ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, September 23, 2014

==ထိုင်းနိုင်ငံလုံး အတိုင်းအတာဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားကွန်ရက် ဖွဲ့စည်း==

>
September 23, 2014 • • Posted in သတင်း +(စက်တင်ဘာ ၂၃ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း)+

ထိုင်းနိုင်ငံအတွင်း ဒေသအသီးသီးရှိ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများ စုပေါင်း၍ ထိုင်း နိုင်ငံလုံးဆိုင်ရာ မြန်မာရွှေ့ပြောင်းအလုပ်သမားကွန်ရက်ကြီး(Myanmar Migrants Network Thailand-MMNT)ကို ဘန် ကောက်မြို့တွင် စက်တင်ဘာလ ၂၀ရက်နေ့က ဖွဲ့စည်းခဲ့သည်။

အဆိုပါကွန်ရက်ကြီးတွင် ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သည့် အစိုးရမဟုတ်သောအဖွဲ့အစည်း(NGO)များ၊ လူထု အခြေပြုအဖွဲ့အစည်း(CBO)များနှင့် အလုပ်သမားအဖွဲ့အစည်းပေါင်း(၈၀)ဖြင့် ဖွဲ့စည်းခဲ့ကြောင်း လက်ရှိကွန်ရက်၏အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်ခံရသူ ဦးမိုးကြိုးက ကေအိုင်စီသို့ ပြောသည်။
“ထိုင်းနိုင်ငံမှာ ဒီလိုအဖွဲ့စုံပါဝင်တဲ့ ကွန်ရက်တစ်ခုဖွဲ့နိုင်တာ ပထမဆုံးပါပဲ။ ထိုင်းနိုင်ငံမှာ ဒေသကြီးအသီးသီးက မိမိနည်း၊ မိမိဟန် နဲ့ လှုပ်ရှားနေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား အဓိကထားတဲ့အဖွဲ့တွေကို တစ်နေရာတည်းမှာ စည်းမျဉ်းသတ်မှတ်ပြီး ဖွဲ့ စည်းလိုက်တာပါ”ဟု ပြောဆိုသည်။

 ကွန်ရက်ဖွဲ့စည်းလိုက်ခြင်းအားဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးကို ပိုမိုလုပ်ဆောင်နိုင်မည်ဖြစ်သလို ထိုင်းနိုင်ငံရှိ လူမှုအသိုင်းအ၀ိုင်း၏ စနစ်နှင့် ဥပဒေများကို ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်သည့်အခါ ပိုမို ထိရောက်လာနိုင်မည်ဖြစ်ကြောင်း ဦးမိုးကြိုး က ဆက်ပြောသည်။ ယင်းကွန်ရက်ဖွဲ့စည်းခဲ့သည့် အစည်းအဝေးတွင် ထိုင်းနိုင်ငံအလယ်ပိုင်းဒေသကြီး၊ တောင်ပိုင်းဒေသကြီး၊ မြောက်ပိုင်းဒေသကြီး အတွင်းရှိ ခရိုင်များရှိ NGO၊ CBO၊ အလုပ်သမားအဖွဲ့အစည်း စသည့်အဖွဲ့များမှ ကိုယ်စားလှယ်ပေါင်း ၄၀ကျော်တက်ရောက်ခဲ့ကြ ရာ ၎င်းအထဲမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီ(CEC )၁၂ဦး၊ အရံကော်မတီဝင် ၃၀ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။

ရခိုင်အလုပ်သမားလှုပ်ရှားမှုအဖွဲ့( ALC) တာဝန်ခံ ကိုအောင်အောင်က “အရင်က မဟာချိုင်မှာ ဖြစ်တဲ့ပြဿသနာက မဲဆောက်ကို ရောက်လာတယ်။ ဘယ်လိုမှ မသွားနိုင်ဘူး။ မချိတ်ဆက်နိုင်ဘူး ဖြစ်နေတယ်။ ကွန်ရက်ကို ဖွဲ့စည်းလိုက်မယ်ဆိုရင် တစ်နေရာမ ဟုတ် တစ်နေရာ ဒီပြဿသနာကို ဆက်စပ်ပြီး ဖြေရှင်းနိုင်သွားမယ်”ဟု ကေအိုင်စီသို့ ပြောသည်။ ကွန်ရက်အဖွဲ့ဝင်များအနေဖြင့် မိမိတို့သက်ဆိုင်ရာ နယ်မြေဒေသအတွင်းရှိ အလုပ်သမားများ၏ အလုပ်သမားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စသည်တို့ကို တတ်စွမ်းသမျှ ကူညီလုပ်ဆောင်သွားရမည်ဖြစ်ပြီး ထိုင်း-မြန်မာ နှစ်နိုင်ငံမှ အာဏာပိုင်အဖွဲ့အ စည်းများနှင့် ဆက်စပ်လုပ်ဆောင်သွားမည်ဖြစ်သည်ဟု သိရသည်။

လက်ရှိ ဖွဲ့စည်းလိုက်သည့် ထိုင်းနိုင်ငံလုံးဆိုင်ရာ မြန်မာရွှေ့ပြောင်းအလုပ်သမားကွန်ရက်ကြီးကို ဦးဆောင်မည့် ဗဟိုအလုပ်အမှု ဆောင်များကို မဲစနစ်ဖြင့် ရွေးချယ်ခဲ့ကြပြီး အဖွဲ့ဝင်များအနေဖြင့် တနှစ်လျှင်တစ်ကြိမ် ကွန်ရက်ညီလာခံ ပြုလုပ်ရန်နှင့် ယင်းညီ လာခံမှ အမှုဆောင်အသစ်များကို ထပ်မံ ရွေးချယ်သွားမည်ဖြစ်သည်ဟု ဦးမိုးကြိုးက ဆိုသည်။ ကွန်ရက်ဖွဲ့စည်းနိုင်ရန်အတွက် ပထမဆုံးအကြိမ် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ဘန်ကောက်မြို့အနီးရှိ နခွန်းပထုံခရိုင် စန်ဖရမ်မြို့ တွင် ဇူလိုင်လအတွင်းက ကျင်းပပြီးနောက် ကွန်ရက်ကို ယခုလို အကောင်အထည်ဖော်ဆောင်ကာ ဖွဲ့စည်းလာနိုင်ခဲ့သည်။

 ၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
 ကေအိုင်စီ - KIC News > သတင်း > ထိုင်းနိုင်ငံလုံး အတိုင်းအတာဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားကွန်ရက် ဖွဲ့စည်း

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)