ရုပ်ရှင်သရုပ်ဆောင်နှင့် မော်လ်ဒယ် တစ်ဦးဖြစ်သူ Megan Foxက ၎င်းသည် အမြဲတမ်းလိုလို လူအများ စိတ်ဝင်စားခံရသူတစ်ဦး ဖြစ်ခဲ့သော် လည်း အထီးကျန်သလို ခံစားရပါ ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ယခုနှစ်အတွင်း အသစ်ထွက်ရှိ လာသည့် လိပ်နင်ဂျာဇာတ်ကားသစ် တွင် ပါဝင်သရုပ်ဆောင်ထားသူ အသက် (၂၈)နှစ်အရွယ် မင်းသမီး Megan Fox က ““ကျောင်းနေစဉ် အလယ်တန်းနှင့် အထက်တန်း ကျောင်းသူဘ၀ကတည်းက သူငယ် ချင်းများများမရှိခဲ့ပါဘူး၊ တစ်ခါတစ်ရံ အထီးကျန်လွန်းလို့ ကိုယ့်ကိုယ်ကိုယ် လူထူးလူဆန်းတစ်ယောက်လိုတောင် ခံစားရပါတယ်””ဟု ဆိုသည်။
ဟောလိဝုဒ်ရုပ်ရှင်လောက၏ ဆွဲဆောင်မှုအရှိဆုံးမင်းသမီးတစ်ဦး အဖြစ် တင်စားခံရသူ သရုပ်ဆောင် Megan Fox ပါဝင်သရုပ်ဆောင် ထားသည့် Teenage Mutant Ninja Turtlesဇာတ်ကားသစ်ကို သြဂုတ် လဆန်းပိုင်းတွင် ပါရာမောင့်ရုပ်ရှင် ထုတ်လုပ်ရေးမှ ဖြန့်ချိပြသသွားမည် ဖြစ်ကြောင်း သိရသည်။(မျိုးစန်္ဒာမောင်)
**Dragon Bladeမှတ်တမ်းဇာတ်ကားtအပေါါ်တွင် ယုံကြည်မှုအပြည့်ရှိသည့်ဂျက်ကီချန်း**
အီတလီစီးရီးအေကလပ် အေစီမီလန်တိုက်စစ်မှူး ဘာလော့တယ်လီအား ပရီမီယာလိဂ်ကလပ် အာဆင်နယ် အသင်းမှ စိတ်ဝင်စားလျက်ရှိသော်လည်း လက်ရှိကလပ် အေစီမီလန်အသင်း၌ ဘာလော့တယ်လီ ဆက်ရှိရန်မှာ ၉၉ ဒသမ ၉ ရာခိုင်နှုန်းအထိ သေချာနေကြောင်း အေစီမီလန် အသင်းအမှုဆောင်အရာရှိချုပ် အက်ဒရီယာနိုဂယ်လီယာနီ က အခိုင်အမာပြောကြားခဲ့သည်။ အေစီမီလန်အသင်းဥက်္ကဋ္ဌ ဘာလူစကိုနီအနေဖြင့် ဘာလော့တယ်လီအား အင်္ဂလန်အသင်းတစ်သင်းသို့ သန်း ပေါင်းများစွာဖြင့် ရောင်းချနေခဲ့ကြောင်း ယခုနှစ်နွေရာသီ အပြောင်းအရွှေ့အစပိုင်းက ပြောကြားခဲ့သည်များရှိခဲ့ခြင်း ကြောင့် တိုက်စစ်မှူးး;ဘာလော့တယ်လီကိုယ်တိုင်ပင် နည်းပြအာစင်ဝင်းဂါး၏ အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ ကစားရန် ချိတ်ဆက်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။ သို့ရာတွင် တိုက်စစ်မှူးးဘာလော့တယ်လီသည် လာမည့်ဘောလုံးရာသီတွင် အေစီမီလန်အသင်း အောင်မြင်မှု၏ တစ်စိတ်တစ်ဒေသအဖြစ် ပါဝင်နေခြင်းကြောင့် တိုက်စစ်မှူးးဘာလော့တယ်လီအား အင်္ဂလန်မြေသို့ ရောင်း