ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, August 25, 2014

==မဲဆောက်မြို့ ရှိငွေ နဲ့ ရွှေစက်ရုံ(Sliver&Gold Garment Co,ltd)က မြန်မာရွှေ့ ပြောင်းလုပ်သား(၁၀၀)ခန့် အလုပ်ထွက်လိုကြောင်း ယနေ့ ထိုင်းအလုပ်သမားရုံးမှာအရေးဆိုကြ==

> (မြန်မာရွှေ့ ပြောင်းလုပ်သား(၁၀၀)ခန့် က၂၀၁၄သြဂုတ်လ ၂၀ရက်နေ့ မှာအလုပ်မဆင်းပဲဟောဒီလိုဆန်္ဒပြခဲ့ကြပါတယ်။မဲဆောက်မြို့ ကSliver&Gold Garment Co,ltdဆန်္ဒပြလုပ်သားတွေစက်ရုံထဲမှာအမှတ်တရ) ဓါတ်ပုံ--ကွီ(Sliver&;Gold)
+(သြဂုတ်လ၂၅ရက်-၂၀၁၄-သောင်ရင်းနဂါး)+

 ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ ပြင်ဟိုဖွိုင်ရပ်ကွက်ရှိငွေ နဲ့ ရွှေစက်ရုံ(Sliver&Gold GarmentCo,ltd)ကမြန်မာရွှေ့ ပြောင်းလုပ်သား(၁၀၀)ခန့် ဟာသူတို့ ကိုသြဂုတ်လ ၂၀ရက်နေ့ ကချုပ်ဆိုထားတဲ့အလုပ်ရှင်အလုပ်သမားသဘောတူစာချုပ်အရအဓိက အချက်၎ချက်ကိုဘာဆိုဘာမှမဖြည့်ဆည်းပေးတဲ့အပြင်လက်နက်ပြခြိမ်းခြောက်တာ၊ မူးယစ်သောက်စားပြီးရမ်းကားတာတွေလုပ်လာတာကြောင့်ဒီနေ့ ပဲထိုင်းအလုပ်သမား ၀န်ကြီးဌာနမဲဆောက်ခရိုင်အလုပ်သမားကာကွယ်ရေးရုံး(LPO-ဆ၀ါဒီကန်)ကို ကိုယ်စားလှယ်၇)ီးသွားရောက်ပြီးအလုပ်ထွက်လိုကြောင်းအရေးဆိုခဲ့တယ်လို့  ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့မဇင်မာဝင်းကပြောပြပါတယ်။
သူမက..** သမီးတို့ ကအခုလ ၂၀ရက်နေ့ ကမှပူပူနွေးနွေးချုပ်ဆိုထားတဲ့အလုပ်ရှင်-အလုပ်သမားသဘောတူစာချုပ် အတိုင်းအမြန်ပေးစေချင်တယ်။ဒါပေမယ့်မရတဲ့အပြင်မနေ့ ကညကဆိုရင်အလုပ်ရှင်ရဲ့  လူယုံကိုယ့်မြန်မာပြည်သား၁၀ယောက်လောက်ကပဲခြိမ်းခြောက်လွန်းလို့ မိန်းကလေး အများစုဟာစက်ရုံထဲမှာမအိပ်ရဲလို့ ရွာထဲကအသိအိမ်၊တချို့ ကအသိမရှိလို့ တောင်ယာခင်း ထဲအိပ်ကြရတယ်။ဒီတော့ဘယ်သူမှဒီစက်ရုံရဲ့ အလုပ်ခန်းထဲမ၀င်ချင်ကြတော့ဘူး။ ဒါကြောင့်တချို့ ဆိုရင်ဘာမှပြန်မရရင်နေပါစေရိုင်းစိုင်းရင့်သီးတဲ့စကားတွေ နဲ့အလုပ်ပြန်ခိုင်းခံရမှာကိုမလုပ်ပါရစေနဲ့ ။တော်ပါပြီ။ကြောက်ပါပြီလို့ တောင်ကျမတို့  ကိုယ်စားလှယ်၇ယောက်ကိုငိုယိုပြီးမှာတာရှိတယ်..