ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, September 15, 2014

==ပွင့်လင်းမြင်သာမှုမရှိသော အခင်းအကျင်းများနှင့် ခြစားနေသော အနာဂတ် အလားအလာများ==

> ( ကနေဒါနိုင်ငံတွင် အများပြည်သူများလေ့လာကြည့်ရှုရန် ပြတိုက်အဖြစ်ပြသထားသော စစ်အေးခေတ်ကာလ၌ တိုင်းပြည်၏ နိုင်ငံရေးခေါင်းဆောင်များအား အနုမြူလက်နက် ရန်မှ ကာကွယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆောက်လုပ်ခဲ့သော ဥမင်လှိုဏ်ခေါင်း)
(၁၄ စက်တင်ဘာ ၂၀၁၄)

 အမှောင်ထဲမှ အားယူ နိုးထရန် ကြိုးစားနေသော တိုင်းပြည်၏ အပြောင်းအလဲ ပကတိအခြေအနေများသည် အဖက်ဖက်၌ မှုန်ဝါးဝါးဖြစ်လျက် အားမလို အားမရဖြစ်နေရဆဲ ဖြစ်သည် ။အဘယ်ကြောင့်ဆိုသော် အာဏာရှင်၏ အငွေ့ အသက်များကြားတွင် ဖောက်ပြန်မှုများသည် နေရာတကာ ကြီးစိုးမင်းမူနေဆဲ ဖြစ်သလို တရားမျှတမှုများသည် တိုင်းပြည်တွင် ကြက်ပျောက် ငှက်ပျောက် ပျောက်နေသေးသောကြောင့်ဖြစ်သည် ။ဒီမိုကရေစီ၏ အခြေခံအုတ်မြစ်ဖြစ်သော သတင်းလွတ်လပ်ခွင့်သည်ပင် မထင်ရင်မထင်သလို အကြောင်းအမျိုးမျိုးပြကာ အာဏာပိုင်များ၏ မတော်မတရား အနိုင်ကျင့်မှုအား ခံနေရသေးသဖြင့် မီဒီယာလွတ်လပ်ခွင့်သည် ထင်သလောက်ခရီးမပေါက်ဖြစ်လျက် ဦးသိန်းစိန်အစိုးရလက်ထက်၌ ထောင်နန်းစံနေရသော သတင်းသမားများရှိနေဆဲဖြစ်သည် ။ မြန်မာပြည်တွင် မြောက်ကိုးရီးယားအကူအညီဖြင့် တည်ဆောက်ထားသော မြေအောက်ဥမင် လှိုဏ်ခေါင်း ကိစ္စရပ်သည် လူမှုမီဒီယာများနှင့် နိုင်ငံတကာမီဒီယာတွင် ဟိုးလေးကကျော်ကျော်ဖြစ်နေသော်လည်း မြန်မာပြည်၏ လက်ရှိအရပ်သားအစိုးရမှ အင်းမလုပ် အဲမလုပ် မေးခွန်းထုတ်မှုများအပေါ် ဖြေ၇ှင်းချက်မရှိဖြစ်နေခြင်းသည် ပွင့်လင်းမြင်သာမှုမရှိခြင်းအား ထပ်ဆင့်ပြသရာ ရောက်နေပါသည် ။နိုင်ငံတတာရှိ ဒီမိုကရေစီအစိုးရများသည် သတင်းအမှောင်ချမှုများကို အတတ်နိုင်ဆုံး ရှောင်ကျဉ်ကာ ပြည်သူလူထုအား စနစ်တကျ ရှင်းလင်းပြသမှုဖြင့် လူထု၏ယုံကြည်မှုအား ရယူကြစမြဲဖြစ်သည် ။ ဥပမာ အားဖြင့်ဆိုသော် ကနေဒါနိုင်ငံတွင် စစ်အေးခေတ်ကာလ၌ တိုင်းပြည်၏ နိုင်ငံရေးခေါင်းဆောင်များအား အနုမြူလက်နက် ရန်မှ ကာကွယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆောက်လုပ်ခဲ့သော စတုရန်းပေ တစ်သိန်းကျယ်ဝန်းသည့် ဥမင်လှိုဏ်ခေါင်း သည် ယခုအခါ အများပြည်သူများလေ့လာကြည့်ရှုရန် ပြတိုက်အဖြစ်ပြသထားပေသည်။မြန်မာပြည်၏ အစိုးရအနေဖြင့် နိုင်ငံရေး ၊ စီးပွားရေး ကိစ္စရပ်မှန်သမျှအား ပွင့်လင်းမြင်သာစွာ တိုင်းပြည်နှင့် လူထုအား ချပြမှုမရှိဖြစ်ကာ လှျှိုက်ဝှက်ချက်ပေါက်ကြားမှုဟုဆိုကာ သတင်းသမားများအား ဖမ်းဆီးထောင်ချမှုသည် အကျင့်ဆိုးများဖြင့် ခေတ်ဟောင်းထဲမှ ရုန်းမထွက်သေးကြောင်း ပြသနေမှုဖြစ်ပေသည် ။