ချမည့် မည်သို့သော အခွင့်အရေးကိုမဆို ပိတ်ပင်သွားမည် ဖြစ်ကြောင်း အေစီမီလန်အသင်းအမှုဆောင်အရာရှိချုပ် ဂယ်လီယာနီက ပြောကြားခဲ့သည်။ ထို့ပြင် တိုက်စစ်မှူး ဘာလော့တယ်လီ အနေဖြင့် ၎င်းကိုရောင်းချရန်တောင်းဆိုမှု မပြုလုပ်ခဲ့ကြောင်း၊ သို့ရာတွင် ရှေ့ဆက်ဘာဖြစ်မည်ဆိုသည်နှင့်စပ်လျဉ်း၍ မသိနိုင်သော်လည်း အေစီမီလန်အသင်း၌ ဆက်ရှိနေရန်မှာ ၉၉ ဒသမ ၉ ရာခိုင်နှုန်းအထိ သေချာနေကြောင်း ဂယ်လီ ယာနီက ဆိုသည်။ [နိုင်လင်းကြည်]
**ဆောက်သမ်တန် နောက်တန်းလော့ဗရင်အားလီဗာပူးခေါ်ယူမည်**
ဆောက်သမ်တန် နောက်တန်းကစားသမား ဒေဂျန်လော့ဗရင်အား လီဗာပူးက ပေါင်သန်း ၂၀ ဖြင့်ခေါ်ယူရန် သဘောတူလိုက်သည် ကလပ်နှစ်ခု သဘောတူခဲ့ပြီးနောက် လာမည့်သီတင်းပတ်တွင် ဆေးစစ်မှုပြုလုပ်သွားဖွယ် ရှိသည်။ အသက် ၂၅ နှစ်ရှိ ခရိုအေးရှား နောက်တန်းကစားသမား လော့ဗရင် သည် ကမ်္ဘာ့ဖလားတွင် အဓိကကစားသမားအဖြစ် ပါဝင်ကစားခဲ့သူဖြစ်သည်။ လော့ဗရင်သည် ဆောက်သမ်တန်အသင်း၏ အဓိကကစားသမားတစ်ဦး ဖြစ်သည်။(အာကာကျော်) **လူအများစိတ်ဝင်စားခံရသူတစ်ဦး ဖြစ်ခဲ့သော် လည်း အထီးကျန်သလို ခံစားဗနရသည့်Megan Fox**
ရုပ်ရှင်သရုပ်ဆောင်နှင့် မော်လ်ဒယ် တစ်ဦးဖြစ်သူ Megan Foxက ၎င်းသည် အမြဲတမ်းလိုလို လူအများ စိတ်ဝင်စားခံရသူတစ်ဦး ဖြစ်ခဲ့သော် လည်း အထီးကျန်သလို ခံစားရပါ ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ယခုနှစ်အတွင်း အသစ်ထွက်ရှိ လာသည့် လိပ်နင်ဂျာဇာတ်ကားသစ် တွင် ပါဝင်သရုပ်ဆောင်ထားသူ အသက် (၂၈)နှစ်အရွယ် မင်းသမီး Megan Fox က ““ကျောင်းနေစဉ် အလယ်တန်းနှင့် အထက်တန်း ကျောင်းသူဘ၀ကတည်းက သူငယ် ချင်းများများမရှိခဲ့ပါဘူး၊ တစ်ခါတစ်ရံ အထီးကျန်လွန်းလို့ ကိုယ့်ကိုယ်ကိုယ် လူထူးလူဆန်းတစ်ယောက်လိုတောင် ခံစားရပါတယ်””ဟု ဆိုသည်။
ဟောလိဝုဒ်ရုပ်ရှင်လောက၏ ဆွဲဆောင်မှုအရှိဆုံးမင်းသမီးတစ်ဦး အဖြစ် တင်စားခံရသူ သရုပ်ဆောင် Megan Fox ပါဝင်သရုပ်ဆောင် ထားသည့် Teenage Mutant Ninja Turtlesဇာတ်ကားသစ်ကို သြဂုတ် လဆန်းပိုင်းတွင် ပါရာမောင့်ရုပ်ရှင် ထုတ်လုပ်ရေးမှ ဖြန့်ချိပြသသွားမည် ဖြစ်ကြောင်း သိရသည်။(မျိုးစန်္ဒာမောင်)