ဒါတွေကြောင့်ဒီနေ့ ရုံးဖွင့်ရက်မှကျမှ အခြေအနေကိုလာပြောပြရတာပါ။ကျမတို့ ညကတအားကြောက်လန့် ပြီးတိမ်းရှောင်အိပ်ကြတာတောင်
မကောင်းကောင်း မအိပ်ရသေးသလိုစက်ရုံကပေးနေကြထမင်းကိုဒီနေ့ မပေးလို့  အများစုဟာထမင်းမစားကြရသေးပါဘူး....လို့ ရှင်းပြပါတယ်။ ဆက်လက်ပြီးဒီနေ့ ဘာအဖြေရခဲ့သလဲဆိုတာကိုလုပ်သမားကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ မောင်သက်ဝေယံက
ဒီလိုပြောပြပါတယ်။
သူက..**အလုပ်သမားကာကွယ်ရေးရုံး(LPO-ဆ၀ါဒီကန်)ကဆက်မလုပ်ချင်ရင်အလုပ်ရှင်ကိုထိုင်းဥပဒေအရ၁၅ရက်ကြိုတင်ခွင့်တောင်း ရတာမို့ လိုချက်ချင်းမထွက်ကြနဲ့ဦးတဲ့။မနက်ဖြန်မှာအလုပ်ရှင်ကိုဆင့်ခေါါ်ပြီးကျနော်တို့  လူ၁၀၀လောက်ထဲကဘယ်နှစ်ဦးထွက်မလဲ။ထွက်ရင်ထွက်စာတရားဝင်တင်ရမယ်။ မထွက်ဘူးပြောမယ့်သူလည်းရှိနိုင်တာမို့ သူတို့ ကိုလည်းအခွင့်ပေးရမယ်တဲ့။မနေ့  ညကခြိမ်းခြောက်တာတွေကအလုပ်ရှင်သဘောထားပါရဲ့ လား၊အလုပ်ရှင်သိကောသိရဲ့ လား မသေချာပါဘူးတဲ့။အလုပ်ရှင်လူယုံမြန်မာပြည်သား၁၀ယောက်လောက်ကပဲသဘောထားဆိုးဆိုးနဲ့ 
အနိုင်ကျင့်ချင်တာကောမဖြစ်နိုင်ဘူးလားတဲ့။ဒါကြောင့်အလုပ်ရှင်နဲ့ အလုပ်သမားထပ်ပြီးတိုက်ရိုက်တွေ့ ဆုံ
  ဆွေးနွေးကြဖို့ ဆရာမိုးတို့ ကတင်ပြတာကိုအလုပ်သမား ကာကွယ်ရေးရုံး(LPOဆ၀ါဒီကန်)ကလည်းလက်ခံပါတယ်။ အလုပ်သမားပြသနာစစ်စစ်မဟုတ်တဲ့ရာဇ၀တ်မှုကိုရှောင်ကြဉ်ကြဖို့ နဲ့ ဒေသခံထိုင်းရွာ လူကြီး၊ပြည်သူ့ စစ်၊န.်မြေခံစစ်တပ်စတာတွေကိုလိုရမယ်ရအကြောင်းကြားထားဖို့ အကြံပေးပါတယ်။
ဒါတွေကိုJACBAအဖွဲ့ ကဆက်သွယ်ပြီးသားပါ။ကျနော်တို့ ပြသနာက အခုထိဘာဆိုဘာမှမရသေးပဲနဲ့ ဒဏ်ရာအနာတရနဲ့ ရာဇ၀တ်မှုဖြစ်ရမယ့်ကိန်းဆိုက် နေတယ်ဗျ...**လို့ 
ရင်ဖွင့်ပြောဆိုပါတယ်။