 မြန်မာပြည်၏ လက်ရှိအခြေအနေအား နိုင်ငံရေးလေ့လာသူများက နောက်ကြောင်းပြန်လှည့်မည်ကို စိုးရိမ်နေကြသလို ဖြစ်နေသော်ငြားလည်း ကျနော့အမြင်တွင်မူ တိုင်းပြည်သည် ရှေ့ လည်းဆက်မလျှောက်သလို နောက်လည်းဆုတ်လမ်းမရှိဖြစ်ကာ နဂိုရှိရင်းစွဲအတိုင်း ချောက်ထဲကျနေရာမှ ရုန်းမထနိုင်ပဲ ရှိနေသလို ဖြစ်နေပေသည် ။ဆိုလိုသည်မှာ ခေတ်အဆက်ဆက်တွင် ပေါက်ဖွားခဲ့သော အာဏာရှင်လူတန်းစား သည် တိုင်းပြည်ချောက်ထဲကျနေသည်ကို လက်ညှိုးထိုးကာ ကမ္ဘာပတ်အကူအညီတောင်းလျက် တဖက်တွင်မူ ရရှိလာသော အကူအညီများအား မည်သို့ မည်ပုံ တိုင်းပြည်အကျိုးအတွက်လုပ်ဆောင်နေသည်အားပြည်သူကို ပွင့်လင်းမြင်သာစွာချမပြမှုသည် အာဏာပိုင်များ၏ လာဘ်စားမှုနှင့်အတူ ခ၇ိုနီအပါအ၀င် လက်ဝေခံလူတန်းစားများအပေါ် လူထု၏သံသယအား ပိုမိုကြီးထွားနေပေသည် ။  

