ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, October 21, 2014

==လူထုကျန်းမာရေး ( ခြေထောက် ကြွက်တက်ခြင်းနှင့် ဖြေရှင်းနည်းများ)==

>
**Public Health**

 ခြေထောက် ကြွက်တက်ခြင်းနှင့် ဖြေရှင်းနည်းများ ခြေထောက်ကြွက် တက်ခြင်း ဆိုတာကို လူတိုင်း မကြုံဖူးပေမယ့် ကြားတော့ ကြားဖူးကြမှပါ။ ကြွက်တက်ခြင်း ဖြစ်တတ်တဲ့ အကြောင်းရင်းတွေနဲ့ ဖြေရှင်း နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

 **ကြွက်တက်ခြင်းဆိုတာ ဘာလဲ**

 ခြေသလုံးနေရာနဲ့ ဒူးခေါင်းရဲ့ အနောက်ဘက်နေရာက ကြွက်သားတွေ တအား နာကျင်လာတတ်တဲ့ ခံစားမှုမျိုးပါ။ တစ်ခါတလေ ခြေဖဝါးနေရာက ကြွက်သားတွေမှာလည်း ဖြစ်တတ်ပါတယ်။ အချိန်အားဖြင့် စက္ကန့်ပိုင်းနဲ့ မိနစ်အနည်းငယ်လောက် ကြာတတ်ပြီး တချို့တွေမှာ ၁၀ မိနစ်လောက် ဖြစ်တတ်ပါတယ်။ တချို့တွေမှာ ကြွက်တက်တာဟာ တစ်နေ့တာ လှုပ်ရှားမှုပြီးလို့ ညအိပ်ရာဝင်ချိန်ကျမှ ဖြစ်တတ်ပါတယ်။ အိပ်စက်ချိန်ကို အနှောင့်အယှက်ပေးတတ်ပါတယ်။ **ဘယ်လိုလူတွေမှာ ကြွက်တက်တတ်သလဲ** လူတိုင်းမှာ ကြွက်တက်ခြင်း ဖြစ်နိုင်ပါတယ်။ အသက်ကြီးသူတွေမှာ အများဆုံး ဖြစ်တတ်ပြီး ကြွက်တက်တဲ့သူ သုံးယောက်မှာ တစ်ယောက်နှုန်း ဟာ အသက် ၆၀ ဝန်းကျင်တွေမှာ အဖြစ်များပါတယ်။ ၁၀ ယောက်မှာ လေးယောက်နှုန်းဟာ တစ်ပတ်မှာ သုံးကြိမ်လောက် ကြွက်တက်တတ် ပါတယ်။

**ဘယ်လိုပြဿသနာတွေက ကြွက်တက်စေတာလဲ**

အခြေအနေတစ်ခုကို အခြေခံပြီး ကြွက်တက်တာမျိုးတော့ မရှိတတ်ပါဘူး။ ခြေထောက် ကြွက်သားတွေဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ဖို့ ခက်ခဲတဲ့ အချိန်မျိုးမှာ ရုတ်တရက် ကြွက်တက်တဲ့ အခြေအနေကို ဖြစ်စေပါတယ်။ အိပ်ပျော်နေချိန်မှာ သင့်ခြေထောက်ဟာ ကွေးတာဆန့်တာကို သင်ကိုယ်တိုင် သတိမထားမိနိုင်ပါဘဲ ကြွက်တက်တာမျိုး ဖြစ်စေပါတယ်။ ဒါက ကြွက်သားတွေ ပုံစံမကျခြင်းကြောင့်ဖြစ် တဲ့ ပြဿသနာမျိုး ဖြစ် တာကြောင့် ဆွဲဆန့်လေ့ကျင့်ခန်း ပြုလုပ်ပေးတာမျိုးနဲ့ သက်သာစေနိုင် ပါတယ်။ နောက်ထပ်ဖြစ်နိုင်တဲ့ ပြဿသနာကတော့ တခြားကျန်းမာရေး ပြဿနာ တွေကြောင့် သောက်သုံးနေရတဲ့ ဆေးဝါး တချို့ရဲ့ ဘေးထွက် ဆိုးကျိုးကြောင့်လည်း ဖြစ်တတ်ပါတယ်။ ကြွက် သားတွေကို အပြင်းအထန် ဖိအားပေးခံရတာမျိုး၊ ရေဓာတ်ခန်းခြောက်တာ မျိုး၊ သွေးထဲမှာ ဆားဓာတ် မညီမျှတာမျိုး၊ ကိုယ်ဝန်ဆောင်ချိန်၊ သိုင်းရွိုက်ပြဿနာ၊ ခြေထောက် အတွင်း သွေးလည်ပတ်မှု အားနည်းတာမျိုး၊ အရက်အလွန် အကျွံ သောက်တာမျိုး၊ အာရုံကြော အားနည်းတာ၊ ကျောက်ကပ်ရောဂါ ကု ဆေးဝါးတွေ သောက်သုံးနေရတာမျိုးတွေကြောင့် ကြွက်တက်တတ်ပါ တယ်။  