တဆက်တည်းမှာပဲထိုင်းအလုပ်သမားဝန်ကြီးဌာနမဲဆောက်ခရိုင်အလုပ်သမား ကာကွယ်ရေးရုံး(LPOဆ၀ါဒီကန်)တာဝန်ခံဦးစီးအရာရှိနန်းစောင်လတ်ခတ်ကွန်းနဲ့  စကားပြောကြည့်ဖြစ်တော့သူမကထိုင်း နဲ့ အဂံလိပ်လိုရောနှောပြီးဒီလိုပြောပြပါတယ်။ **သိတဲ့အတိုင်းမြန်မာရွှေ့ ပြောင်းလုပ်သားတွေထဲမှာအလုပ်ရှင်ကနေရာပေးလို့ နေရာ ကောင်း၊
လစာကောင်းရတဲ့သူတွေဟာကိုယ့်လူမျိုးအချင်းချင်းစာနာတာအင်မတန်ရှားတယ်။ ပြသနာဖြစ်လာရင်
လိုတာထက်ပုံကြီးချဲ့ ကြတယ်။အခုပြသနာရဲ့ အစကအဲဒီအလုပ်ကြပ် မြန်မာတချို့ ကြောင့်အလုပ်ရှင်နဲ့ 
အလုပ်သမားနားလည်မှုလွှဲတာပါ။အစိုးရရုံး(ဆ၀ါဒီကန်)ကဒါကို ပြေလည်အောင်စာချုပ်နဲ့ ထိန်းချုပ်ပေးပေမယ့်
နှစ်ဘက်စလုံးကရှေ့ လောကြီးပြီးအရင်စိတ်အခြေခံနဲ့ တစ်ယောက်နဲ့ တစ်ယောက်မယုံကြဘူး။မစောင့်
ဆိုင်းနိုင်ကြဘူး။ဒါကြောင့်မနက်ဖြန်သဘက်ခါအလုပ်ရှင်ကိုဆင့်ခေါါ်ပြီးညှိုနိုင်းမရရင်လည်းဥပဒေနည်းလမ်း
တကျ လမ်းခွဲကြဖို့ ပြောမယ်။အလုပ်သမားတွေရစရာရှိတာကိုပေးဖို့ အလုပ်ရှင်ကိုပြောမှာပါ..** လို့ ရှင်းပြပါတယ်။

(မြန်မာရွှေ့ ပြောင်းလုပ်သား(၁၀၀)ခန့် က၂၀၁၄သြဂုတ်
လ၂၀ရက်နေ့ မှာအလုပ်မဆင်းပဲဆန်္ဒပြခဲ့ကြပါတယ်။
အဲဒီနေ့ မှာပဲအလုပ်ရှင်အလုပ်သမားသဘောတူစာချုပ်ချုပ်
ခဲ့ပါတယ်။
ဒါပေမယ့်မလိုလားအပ်တဲ့မြန်မာပြည်သားအလုပ်ကြပ်ဆိုသူနဲ့ အပေါင်းအပါ တွေကြောင့်အများစု၂နှစ်ကျော်အလုပ်လုပ်ခဲ့ကြတဲ့ဒီစက်ရုံကိုစွန့် ခွာကြဖို့ ဒိနေ့ အရေးဆိုကြပါပြီ။
ဒီပုံကမနေ့ ကညမအိပ်စက်ကြရတဲ့ကြားကထိုင်းအလုပ်သမား
ရုံး(LPO-ဆ၀ါဒီကန်)ကအပြန်မဲဆောက်ပန်းခြံထဲကအလုပ်သမား
ကိုယ်စားလှယ်၇ဦးအမှတ်တရပုံပါပဲ။၁ဦးကဓါတ်ပုံရိုက်
ရတော့သူပဲဓါတ်ပုံရှင်ဖြစ်ရတာပေါ့လေ။
ဓါတ်ပုံ---သက်ဝေယံ(Sliver&Gold)
)