**ကျားသည် ရွာထဲဝင်ကာ ပထမ နွားကို ဆွဲသည် ထို့ နောက် လူကိုပါဆွဲမည်** 

အမှောင်ခေတ်၌ မြန်မာပြည်၏ အာဏာပိုင်နဲ့ ခရိုနီတို့ သည် အပေးအယူ ကစားကွက်ကောင်းကာ လာဘ်ပေးလာဘ်ယူ ဒိုင်းကို ပူးတွဲယူခဲ့သည်မှာ နှစ်ကာလကြာမြင့် ခဲ့ပေသည် ။စစ်အာဏာရှင်လက်ထက်၌ ပွင့်လင်းမြင်သာမှုမရှိပဲ အာဏာပိုင်တို့ ၏ဖောက်ပြန်မှုများဖြင့် တည်ဆောက်ခဲ့သော နေပြည်တော် မြို့ တော်သစ်သည် ခ၇ိုနီနှင့် အာဏာပိုင်တို့ ၏နီးစပ်ရာ ဆွေးမျိုးများကောင်းကောင်းကြီး ခြစားခဲ့သော ပွဲတော်တည်ခဲ့သော သမိုင်းများ အထင်အရှားရှိခဲ့ပေသည် ။နေပြည်တော်၏ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်များအား အစိုးရ၏ လူကြီးဆိုသူများသည် သက်ဆိုင်ရာ ခရိုနီများဖြင့် လက်ဝါးချင်းရိုက်လျက် အာဏာပိုင်တို့ ၏အိပ်ကပ်ဖောင်းခဲ့သလောက် တိုင်းပြည်မှာမူပြည်တွင်းစစ်မှာ ချိုင်းထောက်ဖြင့် ယခုလို ကမ္ဘာပတ် ပြီး တောင်းစားရကိန်းဆိုက်ခဲ့ပေသည် ။ ထိုကဲ့သို့ ခေတ်အဆက်ဆက် ၌ ဖောက်ပြန်ခဲ့သော လူတန်းစားသည် အမြင်ကျဉ်းမြောင်းမှုကို ဆုပ်ကိုင် ကာ ကိုယ်ကျိုးကောင်းစားရေးအား ဦးစားပေးလျက် မန္တလေးကို တရုတ်ပေါက်ဖော်လို လူမျိုးခြားလက်ထဲ ဈေးပေါပေါဖြင့် ထိုးအပ်ခဲ့သည်ကို အားမရသေးပဲ ရန်ကုန်မြို့ ကိုပင် ခွဲတမ်းချရောင်းစားမည့် စီမံကိန်းသည် လူထုအကျိုးစီးပွားအတွက်လား လူတစ်စုအကျိုးစီးပွားအတွက်လား စဉ်းစဉ်းစားစား လုပ်ကြစေလိုပါသည် ။ဒီမိုကရေစီ စနစ်တွင် ပြည်သူ့အသံသည် အလွန်တရာမှအရေးကြီးပေရာ မတရားမှုများကို ခေါင်းငုံ့ ခံမှုများနေရာတွင် လွတ်လပ်မှု ၊တရားမျှတမှု၊ ငြိမ်းချမ်းမှုများဖြင့် အစားထိုးနိုင်ရန် လူထုအားကို ဥပဒေဘောင်အတွင်းမှ ငြိမ်းချမ်းစွာ ပြသရမည့်တာဝန်မှာ သမိုင်းပေးတာဝန်တရပ်ပင်ဖြစ်သည်ဟု ထင်မြင်ယူဆမိပါသည် ။ သို့ မဟုတ်ပါက ကျားသည် ရွာထဲဝင်ကာ ပထမ နွားကို ဆွဲသည် ထို့ နောက် လူကိုပါဆွဲမည် ။ နိုင်ငံတကာမှ မကောင်းတာမှန်သမျှ ကော်ပီလုပ်သည့် ပြည်သူနှင့် အစိုးရ မဖြစ်စေလိုပါ.. အနောက်နိုင်ငံများတွင် နွေရာသီသည် အလွန်ပူအိုက်ကာ ရာသီဥတုဖောက်ပြန်သည့်နှစ်များဆိုလျှင် နွေရာသီသည် အလွန်ပင်တိုတောင်းပါသည် ။ဆောင်းရာသီသည် ရှည်လျားကာ အလွန်ပင်အေးလွန်းသဖြင့် အနွေးထည် ထူထူကြီးများဝတ်ဆင်ကာ အိမ်အပြင်သို့ ထွက်လျှင် ၀တ်ဆင် ကြရပါသည် ။ထို့ ကြောင့် ခန္ဓာကိုယ် အသားအရေသည် နေရောင်ခြည် ထိတွေ့ မှု အထူး လိုအပ်နေသဖြင့် နွေရာသီရောက်လျှင် အသက် ( ၈၀ )ကျော် အဖိုးအဖွားကြီးများအပါအ၀င် ဆယ်ကျော်သက်များသည် ဘောင်းဘီတိုနံ့ နံ့ ဖြင့် ၀တ်ဆင်ကြရပေသည် ။သို့ သော် မြန်မာပြည်တွင် အ၀တ်အစားကို ၁၂ ရာသီ အဖော်အချွတ် တိုနံ့ နံ့ များဝတ်ဆင်နေမှုသည် ပြည်ပမှ တင်သွင်းသော ယဉ်ကျေးမှုများအား ချင့်ချင့်ချိန်ချိန် ကော်ပီ လုပ်စေချင်ပါသည် ။သို့ မဟုတ်ပါက အာဏာရှင်များသည် ဘာသာရေး ၊လူမျိုးရေး ပဋိပက္ခများဖြင့် ထောင်ခြောက်ဆင်ကာ ၄င်းတို့ အာဏာတည်မြဲရေးကို လုပ်ဆောင်သည့် နည်းလမ်းဟောင်းများနည်းတူ လူငယ်လူရွယ်များကို မူးယစ်ဆေးဝါးကို လွတ်လွတ်လပ်လပ် သုံးစွဲခွင့်ပြုလျက် ယခုလို ၀တ်စားဆင်ယဉ်မှုမှအစ ယဉ်ကျေးမှုပါပျက်ဆီးစေသည့် ရောဂါဆိုးကြီး သဏ္ဍာန် ဒီမိုကရေစီစနစ်ကို အပုတ်ချမည့် အရေးအား သိမြင်စေချင်ပါသည် ။ အမေရိကန်နိုင်ငံအပါအ၀င် ဥရောပနိုင်ငံ ၊ ကနေဒါနိုင်ငံတို့ သည် ဆောင်းတွင်းအခါ၌ အအေးချိန်သည် အနုတ်လက္ခဏာပြကာ အအေးအလွန်ကဲသဖြင့် ရုံးများ ၊အလုပ်ရုံများ ၊နေအိမ်များတွင် လျှပ်စစ်ဓာတ်ငွေ့  ၊သဘာဝဓာတ်ငွေ မျ့ားမှ အပူဓာတ်ရယူကာ ပြည်သူလူထုများသည် အနွေးဓာတ်ကိုရယူကြရပါသည် ။သို့ ဖြစ်ပါ၍ မြန်မာအစိုးရလို ပြည်သူကို ဥပက္ခာပြုကာ လျှပ်စစ်မီးပြတ်ပြီး ဖယောင်းတိုင်နှင့်နေရပါမူ အနောက်နိုင်ငံရှိ ပြည်သူများသည် အအေးဒဏ်ခံရကာ သေရွာကို အအေးဝေဒနာဖြင့် မြန်မြန်မြန်းရကိန်းဆိုက်ပေမည် ။ ထို့ ကြောင့် အိရတ်နိုင်ငံအပါအ၀င် အရှေ့ အလယ်ပိုင်းအရေးသည် ပထ၀ီ နိုင်ငံရေးအပါအ၀င် အနာဂတ် ရေနံအရေးနှင့်လည်း ဆက်နွယ်ပတ်သက်နိုင်ကြောင်း သဘာဝကျကျ သုံးသပ်မှုများ ဖြစ်ပေါ်ခဲ့ပေသည် ။အမေရိကန်၏ ရေနံလိုအပ်မှုကို ကနေဒါ ၊အရှေ့ အလယ်ပိုင်းနှင့် ဗင်နီဇွဲလားနိုင်ငံ တို့အပေါ်မှီခိုနေရပေသည် ။ ကနေဒါနိုင်ငံမှ အမေ၇ိကန်သို့ ရေနံတင်ပို့ သော ပိုက်လိုင်းကိစ္စသည် တဖက်တွင် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းကာကွယ်စောင့်ေ၇ှာက်ရေးအဖွဲ့ များ၏ ကန့် ကွက်မှုများရှိုပြီး တခြားတဖက်၌ ပြည်သူလူထုအတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ရှိလာနိုင်သည်ဟုဆိုကာ လူမှုအဖွဲ့ အစည်းများ ၊ကနေဒါအစိုးရနှင့် အမေရိကန် အိုဘားမားအစိုးရကြား အကြိတ်အနယ်ဆွေးနွေးမှုများဖြင့် စတင်လုပ်ဆောင်လျက် စီးပွားရေး ၊နိုင်ငံရေး ၊သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဖြင့် ပွဲဆူခဲ့ပေသည် ။မည်သို့ ပင်ဖြစ်စေကာမူ နှစ်ဖက်အစိုးရမှ ပွင့်လင်းမြင်သာစွာ ဆွေးနွေးတင်ပြမှုကို ဘက်ပေါင်းစုံမှပြုလုပ်ကာ လူထုအကျိုးစီးပွား တိုင်းပြည်အကျိုးစီးပွားအား သယ်ပိုးဆောင်ရွက်လိုမှုက စိန်ခေါ်မှုများအား ကျော်လွှားနိုင်ခဲ့ပေသည် ။မြန်မာပြည်၏ မြစ်ဆုံစီမံကိန်း ၊လက်ပန်တောင်းတောင် စီမံကိန်း အပါအ၀င် စီမံကိန်းကြီးများသည် စာချုပ်ချုပ်ပြီးမှ ပြည်သူလူထုကို ချပြသဖြင့် မလိုလားအပ်သော ပြဿသနာ ပေါင်း သောင်းခြောက်ထောင်သည် မေလိုလားအပ်ပဲ ပေါ်ပေါက်နေရပေသည် ။

