ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, July 18, 2014

== စောင့်ကြည့်ချင်စရာကောင်းတဲ့ရိုးမားကလပ်ရဲ့ လားရာ==

>

 ရိုးမား။

တစ်နည်းပြောရရင် စီးရီးအေမှာ စောင့်ကြည့်ချင်စရာအကောင်းဆုံး အသင်း။ အထူးသဖြင့် သူတို့ဟာ မနှစ်က ဘောလုံးရာသီမှာ စီးရီးအေပြိုင်ပွဲအတွင်း ဒုတိယရတယ်။ အဲဒီလို ဒုတိယရရာမှာလည်း တစ်ချိန်လုံး နောက်ကနေလိုက်ခဲ့တဲ့ အသင်းမဟုတ်ဘူး။ ချန်ပီယံဖြစ်သွားတဲ့ ဂျူဗင်တပ်စ်ကို အထိရောက်ဆုံး အန်တုနိုင် ခဲ့တယ်။ ပွဲစဉ် (၁၀) အထိ ပွဲတိုင်းနိုင်တယ်။ ပွဲစဉ် (၁၇) အထိ ရှုံးပွဲမရှိဘူး။ အထူး သဖြင့် ပွဲစဉ် (၃၅) ပြီးတဲ့အထိ သူတို့ဟာ နှစ်ပွဲတည်းရှုံးခဲ့တာ။ ပြောရမယ်ဆိုရင် မနှစ်က ရာသီမှာ သူတို့ဟာ ချန်ပီယံဆုကို လုယူနိုင်ခါနီးအထိ ထက်ထက်မြက်မြက် ရှိခဲ့တယ်ဆိုတော့။ သေချာတယ်၊ ဒီနှစ် သူတို့ရဲ့လားရာက ဘယ်လိုဖြစ်မလဲဆိုတာ သိပ်ပြီး စိတ်ဝင်စားဖို့ကောင်းတယ်။ အထူးသဖြင့် သူတို့မနှစ်က အသင်းကို အပြောင်းအလဲတော်တော်လေး လုပ်တယ်။ ကစားသမားအတော်များများကို ရောင်းထုတ်ပြီး ကစားသမား အတော် များများနဲ့ ပြန်ဖြည့်ထားတယ်။ ရောင်းတဲ့အထဲမှာ စတီကီလန်ဘတ်၊ မာတွင်းပရိစ်၊ အော့စ်ဗယ်ဒို၊ လာမယ်လာတို့ ပါတယ်။ ပြန်ဖြည့်တဲ့အထဲမှာ မိုင်ကွန်၊ ဂါဗင်ညို၊ အယ်ဂျာဂျစ်၊ စထရုမန်း၊ ဘီနာတီယာတို့ပါတယ်။ ရောင်းတာက ၁၄ ဦး။ ပြန်ဖြည့် တာက ၁၈ ဦး။ အသင်းတစ်သင်းလုံးရဲ့ အထိုင်ကို ပြောင်းလိုက်သလိုရှိပေမယ့် သူတို့ဟာ နည်းနည်းကလေးမှ မယိုင်ခဲ့ဘူး။ ပြီးတော့ အဲဒီလို အပြောင်းအလဲကြား မှာ သူတို့ဟာ ငွေကြေးအရလည်း အကျိုးအမြတ်ဖြစ်တယ်။ ရောင်းလို့ရတဲ့ စုစုပေါင်း ၀င်ငွေက ယူရို ၁၁၇ သန်းကျော်။ အဲဒီငွေထဲကနေ ကစားသမား ၁၈ ဦးပြန်ခေါ်ပြီး ချိန်မှာ သူတို့ဟာ ယူရို သန်း ၄၀ ကျော်အမြတ်ထွက်သွားတယ်။ ဒီတော့ သူတို့ကို အပြောင်းအရွှေ့ဈေးကွက်မှာ ပိုင်ပိုင်နိုင်နိုင်လှုပ်ရှားနိုင်သူတွေအဖြစ် သတ်မှတ် ထားတယ်။ အသင်းလည်းခြေစွမ်းပြနိုင်၊ ငွေကြေးလည်း အမြတ်ထွက်အောင် တစ်ချက်ခုတ် နှစ်ချက်ပြတ်အောင် လုပ်ဖို့ဆိုတာ မလွယ်ဘူးလို့ ယူဆကြတယ်။

 ပြောချင်တာကတော့...။ သူတို့ဟာ မနှစ်က အဲဒီလို လုပ်ဆောင်နိုင်တယ်။ ဒီတော့ ဒီနှစ်ရော အဲဒီလိုဖြစ်မလား။ အဲဒီလို အဓိကထား စောင့်ကြည့်ကြတယ်။ ပြောရရင် သူတို့ဟာ ဒီနှစ်လည်း အပြောင်းအရွှေ့ဈေးကွက်မှာ ခြေလှမ်းသွက်တယ်။ ဗလင်စီယာကွင်းလယ်ကစားသမား ကီတာကိုခေါ်တယ်။ ချယ်လ်ဆီးခံစစ်မှူး အက်ရှ် လေကိုးလ်ကို ဖြည့်တယ်။အေစီမီလန်က အီမန်နယ်ဆင်ကို ခေါ်တယ်။ ကက်ဂလီယာရီကစားသမား ဂိုလန်ကို အငှားနဲ့ခေါ်တယ်။ အဲဒီအတွက် ငွေလည်း သိပ်မကုန်ခဲ့ဘူး။ ကီတာ၊ အက်ရှ်လေကိုးလ်၊ အီမန်နယ်ဆင်တို့က အလွတ် ခေါ်ယူခဲ့သူတွေချည်းပဲ။ ဒီတော့ သူတို့ရဲ့ လုပ်ရပ်နဲ့ ခြေလှမ်းတွေကို ပိုပြီး စိတ်ဝင် စားကြတယ်။ သူတို့ရဲ့ အဲဒီလို ခြေလှမ်းတွေဟာ လက်တွေ့မှာရော အကျိုး ဖြစ်ပါ့ မလားလို့ စောင့်ကြည့်ကြတယ်။

အထူးသဖြင့် ဒီနှစ် စီးရီးအေဟာ အရင်ကနဲ့ မတူနိုင်ဘူး။ မနှစ်က စီးရီးအေမှာ သူတို့ အဓိက ယှဉ်ရတာက ဂျူဗင်တပ်စ်တစ်သင်းပဲရှိခဲ့တယ်။ ဒီနှစ်ကျတော့ အဲဒီလိုမဟုတ်နိုင်ဘူး။ ပြောရရင် မီလန်နှစ်သင်းကလည်း မနှစ်က ကျရိပ်ကို ပြန်ဖြည့် ဖို့ ခြေလှမ်းသွက်သွက်နဲ့ အားဖြည့်ထားကြတယ်။ အေစီမီလန်ဆိုရင် ပီအက်စ်ဂျီက ခံစစ်မှူး အဲလက်စ်နဲ့ ကွင်းလယ်စားသမား မီနက်ကို ခေါ်တယ်။ ဗလင်စီယာခံစစ်မှူး ရာမီ၊ ဆမ်ဒိုးရီးယားကွင်းလယ်ကစားသမား ပိုလီ၊ ပါးမားကွင်းလယ်ကစားသမား ဆာပိုနာရာတို့နဲ့လည်း အထိုင်ချထားတယ်၊ အားဖြည့်ထားတယ်။ အင်တာမီလန် ဆိုရင်ဥက်္ကဋ္ဌ ကိုယ်တိုင်က အသွင်သစ်နဲ့ မြင်စေရမယ်လို့ ကတိပေးထားတယ်။ အဲဒီကတိစကားအတိုင်းလည်း အားဖြည့်မှုတွေကို ထိထိမိမိလုပ်ထားတယ်။ ရူဘင်ကာဇန်ခံစစ်မှူး အမ်ဗီလာကို အငှားနဲ့ခေါ်တယ်။ ရိုးမားခံစစ်မှူး ဒိုဒို၊ တိုရီနိုဂိုးသမား ဘာနီ၊ မန်ယူခံစစ်မှူး ဗီဒစ်တို့နဲ့ အားဖြည့်ထားတယ်။ ဒီတော့ မီလန်နှစ်သင်းကိုလည်း မနှစ်ကလို လျှော့တွက်ထားလို့မရတော့ဘူး။ ပြီးတာ့ နာပိုလီရဲ့ အန်္တရာယ်ကလည်း ရှိသေးတယ်။

