ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, July 12, 2014

== စောင့်ကြည့်မှုများကြားက၂၀၁၄ကမ်္ဘာ့ဖလားဂိုးသွင်းဘုရင်ဘယ်သူဖြစ်မလဲ==

>

၂၀၁၄ကမ်္ဘာ့ဖလားကြီးက ပြီး တော့မယ်။ တတိယလုပွဲနဲ့ ဗိုလ်လုပွဲ နှစ်ပွဲတည်းကျန်တယ်။ အဲဒီမှာ တွေးစရာတွေက လည်း တော်တော်ဖြစ်တယ်။ ရေးစရာတွေကလည်း တော်တော်များတယ်။
ချန်ပီယံ ဘယ်သူဖြစ်မလဲ။ တောင် အမေရိကလား။ ဥရောပလား။ တောင်အမေရိကမှာကျင်းပတိုင်း တောင်အမေရိကအသင်းသာ ဗိုလ်စွဲတတ်မှုဟာ ဒီတစ်ကြိမ်ရော အသက်ဝင်လေမလား။ ဥရောပရဲ့ ဗိုလ်စွဲနိုင်မှု အသာရထားခြင်းကို ဒီတစ်ကြိမ်မှာ တောင်အမေရိကအနေနဲ့ အမီလိုက်နိုင်မှာလားဆိုတာတွေက အစ ဘရာဇီး သိက်္ခာဘယ်လိုဆယ်မလဲ။ ဟော်လန်ကရော ဘရာဇီးရဲ့တင်းခံ ကြိုးစားမှုကို အန်တုနိုင်မှာလားအဆုံး စိတ်ဝင်စားစရာတွေ တော်တော်ဖြစ်တယ်။ ချင့်တွက်ချင်စရာအကြောင်းအရာတော်တော်စုံတယ်။ တစ်နည်းပြောရရင် ၂၀၁၄ ကမ်္ဘာ့ဖလားဟာ အပိတ်နှစ်ပွဲတည်းရဲ့ အခြေအနေအရနဲ့တင် အားလုံးရဲ့စိတ်ကို ကိုင်လှုပ်နိုင်တယ်။ အားလုံးရဲ့စိတ်ကို ညှို့ငင်ဆွဲယူနိုင်တယ်။ ရိုက်ချက်ပြင်းတယ်။ ဒါပေမယ့် အဲဒီအထဲမှာ အားလုံး အပေါ်ယံရှပ်ပြီးကျော်လွှားနေကြတဲ့ အကြောင်း အခြင်းအရာတစ်ခုရှိတယ်။ အဲဒါကတော့ ၂၀၁၄ ကမ်္ဘာ့ဖလားရဲ့ ဂိုးသွင်းဘုရင် ဘယ် သူဖြစ်မလဲဆိုတာပဲ။

