နာမည်ကြီးစပိန်အသင်းဟာ ကမ်္ဘာ့ချန်ပီယံဟောင်းဖြစ်ပေမယ့်  ဖီဖာရဲ့  အခုအောက်တိုဘာလ ကမ်္ဘာ့အဆင့် သတ်မှတ်ချက်မှာ အဆင့် ၁၀ အထိ ရောက်ရှိနေတာမို့  စပိန်ဘောလုံးပရိသတ်တွေ အားမလိုအားမရဖြစ်နေပါ တယ်။ အောက်တိုဘာလအတွက် ဖီဖာကမ်္ဘာ့အဆင့် သတ်မှတ်ချက်မှာ ၂၀၁၄ ကမ်္ဘာ့ဖလားချန်ပီယံဂျာမနီအသင်းက ကမ်္ဘာ့အဆင့် (၁)နေရာမှာ ရပ်တည်နေ ပြီး အာဂျင်တီးနားက ဒုတိယ၊ ကိုလံဘီယာက တတိယ၊ ဘယ်လ်ဂျီယံက စတုတ်္ထ၊ ဟော်လန်က ပဉ်္စမ၊ ဘရာဇီးက ဆဋ္ဌမ၊ ပြင်သစ်က သတ်္တမ၊ ဥရုဂွေး က အဋ္ဌမ၊ ပေါ်တူဂီက န၀မဖြစ်ပြီး အဆင့်ဒသမနေရာမှာတော့ စပိန်တို့  ပဲ ဖြစ်ပါတယ်။စပိန်အသင်းဟာ ပြီးခဲ့ တဲ့  ၂၀၁၄ ကမ်္ဘာ့ဖလားပွဲမှာ အုပ်စုအဆင့် ကပဲ ထွက်ခဲ့ ရတာမို့  မျက်နှာပျက်၊ အရှက်ရဖွယ်ဖြစ်ခဲ့ တဲ့ အပြင် ယူရိုခြေစစ်ပွဲမှာ လည်း ဆလိုဗက်ကီးယားအသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးခဲ့ တာမို့  အခုအောက်တို ဘာလအတွက် ဖီဖာသတ်မှတ်ချက်အဆင့်  ၁၀ နေရာကို ရောက်ရှိသွားခြင်း ဖြစ်ပါတယ်။
(အင်နီယေစတာ နဲ့ ရာမို့ စ်အလှည့်ကျခေါင်းဆောင်နေတဲ့ စပိန်ဘောလုံးတပ်ဖွဲ့ )
စပိန်အသင်းဟာ ကစားသမားကောင်းတွေစုစည်းထားနိုင်ပေမယ့်  အသင်း လိုက်စုစည်းမှု၊ ကစားအားကောင်းမွန်မှုတို့ မှာ လိုအပ်ချက်တွေရှိနေဆဲဖြစ်ပြီး နည်းပြဒဲလ်ဘော့စ်စကေးကလည်း နည်းစနစ်ပိုင်းနဲ့  ကစားသမားစုဖွဲ့ မှုမှာ ပြောင်းလဲမှုတွေပြုလုပ်ဖို့  လိုအပ်ချက်တွေရှိနေပြီဖြစ်တယ်လို့  သုံးသပ်ဝေဖန် မှုတွေ ထွက်ပေါ်နေပြီဖြစ်ပါတယ်။
စပိန်ထက်ပိုဆိုးရွားတာကတော့ အင်္ဂလန်အသင်းပဲ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ ကမ်္ဘာ့အဆင့် သတ်မှတ်ချက်မှာ အောက်တိုဘာလအတွက် အဆင့် (၂၀) ရောက်ရှိနေတာဖြစ်ပြီး လက်ရှိခြေစွမ်းပိုင်းကို တိုးတက်အောင် မစွမ်းဆောင်နိုင်ရင်တော့ လာမယ့်  နိုဝင်ဘာ အဆင့် သတ်မှတ်ချက်က ပိုမို များပြားဖွယ်ရှိနေပါတယ်။ အင်္ဂလန်နည်းပြ ရွိုင်ဟော့ဆင်အနေနဲ့  ကစားသမားကောင်းတွေ ပေါများ နေပေမယ့် ရွေးချယ်မှု၊ နေရာချခင်းကျင်းမှုနဲ့  နည်းဗျူဟာပိုင်းတွေမှာ လိုအပ် ချက်တွေရှိနေတယ်လို့  ဆိုပါတယ်။ အင်္ဂလန်အသင်းဟာ အောင်မြင်မှုတွေနဲ့  ဝေးကွာနေတာဟာ နည်းပြနဲ့  အများကြီးသက်ဆိုင်တယ်လို့  ဆိုပါတယ်။ အင်္ဂလန်အသင်းဟာ ယူရိုခြေစစ်ပွဲရဲ့  အုပ်စု (C) မှာ ဆွစ်ဇာလန်၊ ဆမ် မာရီနို၊ အက်စတိုးနီးယားတို့ နဲ့ ကစားခဲ့ တဲ့ ပွဲစဉ်တွေမှာ နိုင်ပွဲတွေရရှိထားပေ မယ့်  ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေရရှိဖို့ အတွက် အားထုတ်မှုတွေ လုံလောက် မှုမရှိသေးလို့  ဝေဖန်လျက်ရှိပါတယ်။
(၀ိန်းရွှန်းနီခေါင်းဆောင်နေတဲ့ အဂံလန်ဘောလုံးတပ်ဖွဲ့ )
လက်ရှိခြေစွမ်းအရ အင်္ဂလန်အသင်းဟာ အခုယူရိုပွဲမှာလည်း အောင်မြင် မှုရဖို့  မလွယ်ကူသလို ပြုပြင်ပြောင်းလဲမှုလုပ်ငန်းတွေမှာ နှေးကွေးနေလို့ နည်းပြ ရွိုင်ဟော့ဆင်ကို ထုတ်ပယ်ပြီး နည်းပြအသစ် ပြောင်းလဲဖို့  တောင်းဆိုမှုတွေရှိနေတယ်လို့  အင်္ဂလန်ဘောလုံးအဖွဲ့ ချုပ်က ဆိုနေပါတယ်။ ဒါကြောင့် ကမ်္ဘာ့ဘောလုံးစင်မြင့် ထက်က စပိန်နဲ့ အင်္ဂလန်တို့ ရဲ့  အနေ အထားဟာ ဘောလုံးလောကမှာ အစဉ်အလာကြီးမားပေမယ့်  အောင်မြင်မှု တွေ အနာဂတ်မှာရရှိဖို့ တာဆိုတာ ပဟေဠိဆန်လာနေပြီဖြစ်ပါတယ်။
+မိုးမြင့်လင်းလက်+
(ဒီယေဂိုကော်စတာဂိုးသွင်းအပြီးမှာစပိန် ဘောလုံးတပ်ဖွဲ့ အောင်ပွဲခံကြ)

No comments:
Post a Comment