>
ကိုယ့်တစ်ယောက်တည်းပါ အလွမ်းများနဲ့ ငါငိုနေဆဲပဲ ~~~~ မိုးစက်လေးရယ် ..။
ပိုပိုတဲ့ ကိုယ်သူ့ကို သိပ်မသိဘူး....။ သိပ်မသိဘူးဆိုတာထက် သိကိုမသိတာ...။ အဆိုတော်အသစ်လား မသစ်တသစ်လားတော့ မသိဘူး ...။ အဲသီချင်းလေး ညီမလေးဆီကကြားလို့ ကြိုက်တာနဲ့ ဖုန်းထဲထည့်ထားလိုက်တယ်...။ ကိုယ်လည်း နည်းနည်းတော့ Update လုပ်ရမယ်...ခေတ်နဲ့မျက်ခြေပျက်လို့ မဖြစ်ဘူး...။ မိုးရာသီလေးမှာ မိုးအလွမ်းသီချင်းလေးတွေ နားထောင်စေချင်လို့ ထုံးစံအတိုင်း သီချင်းလေးနားထောင်ရင်း ကိုယ်ရေးတဲ့ဇာတ်လမ်းတိုလေးပါဖတ်နော်....း) Love You All....
ခုအပြင်မှာ မိုးတွေရွာနေပြီကိုကို....။ သတိရတယ်....။ ညနေအိမ်ပြန်ချိန်တွေ မိုးထဲကိုကိုထီးမိုးပေးတာကို လွမ်းမိတယ်..။ ကျွန်မတို့ ဘယ်တော့မှပြန်မဆုံနိုင်တော့ပေမယ့်... ကျွန်မ မကြေကွဲမိပါဘူး...။ အဲမိုးညတုန်းက မိုးရေထဲ ကျွန်မနဲ့ကိုကိုအတူ လက်ချင်းချိတ်လမ်းလျှောက်ပြီး အိမ်ပြန်လာခဲ့ကြတယ်..။ နှစ်ယောက်လုံးမိုးတွေရွှဲရွှဲစိုလို့ပေါ့..။ တကယ်တော့ ကျွန်မက ကိုကို့ကိုစိတ်ကောက်ပြီး အတူထိုင်နေတဲ့ဆိုင်ကနေ မိုးရွာထဲ ထီးမပါဘဲ ထပြန်ခဲ့ရင်းက မိုးစိုသွားတာပါ....။
div class="separator" style="clear: both; text-align: center;">

ကိုကိုက နောက်ကနေ ပြေးရင်း ထီးလိုက်မိုးပေးတယ်...။ ကျွန်မကို ချော့မရတော့ ကိုကိုပါစိတ်တိုပြီး ထီးပိတ်ပစ်လိုက်တယ်...။ ဒါနဲ့ နှစ်ယောက်စလုံး မိုးတွေရွှဲသွားခဲ့ရော...။ အရင်က ကိုကိုမေးဖူးပါတယ်...။ “ကလေးမိုးသည်းထဲကို ထီးမပါဘဲလမ်းလျှောက်ဖူးလား”တဲ့...။ လျှောက်ဖူးတာပေါ့လို့ ကျွန်မဖြေခဲ့တယ်...။ ခုက...ကျွန်မ မိုးသည်းထဲ ကိုကိုနဲ့အတူလက်တွဲပြီး လမ်းလျှောက်ချင်လို့ စိတ်ကောက်ချင်ယောင်ဆောင်တယ်လို့ ကိုကိုနည်းနည်းကလေးမှာ သံသယမဖြစ်မိဘူးလား...။ ကိုကို့လောက် ကျွန်မ မျက်နှာရိပ်ကဲကို အလွတ်ရတတ်တဲ့သူက မသိတာတော့ မဟုတ်နိုင်ဘူး...။ မိုးထဲလမ်းလျှောက်ချင်တဲ့ ကျွန်မဆန္ဒကို မသိသလိုပုံဖမ်းပြီးနေနေတာမဟုတ်လား...။ တခါတခါ ထီးဖွင့်ပြီး ဘလက်ဖောင်းပေါ်မှာ ကားသွားလာတွေမတွေ့အောင်လို့ ကျွန်မကို ကိုကိုက မိုးရေစိုတဲ့ နှုတ်ခမ်းတွေနဲ့ နမ်းတတ်သေးတယ်...။ ခုတော့ .............မိုးညများမှာ ကျွန်မတစ်ယောက်တည်း....။
ကိုယ့်တစ်ယောက်တည်းပါ အလွမ်းများနဲ့ ငါငိုနေဆဲပဲ ~~~~ မိုးစက်လေးရယ် ..။
ပိုပိုတဲ့ ကိုယ်သူ့ကို သိပ်မသိဘူး....။ သိပ်မသိဘူးဆိုတာထက် သိကိုမသိတာ...။ အဆိုတော်အသစ်လား မသစ်တသစ်လားတော့ မသိဘူး ...။ အဲသီချင်းလေး ညီမလေးဆီကကြားလို့ ကြိုက်တာနဲ့ ဖုန်းထဲထည့်ထားလိုက်တယ်...။ ကိုယ်လည်း နည်းနည်းတော့ Update လုပ်ရမယ်...ခေတ်နဲ့မျက်ခြေပျက်လို့ မဖြစ်ဘူး...။ မိုးရာသီလေးမှာ မိုးအလွမ်းသီချင်းလေးတွေ နားထောင်စေချင်လို့ ထုံးစံအတိုင်း သီချင်းလေးနားထောင်ရင်း ကိုယ်ရေးတဲ့ဇာတ်လမ်းတိုလေးပါဖတ်နော်....း) Love You All....
ခုအပြင်မှာ မိုးတွေရွာနေပြီကိုကို....။ သတိရတယ်....။ ညနေအိမ်ပြန်ချိန်တွေ မိုးထဲကိုကိုထီးမိုးပေးတာကို လွမ်းမိတယ်..။ ကျွန်မတို့ ဘယ်တော့မှပြန်မဆုံနိုင်တော့ပေမယ့်... ကျွန်မ မကြေကွဲမိပါဘူး...။ အဲမိုးညတုန်းက မိုးရေထဲ ကျွန်မနဲ့ကိုကိုအတူ လက်ချင်းချိတ်လမ်းလျှောက်ပြီး အိမ်ပြန်လာခဲ့ကြတယ်..။ နှစ်ယောက်လုံးမိုးတွေရွှဲရွှဲစိုလို့ပေါ့..။ တကယ်တော့ ကျွန်မက ကိုကို့ကိုစိတ်ကောက်ပြီး အတူထိုင်နေတဲ့ဆိုင်ကနေ မိုးရွာထဲ ထီးမပါဘဲ ထပြန်ခဲ့ရင်းက မိုးစိုသွားတာပါ....။
No comments:
Post a Comment