**Dragon Bladeမှတ်တမ်းဇာတ်ကားtအပေါါ်တွင် ယုံကြည်မှုအပြည့်ရှိသည့်ဂျက်ကီချန်း**
အီတလီစီးရီးအေကလပ် အေစီမီလန်တိုက်စစ်မှူး ဘာလော့တယ်လီအား ပရီမီယာလိဂ်ကလပ် အာဆင်နယ် အသင်းမှ စိတ်ဝင်စားလျက်ရှိသော်လည်း လက်ရှိကလပ် အေစီမီလန်အသင်း၌ ဘာလော့တယ်လီ ဆက်ရှိရန်မှာ ၉၉ ဒသမ ၉ ရာခိုင်နှုန်းအထိ သေချာနေကြောင်း အေစီမီလန် အသင်းအမှုဆောင်အရာရှိချုပ် အက်ဒရီယာနိုဂယ်လီယာနီ က အခိုင်အမာပြောကြားခဲ့သည်။ အေစီမီလန်အသင်းဥက်္ကဋ္ဌ ဘာလူစကိုနီအနေဖြင့် ဘာလော့တယ်လီအား အင်္ဂလန်အသင်းတစ်သင်းသို့ သန်း ပေါင်းများစွာဖြင့် ရောင်းချနေခဲ့ကြောင်း ယခုနှစ်နွေရာသီ အပြောင်းအရွှေ့အစပိုင်းက ပြောကြားခဲ့သည်များရှိခဲ့ခြင်း ကြောင့် တိုက်စစ်မှူးး;ဘာလော့တယ်လီကိုယ်တိုင်ပင် နည်းပြအာစင်ဝင်းဂါး၏ အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ ကစားရန် ချိတ်ဆက်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။ သို့ရာတွင် တိုက်စစ်မှူးးဘာလော့တယ်လီသည် လာမည့်ဘောလုံးရာသီတွင် အေစီမီလန်အသင်း အောင်မြင်မှု၏ တစ်စိတ်တစ်ဒေသအဖြစ် ပါဝင်နေခြင်းကြောင့် တိုက်စစ်မှူးးဘာလော့တယ်လီအား အင်္ဂလန်မြေသို့ ရောင်း ချမည့် မည်သို့သော အခွင့်အရေးကိုမဆို ပိတ်ပင်သွားမည် ဖြစ်ကြောင်း အေစီမီလန်အသင်းအမှုဆောင်အရာရှိချုပ် ဂယ်လီယာနီက ပြောကြားခဲ့သည်။ ထို့ပြင် တိုက်စစ်မှူး ဘာလော့တယ်လီ အနေဖြင့် ၎င်းကိုရောင်းချရန်တောင်းဆိုမှု မပြုလုပ်ခဲ့ကြောင်း၊ သို့ရာတွင် ရှေ့ဆက်ဘာဖြစ်မည်ဆိုသည်နှင့်စပ်လျဉ်း၍ မသိနိုင်သော်လည်း အေစီမီလန်အသင်း၌ ဆက်ရှိနေရန်မှာ ၉၉ ဒသမ ၉ ရာခိုင်နှုန်းအထိ သေချာနေကြောင်း ဂယ်လီ ယာနီက ဆိုသည်။ [နိုင်လင်းကြည်]
**ဆောက်သမ်တန် နောက်တန်းလော့ဗရင်အားလီဗာပူးခေါ်ယူမည်**
ဆောက်သမ်တန် နောက်တန်းကစားသမား ဒေဂျန်လော့ဗရင်အား လီဗာပူးက ပေါင်သန်း ၂၀ ဖြင့်ခေါ်ယူရန် သဘောတူလိုက်သည် ကလပ်နှစ်ခု သဘောတူခဲ့ပြီးနောက် လာမည့်သီတင်းပတ်တွင် ဆေးစစ်မှုပြုလုပ်သွားဖွယ် ရှိသည်။ အသက် ၂၅ နှစ်ရှိ ခရိုအေးရှား နောက်တန်းကစားသမား လော့ဗရင် သည် ကမ်္ဘာ့ဖလားတွင် အဓိကကစားသမားအဖြစ် ပါဝင်ကစားခဲ့သူဖြစ်သည်။ လော့ဗရင်သည် ဆောက်သမ်တန်အသင်း၏ အဓိကကစားသမားတစ်ဦး ဖြစ်သည်။(အာကာကျော်)
No comments:
Post a Comment