=(ဇူလိုင်လ၂၁ရက်၊၂၀၁၄-သောင်ရင်းနဂါး)=
ထိုင်းနိုင်ငံရှိရွှေ့ ပြောင်းအလုပ်သမားအကျိုးဆောင်(စီဘီအို)အဖွဲ့ များ ရဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကိုဘန်ကောက်မြို့ တော်အနီးနခွန်းပထုန်ခရိုင် စာမ်ဖရမ်မြို မှာဒီနေ့ ဇူလိုင်လ၂၁ရက်ကနေ၂၃ရက်နေ အထိကျင်းပမှာဖြစ်ပါတယ်။ ထိုင်းတစ်နိုင်ငံလုံးက(အထူးသဖြင့်မဲဆောက်၊ဘန်ကောက်၊ချင်းမိုင်၊ဖန်င၊ မဟာချိုင်၊ရနောင်း၊ပကျွတ်၊ဖူးခက်၊နခွန်းဆီထာမရတ်စတဲ့ ဒေသတွေကအပြင်မြန်မာပြည် ကော့သောင်းဒေသ
ကပါတက်ရောက်လာကြပါတယ်။ ဒီနေ့ အဖွင့်ပထမနေ့ မှာထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးကအလုပ်သမားသံ
အရာရှိဦးသိမ်းနိုင်က...ကျနော်တို့ရဲ့ လူထု အခြေပြု(စီဘီအို)အဖွဲ့ အစည်းတွေကိုမှာကြားချင်တာကပြသနာတစ်ခုခုကိုမိမိတို့ ကလက်ခံလိုက်ပြီဆိုရင်...
What(ဘာဖြစ်တာလဲ)Who(ဘယ်သူဖြစ်တာလဲ)Where(ဘယ်နေရာမှာဖြစ်တာလဲ)Who(ဘယ်သူဖြစ်တာလဲ)
Why(ဘာကြောင့်ဖြစ်တာလဲ)ဆိုတဲ့ဘ..၅လုံးကို အလေးအနက်ထားပြီမးမြန်းစူးစမ်းစေချင်ပါတယ်....လို့ အကြံပြုသွားပါတယ်။ ဒီနေ့ အစည်းအဝေးကိုဘန်ောက်အခြေစိုက်Migrant Working Groupမှဦးစီးကျင်းပတာဖြစ်ပြီးထိုင်းတစ်နိုင်ငံလုံးမှလူထုအခြေပြုအဖွဲ့ အစည်းကိုယ်စားလှယ်(၇၀)ခန့်
တက်ရောက်ဆွေးနွေးခဲ့ ကြပါတယ်။
(ထိုင်းနိုင်ငံဆိုင်ရာမ်ြန်မာသံရုံးမှအလုပ်သမားသံအရာရှိဦးသိမ်းနိုင်နှင့် ထိုင်းတစ်နိုင်ငံလုံးမှစီဘီအိုများအမှတ်တရ)
ဒီနေ့ အဖွင့်ပထမနေ့ မှာထိုင်းနိုင်ငံဆိုင်ရာမြန်မာ သံရုံးကအလုပ်သမားသံအရာရှိဦးသိမ်းနိုင်တက်ရောက် လာသလိုတက်ရောက်လာကြသူတွေနဲ့ လည်းအမှတ်တရစုပေါင်းပုံရိုက်သွားပါတယ်''''။' အခုလိုအလုပ်ရုံဆွေးနွေးပွဲကျင်းပတာဟာပထမဆုံးအကြိမ်ဖြစ်ပြီးထိုင်းနိုင်ငံရှိရွှေ့ ပြောင်း အလုပ်သမားအကျိုးဆောင်(စီဘီအို)အဖွဲ့ များအားလုံးဆိုင်ရာကွန်ယက်ပေါါ်ပေါက်လာရေး အတွက်တက်ရောက်လာသောထိုင်းနှင့်မြန်မာစီဘီအိုအားလုံးကယုံကြည်မျှော်လင့်ကြပါတယ်။ အစည်းအဝေးတက်ရောက်တဲ့မဲဆောကမြို့ အခြေစိုက်MRPWGအဖွဲ့ဝင်၁ဦးက-= =ထိုင်းနိုင်ငံရှိရွှေ့ ပြောင်း အလုပ်သမားအကျိုးဆောင်(စီဘီအို)အဖွဲ့ တွေရဲ့ ကွန်ယက်ကြီးပေါါ်ပေါက်ဖို့ ဒီမှာပူးပေါင်းဆောင်ရွက်နေကြတာ
ပါ။ မတူကွဲပြားတဲ့ဒေသအသီးသီးကမိတ်ဆွေသစ်တွေနဲ့ ရှေ့ ဆက်ပြီးဘယ်ပုံဘယ်နည်းရေရှည်
ပူးပေါင်းဆောင်ရွက်နိုင်မယ့်နည်းလမ်းတွေကို ခင်မင်ရင်းနှီးမှုကတဆင့်အတူလက်တွဲရှာဖွေနိုင်မယ်လို့ မျှော်လင့်ပါတယ်။ကျနောို့ MRPWGဟာ
မဲဆောက်ဒေသကအလုပ်သမားရေး၊ပညာရေး၊ ကျန်းမာရေးဆိုင်ရာအဖွဲ့ အစည်းပေါင်း၃၇ဖွဲ့နဲ့ ပြီးခဲ့တဲ့၂၀၀၆ခုနှစ်ဇူလိုင် လကတည်းကလှုပ်ရှားဆောင်ရွက်ခဲ့တာမို့ လို့ အတွေ့ အကြုံအများကြီးရှိနေပါတယ်။....လို့  ပြောပါတယ်။
(ထိုင်းနိုင်ငံဆိုင်ရာမ်ြန်မာသံရုံးမှ
အလုပ်သမားသံအရာရှိဦးသိမ်းနိုင်ဆွေးနွေးနေစဉ်)

No comments:
Post a Comment