>
စပိန်လာလီဂါရဲ့ ၂၀၁၄-၂၀၁၅
ဘောလုံးရာသီအတွက် ပွဲစဉ်ဇယား
ထွက်လာပြီးတဲ့နောက် လာလီဂါရဲ့
လာမယ့်ဘောလုံးရာသီမှာ ရီးရဲ
မက်ဒရစ်အသင်း လွှမ်းမိုးနိုင်ရေး
ကြိုးစားသွားမယ်လို့ နည်းပြ
အန်ဆယ်လော့တီက ထုတ်ဖော်
ပြောကြားလိုက်ပါတယ်။
လာမယ့်သြဂုတ် ၂၄ ရက်မှာ စတင်မယ့်
လာလီဂါပြိုင်ပွဲမှာ ရီးရဲမက်ဒရစ်ဟာ
အိမ်ကွင်း ဘာနေဗျူးမှာ ကော်တိုဗာ
အသင်းကို လက်ခံကစားရမှာဖြစ်ပါ
တယ်။ ရာသီအဖွင့် ပွဲစဉ်က စတင်
ပြီး နိုင်ပွဲမှတ်တမ်းတွေနဲ့ဖြတ်သန်း
ဖို့အတွက် ကစားသမားတွေနဲ့ စိတ်
ဓာတ်ပိုင်းကို မြှင့်တင်ထားတယ်လို့
လည်း အန်ဆယ်လော့တီက ပြောပါ
တယ်။ ရီးရဲမက်ဒရစ်ဟာ ကမ်္ဘာ့ဖလား
ပြိုင်ပွဲကျင်းပနေတဲ့ ကာလတစ်လျှောက်
လုံး အသင်းအတွက်လိုအပ်၊ အားနည်း
နေတဲ့နေရာတွေအတွက် ကစား
သမားအသစ်တွေ ခေါ်ယူခဲ့တဲ့နေရာ
မှာ ကမ်္ဘာ့ဖလားပွဲမှာ ခြေစွမ်းပြခဲ့ကြတဲ့
ဂျာမနီကစားသမား တိုနီခရူးစ်နဲ့
ကိုလံဘီယာ ကွင်းလယ်တိုက်စစ်မှူး
ဂျိမ်းရိုဒရီဂွက်ဇ်တို့ကို ထိုက်ထိုက်
တန်တန် ငွေကြေးတွေနဲ့ရအောင်
ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
ရီးရဲမက်ဒရစ်ဟာ အခုဆိုရင်
လာမယ့် ဘောလုံးရာသီမှာ အသင်း
တိုင်း ထိတ်လန့်မှုရှိစေမယ့် အရှိန်
အ၀ါမျိုး၊ စွမ်းဆောင်မှုမျိုးတွေကို
ပြန်လည်ဖော်ထုတ်ပြသနိုင်တော့မှာ
ဖြစ်ပါတယ်လို့ နည်းပြအန်ဆယ်
လော့တီက ပြောနေပါတယ်။
““ကျွန်တော်တို့ဟာ လာလီဂါရဲ့
ပွဲစဉ်တွေရော တခြားပွဲစဉ်တွေ ဖြစ်
တဲ့ ဥရောပ စူပါဖလား၊ စပိန် စူပါ
ကိုပါဖလား၊ ကလပ်ကမ်္ဘာ့ဖလား၊
စပိန် ဘုရင့်ဖလား၊ ချန်ပီယံလိဂ်ဖလား
စတဲ့ ပြိုင်ပွဲစုံမှာ ပါဝင်ဆင်နွှဲပြီး ဖလား
အားလုံးရယူဖို့ စိတ်ပိုင်းဖြတ်ထားပြီး
ဖြစ်ပါတယ်။ ဒီပြိုင်ပွဲတွေမှာ ဖလား
ရယူဖို့အတွက် စီရော်နယ်ဒို၊ ဂါရက်
ဘေးလ်၊ တိုနီခရူးစ်နဲ့ ဂျိမ်းရိုဒရီဂွက်ဇ်
တို့လို ကစားသမားကောင်းတွေရဲ့
စွမ်းအားနဲ့ အားထုတ်စွမ်းဆောင်သွား
မယ်””လို့ နည်းပြအန်ဆယ်လော့တီက
ဟြေကြားပါတယ်။
ရီးရဲမက်ဒရစ်ဟာ
အဓိကပြိုင်ဘက် ဘာစီလိုနာကို
ရင်ဆိုင်အနိုင်ယူဖို့အတွက်နဲ့ ကျော်
ဖြတ်နိုင်ဖို့အတွက် ကစားသမား
တွေရော နည်းစနစ်ပိုင်းတွေမှာပါ
ပြောင်းလဲပြင်ဆင်မှုတွေ ပြုလုပ်နေ
သလို ပြိုင်ဘက်အသင်းတွေကလည်း
ပြုပြင်မှု ပြုလုပ်နေတဲ့အတွက် ခု
လာမယ့် ဘောလုံးရာသီ လာလီဂါမှာ
ရီးရဲမက်ဒရစ်တို့ ဘယ်လို လွှမ်းမိုးမယ်
ဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ။
+မိုးမြင့်လင်းလက်+