အရှင်းဆုံးပြောရရင် ဘောလုံးအားကစားနည်းဆိုတာက အစု အဖွဲ့အားကစားနည်း။ အဲဒီလို အစုအဖွဲ့အားကစားနည်းဖြစ်တာနဲ့အမျှ တစ်ဦးချင်း ဆုတံဆိပ်ဆိုတာက အသင်းလိုက်အင်အားနဲ့ရတဲ့ဆုတံဆိပ်ထက် အရေးမပါနိုင်ဘူး ဆိုပေမယ့် အဲဒီလို ဆုတံဆိပ်မျိုးဟာ တန်ဖိုးမဖြတ်နိုင်တဲ့အရာပဲ။ တစ်နည်းပြောရ ရင် အောင်မြင်မှုရရှိရေးကို ပိုမိုအလေးထားကြတာ မှန်ပေမယ့် လူဆိုတာဟာ အစဉ်အမြဲ ကျော်ကြားလိုစိတ်ရှိတယ်။ အစဉ်အဆက် ထင်ရှားလိုမှုရှိတယ်။ အထူးသဖြင့် ပြိုင်ပွဲကြီးတစ်ခုမှာ ထူးထွေတဲ့ဆုတစ်ခုရရှိခြင်းဟာ အဲဒီကစား သမားရဲ့ ရပ်တည်မှု၊ အဲဒီကစားသမားရဲ့ အဆင့်အတန်းနဲ့ သူ့အပေါ်အာရုံ စိုက်နိုင်မှုတွေမှာ အပြောင်းအလဲကြီးကြီးမားမားဖြစ်မယ်။ အဆင့်ကပိုမြင့်မယ် ဆိုတော့ တစ်ဦးချင်းဆုဆိုတာကလည်း ကစားသမားတွေ စိတ်ကူးယဉ်ကြတဲ့ အထဲမှာ ထိပ်ဆုံးကပါတယ်။
တခြားမကြည့်နဲ့။ ဘရာဇီးနဲ့ ဂျာမနီက ၇-၁နဲ့ နိုင်တဲ့ပွဲကိုပဲကြည့်။ အဲဒီမှာ ဂိုးပြတ်နိုင်နေပြီးတဲ့နောက် ဂျာမနီကစားသမားတွေအားလုံး အေးအေး ဆေးဆေးနဲ့ သက်သောင့်သက်သာ ကစားနေကြတဲ့အချိန်မျိုးမှာ ဂျာမနီတိုက်စစ် မှူး မူလာက အေးအေးသက်သာမရှိဘူး။ သူ့ရဲ့ကစားဟန်နဲ့ အားထုတ်မှုက အကြိတ်အနယ်ယှဉ်ပြိုင်နေရတဲ့ပွဲမျိုးမှာ အားထုတ်မှုမျိုးနဲ့ လုံးဝမခြားဘူး။ ဒါဟာ ဘာကြောင့်လဲ။ အဖြေက ရှင်းရှင်းလေး။ အဲဒီပွဲမတိုင်ခင်မှာ မူလာဟာ ပြိုင်ပွဲတစ်လျှောက် စုစုပေါင်းလေးဂိုးသွင်းခဲ့တယ်။ ပြီးတော့ အဲဒီပွဲမှာ အဖွင့် ဂိုးကို သူကထပ်သွင်းပေးနိုင်လို့ စုစုပေါင်း ငါးဂိုးဖြစ်တယ်။ လက်ရှိအချိန်မှာ ဒီ ၂၀၁၄ ကမ်္ဘာ့ဖလားပြိုင်ပွဲအတွင်း ဂိုးအများဆုံးသွင်းထားတာက ဂျိမ်းစ်ရိုဒရီ ဂွက်ဇ်။ သူက စုစုပေါင်း ခြောက်ဂိုးသွင်းထားတယ်။ ဒါပေမယ့် သူက ပွဲကုန် ပြီ၊ ခြောက်ဂိုးအပြင် ပိုရနိုင်စရာအကြောင်းမရှိတော့ဘူး။ ဒီတော့ ပွဲချိန်အစော ပိုင်းမှာတင် ငါးဂိုးဖြစ်သွားတဲ့ မူလာအတွက် အခွင့်အရေးရမှုက လမ်းပွင့်သွား တယ်။ တကယ်လို့ အဲဒီပွဲမှာသာ မူလာအနေနဲ့ တစ်ဂိုးလောက်ထပ်ရရင်တောင် ဂျိမ်းစ်ရိုဒရီဂွက်ဇ်နဲ့ သွင်းဂိုးအရေအတွက်ချင်းတူသွားတယ်။ တကယ်လို့ သူသာ နောက်ဆုံးပွဲမှာ တစ်ဂိုးလောက်ထပ်ရနိုင်ရုံနဲ့ မူလာအနေနဲ့ ဂိုးသွင်း ဘုရင်ဆုကို လွတ်လွတ်လပ်လပ် မျှော်လင့်နိုင်မယ်။ ပြီးတော့အဲဒီပွဲက ဂိုးရ ဖို့အတွက် အခွင့်အရေးအရှိဆုံးပွဲ။ ပထမပိုင်းတစ်ချိန်လုံးမှာ ဘရာဇီးက စိတ်ဓာတ်ပိုင်းယိုယွင်းပျက်စီးမှုနဲ့အတူ ခြေစွမ်းပိုင်းအဆိုးဆုံးအခြေအနေ ကို ရောက်နေတဲ့အသင်း။ ဒုတိယပိုင်းမှာဆိုရင်လည်း ချေပဂိုးတွေရဖို့ ထိုးစစ် ကို အလွန်အကျွံလိုက်ပါနေကြရင်းက ခံစစ်ပိုင်းပွင့်ထွက်နေတဲ့အသင်း။ ဒါ့ ကြောင့်ပဲ ဂျာမနီဟာ လွယ်လွယ်ကူကူနဲ့ ခုနစ်ဂိုးရခဲ့သလို ဂိုးထပ်ရနိုင်ခွင့်အများအပြားရှိတယ်။ ဒါကြောင့်ပဲ မူလာဟာ ဂိုးထပ်ရဖို့ အကြိတ် အနယ်ကစားရတဲ့ပွဲမျိုးမှာလို အားထုတ်ခဲ့တာ။ ဒါပေမယ့် ခက်တာက အဲဒီပွဲမှာ မူလာ ဂိုးထပ်မရခဲ့ဘူး။ အဲဒီလို ဂိုးထပ် မရခြင်းဟာ သူ့ရဲ့အိပ်မက်အတွက် အကြီးမားဆုံး အဟန့်အတားပဲလို့မြင်ကြ တယ်။ အထူးသဖြင့် မူလာဟာ လက်ရှိအချိန်မှာ စုစုပေါင်း ငါးဂိုးရထားတာ မှန်တယ်။ ဒီအတွက် လက်ရှိ ဂိုးအများဆုံးသွင်းထားတဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကိုမီဖို့ တစ်ဂိုးသာလိုတာမှန်တယ်။ ပြီးတော့ သူ့မှာလည်း ကစားဖို့က တစ်ပွဲကျန်သေး တယ်။ ဒီတော့ သူ့အနေနဲ့ ဂိုးထပ်မရဘူးလို့ ယတိပြတ်ပြောလို့မရနိုင်တာ မှန်ပေမယ့် အတော်တော့ခက်မယ်လို့ တွက်ကြတယ်။ အထူးသဖြင့် သူကစား ဖို့ ကျန်တာက ရိုးရိုးပွဲမဟုတ်ဘူး။ ပြိုင်ပွဲတစ်ခုလုံးရဲ့ အရေးအကြီးဆုံးဖြစ်တဲ့ ဗိုလ်လုပွဲ။ အဲဒီလို ပွဲမျိုးဆိုတာက နှစ်သင်းစလုံး အားသွန်ခွန်စိုက်နဲ့ အမှား မခံစတမ်းကြိုးစားကြတဲ့ပွဲမျိုး။

