+အပိုင်း (၃)နိဂုံး+ “ဟစ်ပ်ဟော့လေးရေ သားတကယ်ပဲ နေ့သစ်အလယ်တန်းကျောင်းကို ခွဲခွာသွားပြီလားကွယ်။ မင်းအပေါ် နက်ရှိုင်ဲးတဲ့ ချစ်ခြင်းမေတ္တာနဲ့ နှောင်ဖွဲ့ထားတဲ့ အနာဂတ်အိမ်ကလေး လုံးဝ ပျက်သုဉ်းသွားပါပြီကွာ… တောက်…..”
အတူနေခဲ့သော ဆရာရဲရင့်အောင်၏ အိမ်နံရံကို လက်သီးနှင့်ထိုးပြီး ကြေကြေကွဲကွဲ ပြောဆိုချက်ဖြစ်ပါသည်။ ပါသွားပါပြီ။ သူ၏ မိခင်နှင့်အတူ မဟာချိုင်ဒေသသို့ ပါသွားပါလေပြီ။ ဆရာဇော်ကား အသက်အရွယ်လည်း (၆၀) ကျော်ရှိပြီး တရားလည်း အတော်အတန် ရနေသောသူဖြစ်၍လား မဆိုတတ်။ဟစ်ပ်ဟော့လေး၏ မိခင်ရောက်နေသည့် အချိန်မှစ၍ ဟစ်ပ်ဟော့လေးကိုး ခပ်ရှောင်ရှောင်နေကာ သံယောဇဉ်ကို ဖြတ်နိုင်ရန် ကြိုးစားနေပုံရသည်။ ဆရာကြည်ကတော့ ဟစ်ပ်ဟော့လေးနှင့် အခေါ်အပြောမပျက်ပဲ သူ့အမေလာမည်ဟု ကြိုတင်သိရှိချိန်ကစပြီး ပီမိုးနင်း၏ “တကယ့် လူချွန်” အပါအ၀င် ပီမိုးနင်းရေးသားခဲ့သော စိတ်ခွန်အား တိုးပွားရေး စာအုပ်များကို ပေးဖတ်ကာ သူနိုင်သမျှသော ဘ၀အားမာန် အချို့ကို ပေးခဲ့တာ တွေ့ရပါသည်။ အကြောင်းကြောင်းသော အကြောင်းကြောင်းကြောင့် အမှန်တကယ်လည်း ပညာကြိုးစားသူဖြစ်ပါလျက် (၀ါ) အစစ်အမှန်လည်း ကျောင်းစာအပါအ၀င် အားကစား၊ ကွန်ပျူတာ၊ လူမှုဆက်ဆံရေး စသည်တို့မှာ ထူးချွန်သူဖြစ်ပါလျက်နဲ့ မိခင်များ၏ ပညာဥာဏ် နုံနဲ့မှုကြောင့် အရွယ်မတိုင်မီ ရွှေ့ပြောင်းအလုပ်သမား (ကလေးလုပ်သား) ဖြစ်ကြသူများ မည်မျှများပြားမည်လဲ မခန့်မှန်းနိုင်ချေ။ ထိုင်း- မြန်မာနယ်စပ် တာ့ခ်ပြည်နယ် (ခရိုင်) ၅ မြို့နယ်တွင် ထိုင်းပညာရေးဌာန (MOE) ၏ အမှတ် (၂) ရွှေ့ပြောင်းအလုပ်သမားဒေသ ပညာရေးဌာန၏ စာရင်းအရ MOE အသိအမှတ်ပြု ရွှေ့ပြောင်းအလုပ်သမား စာသင်ကျောင်း (၇၄) ကျောင်းတွင် မြန်မာရွှေ့ပြောင်းတို့၏ ရင်သွေး (၁၇၀၀၀) ခန့်တက်ရောက်နေပြီး ရွှေ့ပြောင်းကျောင်း ဆရာပေါင်း (၆၀၀) ကျော်ရှိသည်။ ထိုကလေးတို့၏ အခြေခံပညာရေးအဆင့် (မူကြိုမှသည် ထိုင်းသတ်မှတ်ချက် ၁၂ တန်းအထိ) ပညာဆုံးခန်းတိုင်ကြရန်
လုံးဝဥဿသုံမလွယ်ကူကြသည်ကို တွေ့ရသည်။ ကလေးအနည်းငယ်မျှသာ “ဘွဲ့ရ ပညာတတ်” အဆင့်ကို ရောက်ကြပြီးသကာလ ကလေးအများစုမှာမူ ပညာတစ်ပိုင်းတစ်စနှင့်ပင် ကလေးလုပ်သား ဘ၀ကို အရှင်နှင့်မှ လတ်လတ်ကြီး ရောက်ရှိသွားကြတာ များပါသည်။
(မဲဆောက်မြို့ နေ့ သစ်အလကကျောင်းမှာတတိယတန်း မှအဌမတန်းအောင်တဲ့အထိကျောင်းကလေးအဖြစ်ကျွေးမွေး ပြုစုစောင့် ရှောက်ခဲ့ရသူ(၀ါ)ကျောင်းရဲ့  အနာဂတ်အိပ်မက်ထဲကကလေးတစ်ဦး)
အို….. အသင်လောက (တိတိကျကျပြောရပါလျှင်၊ အသင်ရွှေ့ပြောင်းလုပ်သားလောက) သင်သည် မိခင်တိုင်းပြည်တွင် အလုပ်အကိုင်ရှားပါးမှုနှင့် နေ့စဉ်ဝင်ငွေ ပါးရှားပါလေတိုင်း အရွယ်မတိုင်သေးသည့် (၀ါ) ပညာသင်ယူနေဆဲဖြစ်သည့် ကလေးများကို အလုပ်ခိုင်းစေခြင်းမှ ဘယ်သောအခါများမှ နည်းပါးသွားအောင်စွမ်းဆောင်နိုင်ပါမည်နည်း။ တစ်ခွန်းတည်းသော ဆုတောင်းစကားကိုသာ ကျွန်ုပ်တို့ ရွှေ့ပြောင်းကျောင်းဆရာများ အကြိမ်ကြိမ် အဖန်ဖန်၊ အလီလီ အခါခါ ရေရွတ်ကြရန်သာ ရှိပါသည်။ “ဘ၀ဆက်တိုင်းဆက်တိုင်းကလေးတို့ ပညာဆုံးခန်းတိုင်ပါစေကွယ်၊ ကလေးလုပ်သား မဖြစ်ကြပါစေနဲ့ကွယ်” ဟူ၍။
+သောင်ရင်းနဂါး - ရင်ဘတ်နှင့် ခံစားရေးဖွဲ့သည်။+
Rest of your post
(မဲဆောက်မြို့ နေ့ သစ်အလကကျောင်းမှာတတိယတန်း
မှအဌမတန်းအောင်တဲ့အထိကျောင်းကလေးအဖြစ်ကျွေးမွေး
ပြုစုစောင့် ရှောက်ခဲ့ရသူ(၀ါ)ကျောင်းရဲ့ 
အနာဂတ်အိပ်မက်ထဲကကလေးတစ်ဦး)

No comments:
Post a Comment