ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, October 23, 2014

==ဆွေပြမျိုးပြ ရောက်ရောက်လာတဲ့ ဒဏ်ရာ နဲ့ ကြွေကျ ကျိုးကျ ပျောက်ပျောက်သွားတဲ့ ကံကြမ္မာ===

>
နဂို ကတည်းက မလှပတဲ့ ဘ၀မှာ
 ဆွေပြမျိုးပြ ရောက်ရောက်လာတဲ့ ဒဏ်ရာ ပြိုကျ လဲကျ နေဆဲ
 ခဏမှာ ကြွေကျ ကျိုးကျ ပျောက်ပျောက်သွားတဲ့ ကံကြမ္မာ
 မေတ္တာ သစ္စာ ထုံးတမ်းစဉ်လာတွေ ခေါင်းပါး
 အာဏာ ပါဝါ မဟုတ်တမ်း တရားများ ခေတ်စားနေကြတယ်..။

 ကောင်းကင် တိုယ်တိုင် မိုးမိနေတဲ့ ကာလမှာ
 အကောင်းမြင် ၀ါဒတွေ ပိုးထိတာ ဘာဆန်းလဲ
လငပုပ် ဖမ်းတဲ့ ည သန်းခေါင်ယံမှာ စိတ်ပင်ပမ်း ကိုယ်ပင်ပမ်း
 ဂစ်တာကြိုးကလည်း ပြတ်တော့
 သံစဉ်တွေ မညီမညာ အိပ်တန်းတက်နေတယ်..။

 သောက လှိုင်းလုံးတွေ ရိုက်စားလို့  လောက ပင်လယ်ထဲ
 စိတ်ပျက်လက်ပျက် ပက်လက် မျောခဲ့
 လေထန် ရေဆန်ထဲ ငါတို့ ဟာ ဘုရင့်နောင်လို ဘ၀များ
 ဖောင်အကြိမ်ကြိမ် ဖျက်ခဲ့ရ
 ပြန်လည် သင့်မြတ်ရေးကာလထဲ
 သူတို့ ဟာ အလောင်းဘုရားလား သူတောင်းစားလား မပြောချင်ဘူး
 ဖောက်ပြန်သူတွေ တစ်ယောက်ပြီး တစ်ယောက် အရင်ခေတ်က ရွေးကောက်ခဲ့တယ်..။

 စွပ်စွဲပြီး မအော်ချင်လဲ အတော်ခါးသီးစွာ ဘ၀တခုလုံး ပုံခဲ့သူတွေ အတွက်တော့
 လွှတ်တော်ဟာ အလျော်အစားကြီးတဲ့ အတ္တ လောင်းကစားရုံထက်ကြီးမား
တခါတရံ စိုက်ခဲ့သမျှ ရိတ်သိမ်းရမယ်ဆိုပေမဲ့ 
မလျော်မကန် စိုက်သူတွေအဝေးရောက် ရိတ်သိမ်းမြေများပျောက်ခဲ့
 အရိုင်းမြေမှာ အလွမ်းမိုင်းတွေသာ ထိုးထိုးထောင်ထောင် ပေါက်ကွဲခါနီး လက်မထောင်ခဲ့တယ်..။

စာမျက်နှာပေါ် ခြေချခွင့်မရခဲ့တဲ့ တိုက်ပွဲဝင် ကဗျာတွေနဲ
့  မျက်နှာဖုံးတပ်ကာ မလိုက်ရဲရင် နေခဲ့တော့ဆို ပြီး 
လက်တွဲ မဖြုတ်ခဲ့ လက်တွေ့ မကျ မိန့် ခွန်းများနဲ့ 
ပုံပြောပြီး ချော့သိမ့်တဲ့ ညအမှောင်မှာ
 ရေချိုးပြီးစ ကမ္ဘာမြေလို သန့် ရှင်းတဲ့ ခေါင်းပေါင်းဝတ်များ ရှာဖွေရင်း အလင်းပျောက်ခဲ့တယ်..။

 ရေတိမ်နစ်နေတဲ့ မြစ်တွေရဲ့ ငိုကြွေးသံနဲ့ အပြိုင် 
နာတာရှည် ရောဂါသည်လို တောင်တန်းတွေပေါ် လက်နက်ကြီးသံတွေ ပြန်ကြားရတဲ့မြေမှာ အတိတ်မေ့ နေတဲ့ ချိုးဖြူငှက်လို ငြိမ်းချမ်းရေးနဲ့ အတူ စိတ်မချ လက်မချ ငိုကြွေးခဲ့ အမေအိုများ လောကကို နှုတ်ဆက်သွားကြတယ်..။

 +အောင်ခိုင်မြင့်+

 ၂၀ အောက်တိုဘာလ ၂၀၁၄

 ( ၂၀ အောက်တိုဘာလ ၂၀၀၁ တွင် ကွယ်လွန်ခဲ့သော ချစ်ဇနီး လေးလေးနွယ်၏ မိခင် နှင့် ဒီမိုကရေစီအရေးလှုပ်ရှားသူများအားလုံး၏ ချစ်လှစွာသော မိခင်များအားလုံးအတွက် ဂုဏ်ပြု အမှတ်တရ ကဗျာ )

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)