 သို့ ဖြစ်ပါ၍ မြန်မာပြည်၏ ပြုပြင်ပြောင်းလဲရေးသည် အကောင်းဖက်သို့ ဦးတည်သည့် ဟန်ပြ အပြောင်းအလဲလား အဆိုးဖက်သို့ မသိမသာ ဦးတည်နေသည်လား ဆိုသည်မှာ အများပြောသလို ၂၀၁၅ ရွေးကောက်ပွဲ၏ တရားမျှတမှု လွတ်လပ်မှု ပေတံဖြင့် တိုင်းတာမည်လား ၊ သို့ မဟုတ်ပါက တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးမှတဆင့် ပင်လုံညီလာခံလို တိုင်းရင်းသားခေါင်းဆောင်များ ၊နိုင်ငံရေးခေါင်းဆောင်များအားလုံးပါဝင်သော နိုင်ငံရေးအခင်းအကျင်းများပုံဖော်ဆောင်ရွက်မည်လား စိတ်ဝင်စားစရာများသည် တင်းပြည့်ကျပ်ပြည့် များပြားလှသည့် မြန်မာပြည်ဟု ဆိုရပေမည် ။ အချုပ်အားဖြင့် တင်ပြရသော် တိုင်းပြည်၏ ပွင့်လင်းမြင်သာမှုမရှိသော အခင်းအကျင်းများနှင့် ခြစားနေသော အနာဂတ် အလားအလာများအား မြန်မာပြည်တွင် အထင်အရှား မြင်တွေ့ နေရဆဲဖြစ်သည် ။

 +အောင်ခိုင်မြင့်+

 ၁၄ စက်တင်ဘာ ၂၀၁၄ 

**ရည်ညွှန်းကိုးကား**

 http://www.tripadvisor.ca/Attraction_Review-g667809-d497422-Reviews-Diefenbunker_Canada_s_Cold_War_Museum-Carp_Ottawa_Ontario.html http://keystone-xl.com/about/the-keystone-xl-oil-pipeline-project/ filename__blast_tunnel_entrance_jpg_thumbnail0_jpg

( ကနေဒါနိုင်ငံတွင် အများပြည်သူများလေ့လာကြည့်ရှုရန် ပြတိုက်အဖြစ်ပြသထားသော စစ်အေးခေတ်ကာလ၌ တိုင်းပြည်၏ နိုင်ငံရေးခေါင်းဆောင်များအား အနုမြူလက်နက် ရန်မှ ကာကွယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆောက်လုပ်ခဲ့သော ဥမင်လှိုဏ်ခေါင်း)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)