ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, July 25, 2014

==ယခုလအတွင်းဟိုအကြောင်းဒီအကြောင်းသူတို့ အကြောင်း==

>

**ယခုနှစ်တိုရွန်တိုရုပ်ရှင်ပွဲတော်တွင်တရုတ်ဇာတ်ကားလေးကား ပါဝင်ပြသသွားမည်**
 (တိုရွန်တို ဇူလိုင် ၂၄)
 ၁၉၇၆ ခုနှစ်က စတင်ကျင်းပခဲ့ပြီး ယခုအခါ ကမ်္ဘာ့အထင်ကရရုပ်ရှင် ပွဲတော်များတွင် တစ်ခုအပါအ၀င် ဖြစ်လာခဲ့သည့် တိုရွန်တိုနိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို စက်တင်ဘာ ၄ ရက် မှ ၁၄ ရက်အထိ ကနေဒါနိုင်ငံ၏ လူဦးရေ အထူထပ်ဆုံး မြို့တစ်မြို့ ဖြစ်သည့် တိုရွန်တိုမြို့၌ ကျင်းပ သွားမည်ဖြစ်ရာ ယင်းရုပ်ရှင်ပွဲတော် တွင် တရုတ်နိုင်ငံမှ ဇာတ်ကားလေး ကား ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

(၃၉)ကြိမ်မြောက် တိုရွန်တို နိုင်ငံ တကာရုပ်ရှင်ပွဲတော်တွင် ပါဝင်ပြသ မည့် ရုပ်ရှင်ဇာတ်ကား ၃၀၀ အနက် တရုတ်ဒါရိုက်တာ ပီတာချန်း၏ Dearest ဇာတ်ကား၊ ဒါရိုက်တာ Ning Hao ၏   Breakup Buddiesဇာတ်ကား၊ ဒါရိုက်တာZhang
Yimou ၏ Coming Home ဇာတ်ကားနှင့် ဒါရိုက်တာWang
Xiaoshuai၏  Red Amnesia ဇာ တ်ကားတို့သည်ယင်းရုပ်ရှင်ပွဲတော်မှ တစ်ဆင့် ကမ်္ဘာ့ရုပ်ရှင် လောကသို့ ထိုးဖောက်ခွင့်ရရှိကြ မည်ဖြစ်သည်။ ယင်းသည် တရုတ်ရုပ်ရှင်လောက သို့ မိတ်ဆက်သည့်သဘောလည်း ပါဝင်ကာ လာမည့် ရက်သတ်္တပတ် များအတွင်း တရုတ်ရုပ်ရှင်ဇာတ်ကား များနှင့်ပတ်သက်ပြီး ပိုမိုကျယ်ပြန့် သည့် သတင်းအချက်အလက်များကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ရုပ်ရှင်ပွဲတော် ကျင်းပရေးတာဝန် ရှိသူတစ်ဦးက ဆိုသည်။
ထို့အပြင် တိုရွန်တိုနိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် မင်းသမီး ကိတ်ဝင်း စလက်ပါဝင်သရုပ်ဆောင်ထားသည့် A Little Chaosဇာတ်ကားဖြင့် ပိတ်ပွဲအခမ်းအနား ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။ (မျိုးစန်္ဒာမောင်)

**နည်းပြသစ် ဗန်ဟားလ်၏ ပထမဆုံးမန်ယူနိုင်ပွဲ**

နည်းပြသစ် ဗန်ဟားလ်၏ မန်ယူ က ကယ်လီဖိုးနီးယား၌ ကစားခဲ့ သော အယ်လ်အေဂလက်စီအသင်း နှင့်ပွဲတွင် ခုနစ်ဂိုးပြတ်ဖြင့် အနိုင် ရလိုက်သည်။ ပရိသတ် ၈၆၄၃၂ ဦး လာရောက် ကြည့်ရှုသည့် ယင်းပွဲ သည် ဗန်ဟားလ်၏ ပထမဆုံးနိုင်ပွဲ ဖြစ်သည်။ ယင်းပွဲတွင် တိုက်စစ်မှူးးရွန်းနေက နှစ်ဂိုးသွင်းယူပေးခဲ့သည်။ ပွဲစပြီး ၁၃ မိနစ်အကြာ ဒန်နီဝဲလ်ဘတ်က အဖွင့်ဂိုး သွင်းပြီးနောက် တောင်ပံ ကစားသမား  
အက်ရှ်လေယန်းနှင့် နောက်တန်းလူ ရေစီဂျိမ်းတို့ကလည်း နှစ်ဂိုးစီ သွင်းယူပေးခဲ့သည်။**(အာကာကျော်)

**ယခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလအတွင်းလီဗာပူးအသင်း ပေါင်သန်း၁၀၀ ကျော်သုံးစွဲမည်**

အင်္ဂလန်ပရီမီယာလိဂ် ကလပ် အသင်းတစ်သင်းဖြစ်သည့် လီဗာပူး အသင်းသည် ယခုနှစ်နွေရာသီအပြောင်း အရွှေ့ကာလအတွင်း ပေါင်သန်း ၁၀၀ ကျော်သုံးစွဲကာ ကစားသမားသစ် များကိုခေါ်ယူအားဖြည့်သွားမည်ဖြစ် ကြောင်းသိရသည်။ လီဗာပူးအသင်း သည် လက်ရှိအချိန်တွင် ဆောက်သမ်တန် အသင်း၏ ကစားသမားများဖြစ်ကြသည့် ရစ်ကီ လမ်းဘတ်၊ လယ်လာနာတို့အပြင် လေဗာကူဆင် ကွင်းလယ်လူ အမ်မရီ ကန်၊ ဘင်ဖီကာတိုက်စစ်မှူးးမာတစ် တို့အား ပေါင်သန်း ၆၀အထိ သုံးစွဲ ကာ ခေါ်ယူထားခဲ့ပြီဖြစ်သည်။ သို့သော်လည်း လီဗာပူးအသင်း၏ နည်းပြဖြစ်သူ ဘရန်ဒန်ရော်ဂျာမှာ ကစားသမားသစ်များကို ထပ်မံ ခေါ်ယူရန် ဆန်္ဒရှိနေပြီး ကလပ်အသင်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အဖြစ် ပေါင်သန်း ၁၀၀ ကျော်အထိ သုံးစွဲသွားရန် စီစဉ်လျက်ရှိကြောင်း ဗြိတိန်သတင်း စာDaily Mail က ဖော်ပြခဲ့သည်။

လီဗာပူးအသင်းမှာ အဓိက ကစားသမားနှစ်ဦးဖြစ်သည့် လူးဝစ်ဆွာရက်ဇ်နှင့် ဘော်ရီနီတို့အား ရောင်းချရာတွင် ပေါင် ၈၉သန်းထိရရှိ ထားသောကြောင့် ယခုကဲ့သို့ပေါင် သန်း ၁၀၀ ကျော်သုံးစွဲပြီး ကစား သမားသစ်များကို ခေါ်ယူရန် စီစဉ် လာခဲ့ခြင်းဖြစ်သည်။ ထို့ပြင် လီဗာပူးအသင်းမှာQPRအသင်း၏ ပြင်သစ်တိုက်စစ်မှူးးရီမီနှင့် ဆောက်သမ်တန်အသင်း၏ နောက်ခံ လူ လိုဗရန်တို့အား ခေါ်ယူရန် သဘောတူညီချက်ရရှိထားခဲ့ပြီး မကြာမီ အချိန်တွင် အသင်းသို့အပြီးသတ် ခေါ်ယူနိုင်ဖွယ်ရှိကြောင်း သိရသည်။[ကိုရဲ]

 **ပူယိုးလ်၏ နေရာတွင် မတ်သီရှူးးကို အစားထိုး မည်**

ဘာစီလိုနာက ဗလင်စီယာ နောက်တန်းကစားသမား ဂျယ်ရီမီ မတ်သီရှူးကို ပေါင် ၁၅ ဒသမ ၈ သန်းဖြင့် ခေါ်ယူစာချုပ်လိုက်သည်။ အသက် ၃၀ အရွယ် မတ်သီရှူးးသည် ပြင်သစ်အသင်းတွင် နှစ်ကြိမ်တိုင် အသင်းခေါင်းဆောင်အဖြစ် ကစားခဲ့ သူဖြစ်သည်။ သူသည် ၀ဲနောက်တန်း နှင့် ဗဟိုခံစစ်မှူးနှစ်နေရာ ကစားနိုင် သူဖြစ်သည်။ ၁၅ နှစ်ကြာ ဘာစီလိုနာ အသင်းတွင် ကစားခဲ့သော အသင်း ခေါင်းဆောင်ဟောင်း ကားလက်စ် ပူယိုးလ်၏ နေရာတွင် ၄င်းကို အစားထိုး မည်ဟု ဆိုသည်။(အာကာကျော်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)