**ဘယ်လို ကုသမှု ပေးနိုင်မလဲ** 

အကြောတွေကို ဆန့်ထုတ်ပေးတဲ့ လေ့ကျင့်မှုမျိုးနဲ့ နှိပ်နယ်ပေးတာမျိုးတွေ က ခြေထောက် ကြွက်တက်တာကို အထိရောက်ဆုံးနဲ့ အမြန်ဆုံး သက်သာစေနိုင်ပါတယ်။ နာကျင်မှုကတော့ ကြွက်တတ်တာ သက်သာ သွားပေမယ့် ကျန်နေတတ်ပါတယ်။ နာကျင်မှုကို သက်သာစေဖို့ ပါရာစီ တမောလို ဆေးမျိုးတွေ သောက်ပေးနိုင်ပြီး ကြွက်တက်တာ သက်သာပြီးလို့ ၂၄ နာရီကြာမှ နာကျင်မှု သက်သာသွားနိုင်ပါတယ်။ ရေဓာတ်ခန်းခြောက် မှုကြောင့် ကြွက်တက်တာမျိုးဆိုရင်တော့ လုံလောက်တဲ့ ရေပမာဏ သောက်ပေးဖို့ လိုပါတယ်။ ဆေးဝါးကုသမှုတွေ လိုအပ်ရင်တော့ လေးပတ်ကနေ ခြောက်ပတ်အထိ သောက်သုံးပေးဖို့ လိုပါတယ်။ ကြွက် တက်တာကို သက်သာစေဖို့ မဂ္ဂနီဆီယမ်၊ ဗီတာမင်ဘီကွန်ပေါင်း၊ ဗီတာမင်အီး၊ diltiazem, naftidrofuryl, orphenadrine နဲ့ verapamil ပါဝင်တဲ့ ဆေးတွေကို မှီဝဲပေးသင့်ပါတယ်။ 

**ဘယ်လိုကာကွယ်တားဆီးမလဲ**

 တစ်ခါတလေ ကြွက်တက်တာမျိုးကတော့ ဖော်ပြပါ နည်းလမ်းလေးတွေ နဲ့ ဖြေရှင်းပေးနိုင်ပြီး ကြိမ်ဖန်များစွာ ကြွက်တက်ခြင်းအတွက် ဆိုရင်တော့ ကုသနိုင်ဖို့ နည်းလမ်းတွေကို ရှာဖွေရမှာ ဖြစ်ပါတယ်။သင့်မှာ လက်ရှိသောက် သုံးနေရတဲ့ ဆေးဝါးတွေရှိရင် အဲ့ဒီဆေးဝါးရဲ့ ဘေးထွက်ဆိုးကျိုးကို သိဖို့ ဆရာဝန်ကို အမြန်ဆုံး ပြသကာ မေးမြန်းဆွေးနွေးပါ။ ဆေးဝါးသောက်နေ ရသူ မဟုတ်ဘူး ဆိုရင်လည်း တခြားကျန်းမာရေး ပြဿသနာ ရှိ၊ မရှိ ဆွေးနွေး တိုင်ပင်ပါ။
** ကြွက်တက်ခြင်း သက်သာစေမည့် နည်းလမ်းများ** 

ဆွဲဆန့်လေ့ကျင့်ခန်းတွေက ကြွက်တက်တာကို ကုသနိုင်တဲ့ နည်းလမ်း မဟုတ်ပေမယ့် သက်သာစေနိုင်တဲ့ နည်းလမ်းတွေထဲက တစ်ခုပါပဲ။ လေ့လာမှုတွေအရ သတ်မှတ်မထားပေမယ့် ဆရာဝန် အများစုကတော့ လမ်းညွှန်လေ့ ရှိကြပါတယ်။ ကြွက်သားတွေကို အထောက်အကူပြုစေမယ့် ဆွဲဆန့်လေ့ကျင့်ခန်းတွေကို တစ်နေ့ ငါးမိနစ်၊ သုံးကြိမ်လောက် ပြုလုပ်ပေးပါ။ အိပ်ရာမဝင်ခင်မှာ ပြုလုပ်ပေးရင် ပိုကောင်းပါတယ်။ နံရံမှာ လက်ထောက်ထားပြီး မတ်တတ်ရပ်နေကာ ခြေထောက်တွေကိုနောက်ပြန်ဆန့်တန်းတင်တဲ့ လေ့ကျင့်မှုမျိုးကို ကြွက်တက်တာ သက်သာစေဖို့ ပြုလုပ်ပေးနိုင်ပါတယ်။ 

**ကြွက်တက်ခြင်း သက်သာစေမည့် အိပ်စက်မှုပုံစံ**

 သင့်အိပ်စက်မှုပုံစံကလည်း ကြွက်တက်တာကို သက်သာစေဖို့ ကူညီနိုင်ပါတယ်။ - ခြေထောက်အောက်ထဲမှာ ခေါင်းအုံးတစ်လုံးခုထားပြီး သင့်ရင်ဘတ်နေ ရာထက် အနည်းငယ် မြင့်နေအောင် အိပ်ပါ။ - ခြေထောက်ကို ကွေးကောက်နေတာမျိုး မဖြစ်စေဘဲ သေချာ ဆန့်တန်းပြီး အိပ်ပါ။ - သင့်ခြေချောင်းတွေနဲ့ ခြေထောက်တစ်ခုလုံးကို စောင်နဲ့ သေချာလုံခြုံနွေးထွေးအောင် ထားပြီး အိပ်စက်ဖို့ လိုပါတယ်။

 +Good Health+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)