(တချိန်ကချဲလ်ဆီးနောက်ခံလူအခုတော့ရိုးမားနောက်ခံလူအက်ရှလေကိုးလ်)
;ပြောရရင် နာပိုလီဟာ သူတို့ထက် တောင် ကစားသမားအင်အားပိုင်း တောင့်တင်းမှုပိုရှိသလို မနှစ်ကတည်းကသူတို့ နည်းတူ ဂျူဗင်တပ်စ်ကို အန်တုနိုင်ခဲ့တဲ့အသင်း။ ပြီးတော့ ခံစစ်မှူး ဂျူလီသာလီနဲ့ ထပ်ဖြည့်ထားတယ်။ ဆွမ်ဆီးတိုက်စစ်မှူး မီချူးကိုလည်း ရဖို့နီးနေပြီ။ ပြောချင်တာ က ရာသီသစ်ဟာ ရိုးမားအတွက် ပြိုင်ဘက် အ၀န်းအ၀ိုင်းက မနှစ်ကထက် ပိုကျယ် ပြန့်သွားတယ်။ ဒီတော့ မနှစ်ကလို အန်တုမှုမျိုး သူတို့ လုပ်နိုင်ပါတော့မလား။ စိတ်ဝင်စားဖို့ ကောင်းတယ်။ တွေးစရာ သိပ်ကောင်းတယ်။ အထူးသဖြင့် သူတို့ဟာ မနှစ်က စီးရီးအေမှာ ဒုတိယရတယ်။ အဲဒီအတွက် ရာသီသစ်မှာ သူတို့ဟာ ချန်ပီယံလိဂ်ဝင်ရမယ်။ ဒီတော့ သူတို့ ဖွင့်တိုက်ရမယ့် ပြိုင်ပွဲစစ်မျက်နှာပြင်ကလည်း ပိုပြီးတော့ များသွားတယ်။ မနှစ်က ပြိုင်ပွဲနှစ်ရပ်သာ ကစားခဲ့ရတဲ့သူတို့ဟာ ရာသီသစ်မှာ ပြိုင်ပွဲသုံးရပ်ခွဲရတော့မယ်။ ဒါကို သူတို့ ဘယ်လိုအန်တုမလဲ။ ပြိုင်ဘက်ဝန်းကျင်ကလည်း ပိုကျယ်ပြန့်၊ ပြိုင်ပွဲစစ်မျက်နှာက လည်းပိုများလာချိန်မှာ သူတို့ရဲ့ အင်အားကရော လုံလောက်ပြီလား။ အဲဒါကိုပဲ အားလုံးက စိတ်ပူကြတယ်။ တစ်ခုတော့ ရှိတယ်။ သူတို့ဟာ မနှစ်ကလောက် အပြောင်းအလဲ မများဘူး။ အဲဒီအတွက် သူတို့ဟာ မနှစ်ကထက် နားလည်မှု ပိုရှိလာနိုင်တယ်။ ပြီးတော့ အက်ရှ်လေကိုးလ်၊ အီမန်နယ်ဆင်၊ ကီတာတို့ရဲ့ ဦးဆောင်နိုင်အား။ အဲဒါကို သူတို့ ရဲ့ စုစည်းမှုထဲ ပေါင်းထည့်ထားနိုင်တယ်ဆိုတော့။ ရိုးမားက အတွေးမှာ အစွန်း နှစ်ဖက် နင်းတယ်။ တစ်ဖက်က သူတို့ရဲ့ လှုပ်ရှားမှု၊ အားဖြည့်မှုတွေအပေါ် ကျေနပ် တယ်။ တစ်ဖက်ကကျတော့ ပြိုင်ဘက်တွေရဲ့ တိုးတက်လာနိုင်အား။ ပြိုင်ပွဲ စစ်မျက် နှာပြင် ပိုများလာနိုင်မှုတွေအရ သူတို့ကို သံသယရှိကြတယ်။ ဒီတော့ သူတို့ဘယ်လို ဖြစ်လာမလဲ။ စီးရီးအေမှာတော့ ရိုးမားက စောင့်ကြည့်ချင်စရာ အကောင်းဆုံး အသင်းဖြစ်နေတာ ငြင်းလို့မရဘူး။ ၊၊၊

+လင်းဆက်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)