ဒီလိုပွဲမျိုးဆိုတာက သူဂိုးသွင်းနိုင်ဖို့ဆိုတာထက် အသင်းအနေနဲ့ ဂိုးရဖို့တောင် အတော်လေးရုန်းကန်ကြရတဲ့ပွဲမျိုး။ ပိုဆိုးတာက ဘရာဇီးနဲ့ပွဲတုန်းကလို ဂိုးပြတ်နိုင်နေချိန်မှာ သူ့ရဲ့တစ်ဦးချင်းအောင်မြင်လိုစိတ် အတွက် တစ်ကိုယ်ကောင်းဆန်မှုမျိုးတွေလုပ်ဖို့ အခွင့်အရေးက အတော်နည်း တယ်။ သူ့အနေနဲ့ သူ့ရဲ့တစ်ဦးချင်းအောင်မြင်မှုအတွက် ဂိုးသွင်းဘုရင်ဆုရဖို့ ဆိုတာထက် အသင်းလိုက်အောင်မြင်မှုရရှိရေးကိုပါ ပိုပြီးအလေးထားရဦးမှာ ဆိုတော့၊ မူလာအနေနဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ရဲ့စံချိန်ကို နောက်ဆုံးဗိုလ်လုပွဲမှာ အကောင်းဆုံးခြေစွမ်း၊ စိတ်ဓာတ်နဲ့ ကျော်ဖြတ်နိုင်ပါ့မလား။ တကယ်တော့ ဒီတစ်ကြိမ်ကမ်္ဘာ့ဖလားမှာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ရဲ့ ခြောက် ဂိုးဆိုတဲ့စံချိန်ကို မီနိုင်တာဆိုလို့လည်း အနီးစပ်ဆုံးက သူပဲရှိတယ်။ သူက ငါးဂိုး။

မက်ဆီက လေးဂိုးသာရထားလို့ ဗိုလ်လုပွဲမှာ နှစ်ဂိုးသွင်းနိုင်မှ မျှော်လင့် နိုင်မယ့်အခြေအနေဆိုတော့ မက်ဆီက မူလာလောက်တောင် အခွင့်အရေးမရှိ ဘူး။ လေးဂိုးသွင်းထားတဲ့နေမာကျတော့ ဒဏ်ရာကြောင့် ပွဲထပ်မကစားရတော့ ဘူး။ သုံးဂိုးစီသွင်းထားတဲ့ ဗန်ပါစီနဲ့ ရော်ဘင်တို့ကရော တတိယလုပွဲမှာ ဟတ်ထရစ်သွင်းနိုင်ပါ့မလား။ ဒီတော့ ဂိုးသွင်းဘုရင်ဆုနဲ့ပတ်သက်ရင် မူလာ က အခရာအကျဆုံးပဲ။ ပြီးတော့ မူလာကပြီးခဲ့တဲ့ ၂၀၁၀ တုန်းက ဂိုးသွင်း ဘုရင်။ ဒါကြောင့် ဂျိမ်းစ်ရိုဒရီဂွက်ဇ် လက်ထဲရောက်စပြုနေတဲ့ ဂိုးသွင်းဘုရင် ဆုကို မူလာ ပြန်ယူနိုင်၊ ပြန်မယူနိုင် အားလုံးက စောင့်ကြည့်နေကြတယ်လို့ပဲ ပြောချင်တယ်။ ။

+ဝေမိုးဆက်+  

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)