ထိုင်း-မြန်မာနယ်စပ်တာ့ခ်ပြည်နယ်(တာ့ခ်ခရိုင်)၉မြို့ နယ်(၉ခရိုင်)မှာတရားဝင် စက်ရုံအလုပ်ရုံပေါင်း (၂၈၀)ကျော်ရှိပြီးတာ့ခ်ပြည်နယ်တစ်ခုလုံးမှာမြန်မာရွှေ့ ပြောင်းအလုပ်သမား၎သိန်း လောက်ရှိကြောင်း
၊မြန်မာရွှေ့ ပြောင်းအလုပ်သမား၂သိန်းလောက်ရှိတဲ့မဲဆောက်ခရိုင် ဟာစက်ရုံအလုပ်ရုံအများဆုံးရှိပြီးတရားဝင်စက်ရုံအလုပ်ရုံ၂၀၀ခန့် တည်ရှိပါကြောင်း၊ တာ့ခ်ပြည်နယ်ဒေသကြီးတစ်ခုလုံးမှာစက်ရုံအလုပ်ရုံအလုပ်သမား၁သိန်းခွဲခန့် သာရှိပြီး အခြားသော၂သိန်းခွဲခန့် မှာ(စိုက်ပျိုးရေး၊မွေးမြူရေး၊ဆောက်လုပ်ရေး၊အိမ်တွင်းမှု(အိမ်ဖော်အပါအ၀င်)
၊ဈေးရောင်းစတဲ့စက်ရုံပြင်ပအလုပ်ကြမ်းအလုပ်သမားတွေဖြစ်ကြကြောင်း၊ ထိုင်းဥပဒေပြဌာန်းချက်အတိုင်းနေ့ စားခထိုင်းနိုင်ငံသုံးငွေ(၃၀၀-ဘတ်)ရရှိသောစက်ရုံမှာ မဲဆောက်ခရိုင်လို၊မြန်မာရွှေ့ ပြောင်းအလုပ်သမား၂သိန်းလောက်ရှိတဲ့ဒေသမှာပင် စက်ရုံ၃ရုံသာရရှိပြီးအများစုမှာ(၈၀ဘတ်မှ၁၉၀ဘတ်)အထိသာနေ့ စားခရကြကြောင်း၊ ပုတ်ပြတ်အလုပ်ကြမ်းအလုပ်များမှာမြန်မာရွှေ့ ပြောင်းအလုပ်သမားအများစုလုပ်ကိုင် နေကြပေမယ့်
(ပုတ်ပြတ်စား၊ကီလိုစား၊ဒါဇင်စားစတဲ့ ပုတ်ပြတ်ဈေးနှုန်းတွေ)သင့်တော်ရာ မရရှိကြကြောင်း၊ယခု(Sliver&Gold Garment Co,ltd)လိုစာချုပ်ပါကတိအတိုင်းမတည်သောလုပ်ငန်းရှင်ကအများစုဖြစ်နေပြီးထိုင်းအလုပ်သမားကာကွယ်ရေး နဲ့ လူမှုဖူလုံရေးအက်ဥပဒေ(BE-2541/AD-1998)ဥပဒေဟာ အလုပ်ရှင်တွေကိုရှောင်လွှဲခွင့်ပုံစံအမျိုးမျိုး(ဥပမာ-အချိန်ဆွဲတာ)ပေးထားကြောင်း၊ထိုင်းအလုပ်သမားဝန်ကြီးဌာနဟာလည်းထိုင်းလုပ်ငန်းရှင်တို့ ကြီးစိုးတဲ့
ထိုင်းအစိုးရနဲ့ ထိုင်းဥပဒေကိုကျော်လွှားကာတရားအဆုံးအဖြတ်ပေးဖို့  အလားအလာနည်းနေသေးကြောင်း၊သို့ ပေမယ့်မိခင်မြန်မာပြည်နဲ့ စာရင်အလုပ်သမားတွေရဲ့ တင်ပြချက်
အပေါါ်လေးစားစွာနားထောင်ဖော်ရတာ၊အလုပ်ရှင်နဲ့ အလုပ်သမားဟုတ်ဟုတ်မဟုတ်ဟုတ်တွေ့ ဆုံဆွေးနွေး
ခွင့်ရှိတာတွေရှိနေသေးလို့ တော်ပေသေးကြောင်း ထိုင်းနိုင်ငံအခြေစိုက်မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) ကသုံးသပ်တင်ပြပါတယ်။

(မြန်မာရွှေ့ ပြောင်းလုပ်သား(၁၀၀)ခန့် က၂၀၁၄သြဂုတ်လ ၂၀ရက်နေ့ မှာအလုပ်မဆင်းပဲဟောဒီလိုဆန်္ဒပြခဲ့ကြပါတယ်။မဲဆောက်မြို့ ကSliver&Gold Garment Co,ltdဆန်္ဒပြလုပ်သားတွေစက်ရုံထဲမှာအမှတ်တရ) ဓါတ်ပုံ--ကွီ(Sliver&;Gold)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)