==ဘန်ကောက်မြီု့ ရှိမြန်မာသံရုံးကထုတ်ပေးမယ့်ခရီးသွားထောက်ခံစာ လျှောက်လွှာတွေကိုမဲဆောက်နဲ့ 
ပတ်ဝန်းကျင်မှာဖြန့် ဝေနေဆဲ-== **သားမှာနိုင်ငံသားစီစစ်ရေးကဒ်ပြားမရှိဘူးဆရာ** **ရတယ်။အဲဒီလိုအပ်ချက်တွေဖြည့်ပေးဖို့ ဒီထောက်ခံစာပေါါ်လာတာ၊ဖောင်ပြင် (ပြောင်းပြန်တော့မဖတ်လေနဲ့ ပရိသတ်၊ဟဲဟဲ)အဲ..ဖောင်သာဖြည့်စမ်းပါကွာ၊ သွားသွား** **သမီးမှာအိမ်ထောင်စုစာရင်းမရှိဘူးဆရာ** **အေးရပြီ။သိပြီ။နိုင်ငံကူးလက်မှတ်စာအုပ်ကြီးလုပ်ဖို့ အိမ်ထောင်စုစာရင်းနဲ့  အမျိုးသားမှတ်ပုံတင်(ခေါါ်)နိုင်ငံသားစီစစ်ရေးကဒ်ရှိရမယ်။အဲဒီနှစ်မျိုးက တစ်မျိုးပဲဖြစ်ဖြစ်၊နှစ်မျိုးစလုံးပဲဖြစ်ဖြစ်မရှိရင်လည်းမရှိကြောင်းရေးချ။ဒီထောက်ခံစာ ကအဲဒါတွေကိုဘယ်မှာသွားလုပ်ပါဆိုပြီးညွှန်လိမ့်မယ်။ဟုတ်ပြီနော်** **ထောက်ခံစာအတွကိကုန်ကျစရိတ်ကကော** **မရှိပါဘူး။အဲ..ဒါပေမယ့်သူများတကာတန်းစီနေတာကိုကျော်တက်ချင်တဲ့၊ ကြားဖြတ်ပြီးအလျင်အမြန်လိုခင်တဲ့လူတွေအတွက်တော့လာဘ်ပေးလာဘ်ယူ နည်းတွေကရှိနေဦးမှာပဲ။ဒီတော့မြန်မာသံရုံးမှာတန်းစီနေရင်းပိုက်ဆံတောင်းရင် ဘယ်သူတောင်းတာလဲ၊သူ့ နာမည်မေးပါ.။သူ့ အမည်ပါရင်ထိုးကိုဖတ်ပါ။ပြီးရင် သံမှူးကြီးဦးအောင်မြင့်ပဲဖြစ်ဖြစ်၊သံအမတ်ကြီးဦးဝင်းမောင်ပဲဖြစ်ဖြစ်၊ စစ်သံမှူးးဗိုလ်မှူးချုပ်စောလွင်ပဲဖြစ်ဖြစ်တက်တိုင်ပါ။မမှန်ရင်လေထဲပါသွားမယ့် စကားတွေဗလချီးနမ်းလျှောက်ပြောမနေပဲနဲ့စနစ်တကျတိုင်ဖို့  အားထုတ်စေချင်ပါတယ်။
သက်သေမရှိပဲလျောက်ပြော၊လျှောက်စွပ်စွဲနေတာတွေကို ဘယ်သူကမှလက်မခံပါဘူးနော်**
(မဲဆောက်မြို့ အထည်ချုပ်စက်ရုံတစ်ရုံရှေ့ မှာ ခရီးသွားထောက်ခံစာဝေငှနေတာလေ...၂-၁၀-၂၀၁၄)
**ဒါကတော့ရှင်းပါပြီရှင်၊။ဒီထောက်ခံစာနဲ့ တခြားကိစ္စတွေကိုအသုံးပြုလို့ ရလားရှင်** **မရပါဘူးမိန်းကလေး။နိုင်ငံကူးလက်မှတ်စာအုပ်ကြီးလုပ်ဖို့ အတွက် နဲ့ တစ်ကြိမ်တည်းပဲအသုံးပြုခွင့်ရှိတဲ့ထောက်ခံစာပါကွဲ့ ** အဲသည်နောက်မြန်မာရွှေ့ ပြောင်းလုပ်သားတို့ ၏အချစ်တော်ဆရာမိုးသည် မနက်၈နာရီအလုပ်မတက်ကြမှီတစ်ကြိမ်၊မွန်းလွဲ၁နာရီအလုပ်မတက်ကြမှီတစ်ကြိမ်၊ ညနေ၆နာရီအိုတီမလုပ်ကြရသူအချို့ ၊အိုတီဆင်းခါနီးတချို့ တို့ ရှိရာနေရာတန်းလျားများသို့ ဝင်ထွက်သွားလာ
ကာအနှီခရီးသွားထောက်ခံစာ အကြောင်းကွင်းဆင်းမောင်းခတ်ပါတော့သတည်း။(**နှောင်...နှောင်..နှောင်**ဆိုတိုင်းဇီးသီးသည်
မထင်ကြနဲ့ ။
**အထာမရိုးတဲ့.....
မကြာတန်ခိုးနဲ့ ...
ဆရာမိုး..သင်တို့ ဆီရောက်လာမယ်..။**

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
+ဆရာမိုး+

No comments:
Post a Comment