စပိန်လာလီဂါရဲ့ ၂၀၁၄-၂၀၁၅
ဘောလုံးရာသီအတွက် ပွဲစဉ်ဇယား
ထွက်လာပြီးတဲ့နောက် လာလီဂါရဲ့
လာမယ့်ဘောလုံးရာသီမှာ ရီးရဲ
မက်ဒရစ်အသင်း လွှမ်းမိုးနိုင်ရေး
ကြိုးစားသွားမယ်လို့ နည်းပြ
အန်ဆယ်လော့တီက ထုတ်ဖော်
ပြောကြားလိုက်ပါတယ်။
လာမယ့်သြဂုတ် ၂၄ ရက်မှာ စတင်မယ့်
လာလီဂါပြိုင်ပွဲမှာ ရီးရဲမက်ဒရစ်ဟာ
အိမ်ကွင်း ဘာနေဗျူးမှာ ကော်တိုဗာ
အသင်းကို လက်ခံကစားရမှာဖြစ်ပါ
တယ်။ ရာသီအဖွင့် ပွဲစဉ်က စတင်
ပြီး နိုင်ပွဲမှတ်တမ်းတွေနဲ့ဖြတ်သန်း
ဖို့အတွက် ကစားသမားတွေနဲ့ စိတ်
ဓာတ်ပိုင်းကို မြှင့်တင်ထားတယ်လို့
လည်း အန်ဆယ်လော့တီက ပြောပါ
တယ်။ ရီးရဲမက်ဒရစ်ဟာ ကမ်္ဘာ့ဖလား
ပြိုင်ပွဲကျင်းပနေတဲ့ ကာလတစ်လျှောက်
လုံး အသင်းအတွက်လိုအပ်၊ အားနည်း
နေတဲ့နေရာတွေအတွက် ကစား
သမားအသစ်တွေ ခေါ်ယူခဲ့တဲ့နေရာ
မှာ ကမ်္ဘာ့ဖလားပွဲမှာ ခြေစွမ်းပြခဲ့ကြတဲ့
ဂျာမနီကစားသမား တိုနီခရူးစ်နဲ့
ကိုလံဘီယာ ကွင်းလယ်တိုက်စစ်မှူး
ဂျိမ်းရိုဒရီဂွက်ဇ်တို့ကို ထိုက်ထိုက်
တန်တန် ငွေကြေးတွေနဲ့ရအောင်
ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
ရီးရဲမက်ဒရစ်ဟာ အခုဆိုရင်
လာမယ့် ဘောလုံးရာသီမှာ အသင်း
တိုင်း ထိတ်လန့်မှုရှိစေမယ့် အရှိန်
အ၀ါမျိုး၊ စွမ်းဆောင်မှုမျိုးတွေကို
ပြန်လည်ဖော်ထုတ်ပြသနိုင်တော့မှာ
ဖြစ်ပါတယ်လို့ နည်းပြအန်ဆယ်
လော့တီက ပြောနေပါတယ်။
““ကျွန်တော်တို့ဟာ လာလီဂါရဲ့
ပွဲစဉ်တွေရော တခြားပွဲစဉ်တွေ ဖြစ်
တဲ့ ဥရောပ စူပါဖလား၊ စပိန် စူပါ
ကိုပါဖလား၊ ကလပ်ကမ်္ဘာ့ဖလား၊
စပိန် ဘုရင့်ဖလား၊ ချန်ပီယံလိဂ်ဖလား
စတဲ့ ပြိုင်ပွဲစုံမှာ ပါဝင်ဆင်နွှဲပြီး ဖလား
အားလုံးရယူဖို့ စိတ်ပိုင်းဖြတ်ထားပြီး
ဖြစ်ပါတယ်။ ဒီပြိုင်ပွဲတွေမှာ ဖလား
ရယူဖို့အတွက် စီရော်နယ်ဒို၊ ဂါရက်
ဘေးလ်၊ တိုနီခရူးစ်နဲ့ ဂျိမ်းရိုဒရီဂွက်ဇ်
တို့လို ကစားသမားကောင်းတွေရဲ့
စွမ်းအားနဲ့ အားထုတ်စွမ်းဆောင်သွား
မယ်””လို့ နည်းပြအန်ဆယ်လော့တီက
ဟြေကြားပါတယ်။
ရီးရဲမက်ဒရစ်ဟာ
အဓိကပြိုင်ဘက် ဘာစီလိုနာကို
ရင်ဆိုင်အနိုင်ယူဖို့အတွက်နဲ့ ကျော်
ဖြတ်နိုင်ဖို့အတွက် ကစားသမား
တွေရော နည်းစနစ်ပိုင်းတွေမှာပါ
ပြောင်းလဲပြင်ဆင်မှုတွေ ပြုလုပ်နေ
သလို ပြိုင်ဘက်အသင်းတွေကလည်း
ပြုပြင်မှု ပြုလုပ်နေတဲ့အတွက် ခု
လာမယ့် ဘောလုံးရာသီ လာလီဂါမှာ
ရီးရဲမက်ဒရစ်တို့ ဘယ်လို လွှမ်းမိုးမယ်
ဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ။
+မိုးမြင့်လင်းလက်+
No comments:
Post a Comment