+(အောက်တိုဘာလ၂ရက်၊၂၀၁၄၊သောင်ရင်းနဂါး)+
ထိုင်းတပ်မတော်စစ်ဆေးရေးမှူးတစ်ဦးဖြစ်သူဗိုလ်မှူးကြီးထနစ်ဟာဒီနေ့ ညပိုင်း ညစာစားပွဲတစ်ခုမှာမဲဆောက်ဒေသရောက်မြန်မာရွှေ့ ပြောင်း အလုပ်သမားတွေကိုကာကွယ်စောင့်ရှောက်လိုသူများ နဲ့ အလွတ်သဘောတွေ့ ဆုံ ဆွေးနွေးခဲ့ကြပါတယ်။မိမိတို့ ကလည်းထိုင်းနိုင်ငံမှာအရပ်သားအစိုးရ
အဆက်ဆက် မလုပ်နိုင်ခဲ့တဲ့အလွန်မြန်ဆန်တဲ့ရွှေ့ ပြောင်းအလုပ်သမားတွေအတွက်နေထိုင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်တွေထုတ်ပေးတာ၊ထိုင်းရဲပေါင်းစုံတို့ရဲ့  အကျင့်ပျက်မှုတွေ၊မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေအပေါါ်ငွေတောင်းတာတွေ ရှိခဲ့ရင်လည်းထိုင်းတပ်မတော်ကိုတိုင်ကြားရင်အရေးယူပေးတဲ့အတွက်ကျေးဇူးတင်
ကြောင်းပြောဆိုဖြစ်ကြပါတယ်။
ဒါ့အပြင်မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနOne Stop Serviceရုံးတွေဟာ ထိုင်းအလုပ်အကိုင်ရှာဖွေရေးဦးစီးဌာန(DOE)ရဲ့ လုပ်နည်းလုပ်ဟန်အတား အဆီးတွေနဲ့ OneStopServiceရုံးအည်ခံသက်သက်မလုပ်ပဲမြန်မာရွှေ့ ပြောင်း အလုပ်သမားတွေကိုအမှန်တကယ်One Stop Serviceဖြစ်လာအောင်လုပ်မရပဲ ပိတ်ထားသောတံခါးတွေကိုဖွင့်ပေးဖို့ ထိုင်းနိုင်ငံရှိ(မဲဆောက်၊ရနောင်း၊ တာချီလိပ်)One Stop Serviceရုံး၃ခုတာဝန်ခံဗိုလ်ကြီးမိုးအောင်ခိုင်ကပန်ကြား ပြောဆိုပါတယ်။ ဘာပဲဖြစ်ဖြစ်မာန်မာနမရှိတဲ့ထိုင်းတပ်မတော်စစ်ဆေးရေးမှူးးစစ်အရာရှိကြီးတစ်ဦး နဲ့ မမျှော်လင့်ပဲဒီနေ့ ညစာအတူစားရင်းမြန်မာရွှေ့ ပြောင်း အလုပ်သမားတွေကိုတတ်နိုင်သမျှကာကွယ်စောင့်ရှောက်နိုင်အောင်ပန်ကြားခဲ့ ကြတာကိုတစုံတရာကျေနပ်မိပါရဲ့ ဗျာ။
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
ဓါတ်ပုံ--(၀ဲမှယာ)-ဦးမိုးကြိုး-ဗိုလ်မှူးကြီးထနစ်-ဗိုလ်ကြီးမိုးအောင်ခိုင်

No comments:
Post a Comment