွင်းလယ်လူ ဖာဘရီဂတ်စ် ၊ ခရိုအေးရှား ကွင်းလယ်လူ ပါဆာလစ်တို့အားခေါ်ယူထား ခဲ့သည်။(ကိုရဲ)

(2012ခုနှစ်တုန်းကချဲလ်ဆီးအသင်းကိုချန်ပီယံလိဂ်ဖလားရယူပေးပြီးမှတခြားထွက်ခွာသွားခဲ့တဲ့ဒရော့ဘာ)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)