ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, August 28, 2014

==လူထုကျန်းမာရေး( မောပန်းခြင်း)==

>
**Public Health**
 မောပန်းခြင်းဟာ နှလုံးရောဂါရဲ့ ရှေးဦး လက္ခဏာများ ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှား အားကစား လုပ်သူ များဟာ ပိုပြီး အမောခံနိုင်ကြပြီး သက်လုံ ကောင်းကြတယ်။ ကိုယ်လက်လှုပ်ရှားခြင်းဟာ ခန္ဓာကိုယ် ပုံသဏ္ဌာန်ကို အချိုးအစား မျှတပြီး ခန္ဓာကိုယ်ရှိ ကြွက်သား အမျိုးမျိုးကို ပိုမို သန်စွမ်းစေတဲ့ အတွက်ကြောင့် အလုပ် ပိုလုပ်နိုင်တယ်။ အသက်အရွယ်နဲ့ တစ်ဦးချင်းရဲ့ ခန္ဓာကိုယ် အခြေအနေကို လိုက်ပြီး သင့်လျော်တဲ့ လေ့ကျင့်ခန်း တစ်ခုခုကို ပြုလုပ်သင့်တယ်။ နေ့စဉ် နာရီဝက် အားကစား၊ အပြေး၊ လမ်းလျှောက် ဒါမှမဟုတ် စက်ဘီးစီး လုပ်သင့်တယ်။ မောပန်းတယ် ဆိုတာ ခန္ဓာကိုယ်တွင်းမှာ အကြောင်း ကြောင်းကြောင့် ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့များ စုဝေးနေတဲ့ အခါမှာ ဖြစ်စေ၊ အောက်ဆီဂျင် လျော့နည်းနေတဲ့ အခါမှာ ဖြစ်စေ ဦးနှောက်က သိရှိပြီး အသက် ရှူသွင်းတဲ့ အင်္ဂါ အစိတ်အပိုင်းက အာရုံကြောမှ တစ်ဆင့် အဆုတ်ကို ပို၍ အသက်ရှူဖို့ ညွှန်ကြားတာ ဖြစ်တယ်။ အဆုတ်ဟာ ခန္ဓာကိုယ် အတွက် အောက်ဆီဂျင် ပိုရ စေဖို့၊ ပိုနေတဲ့ ကာဗွန်ဒိုင် အောက်ဆိုက် ထုတ်ဖို့ အလုပ် လုပ်ပေးရတယ်။ မောပန်းရခြင်းမှာ မောပန်းခြင်းနဲ့ အတူ အသက်ရှူ မဝခြင်း၊ နှလုံးခုန် မြန်ခြင်းတို့ တွဲ၍ ဖြစ်ကြတယ်။ မောပန်းခြင်း အကြောင်းအရာမှာ နှလုံး ရောဂါဟာ မောပန်းတဲ့ အဓိက လက္ခဏာ ဖြစ်တယ်။ နှလုံးရောဂါ သည်ဟာ ပင်ပင်ပန်းပန်း မလုပ်ဘဲ အလိုလို မောပန်း နေတတ်တယ်။ အဆုတ်ရောင်ရောဂါ အမျိုးမျိုးကြောင့် ကောင်းစွာ အသက်မရှူနိုင်ရင် မောပန်းကြတယ်။ ပြင်းထန်တဲ့ အဆုတ် အအေးမိရောဂါ၊ အဆုတ် ရောင်ခြင်း၊ ပြည်တည်ခြင်း၊ သွေးများ စုဝေးခြင်း၊ ပြည်များ ပိုမို ခိုအောင်းနေခြင်း၊ ရင်ခေါင်းပိုင်းရှိ အင်္ဂါများ ကင်ဆာဖြစ်ခြင်း၊ ရေဖျဉ်းနဲ့ ဝမ်းဗိုက်ရှိ အသားပို၊ အကျိတ်လုံးများ ဖိလို့ အဆုတ်မှာ တင်းကျပ်ခြင်းတို့ ဖြစ်တယ်။ အသက်ရှူလမ်းကြောင်း ကောင်းစွာ မပွင့်တဲ့အခါ မောပန်း တတ်တယ်။

အဲဒီလို မောပန်းတာဟာ အသံအိုး ရောင်ခြင်း၊ အသက်ရှူ လမ်းကြောင်း တစ်လျှောက် အခြား အရာဝတ္ထုများနဲ့ ပိတ်ဆို့နေခြင်း၊ အဆုတ် လေပြွန်ရောင်ခြင်း၊ အဆုတ် အအေးမိခြင်း၊ ပန်းနာရင်ကျပ် ရောဂါ၊ ကာလသား ရောဂါနဲ့ အသံအိုး ထိခိုက်မိခြင်း၊ လည်ပင်းမှာ အသားပို၊ အကျိတ်လုံးများ၊ သိုင်းရွိုက် အကျိတ် ကင်ဆာတို့ကြောင့် ဖြစ်တယ်။ သွေးအားနည်းခြင်း၊ ဦးနှောက်နှင့် ကျောရိုးတွင်းရှိ အာရုံကြောမကြီးမှာ ဒဏ်ရာရခြင်း၊ အနာရောဂါ ဖြစ်ခြင်း၊ ဆီးချိုနှင့် တစ်ကိုယ်လုံးရှိ ကြွက်သား အားနည်းရောဂါ၊ သိုင်းရွိုက် အကျိတ်ရောဂါတို့ဟာ မောတတ်တယ်။ တစ်ခါတစ်ရံ စိတ်ကြောင့် မောတတ်တယ်။ အလွန် နာကျင်တဲ့ အခြေအနေ၊ တောင်ပေါ်နှင့် လေဖိအားနည်း နေရာမှာ အသက်ရှူ မဝရင် ပို၍ မောတယ်။ သက်ကြီး ရွယ်အိုတွေက လူငယ်၊ လူရွယ်တွေထက် ပိုပြီး မောပန်း တတ်တယ်။ ကြွက်သား အင်အားနည်းပြီး သွေးကြောများ အတွင်း ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ် မြန်မြန် ဖယ်မပစ်နိုင်တဲ့ အလေ့အကျင့် ရှိပါက ရောဂါဘယ ကင်းပြီး သာမန် ကျန်းမာရေးနှင့် ပြည့်စုံသော လူတစ်ယောက် ဖြစ်ပေမယ့် ကိုယ်တွင်း ကာဗွန်ဒိုင်အောက်ဆိုက်များပြီး မောပန်းလွယ်တယ်။ နှလုံးနှင့် အဆုတ်ရောဂါ အမျိုးမျိုးမှ ကာကွယ်ဖို့ အဆီအအိမ့်နှင့် ဆေးလိပ်လျှော့ ရမယ်။ စိတ်ပင်ပန်းမှု၊ စိတ်လှုပ်ရှားမှု လျှော့ရမယ်။ တစ်ကိုယ်ရေ သန့်ရှင်းမှုနှင့် အညီ နေထိုင်ရမယ်။ ။

+ဒေါက်တာ လွင်သန့် (ဆေး-၂)+

 Written by ရွှေတည်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)