ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, November 1, 2014

==လူထုကျန်းမာရေး(ငှက်ပျောသီးတစ်လုံး နေ့စဉ်သုံး)==

>
 **Public  Health**

အမိ မြန်မာပြည်၏ နေရာ အနှံ့အပြား၌ မြို့ပြသာမက ကျေးလက် ဒေသတွင်ပါ မြင်တွေ့ နေရသော မြန်မာ့ အစားအစာ သစ်သီးဝလံများ ထဲတွင် ငှက်ပျောသီးလည်း ပါဝင်သည်။ ''အစာလည်း ဆေး၊ ဆေးလည်း အစာ'' ဆိုသကဲ့သို့ လူသား တစ်ဦးချင်းစီ၏ ခန္ဓာကိုယ် ကျန်းမာ ကြံ့ခိုင်စေရန် ငှက်ပျောသီးကို နေ့စဉ် စားသုံး သင့်သည်။ ငှက်ပျောသီးတွင် ပါဝင်သော အမိုင်နိုအက်စစ်၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ဗီတာမင် A, B, C, B6 ၊ သံဓာတ်၊ မဂ္ဂနိစ်၊ အမျှင်ဓာတ်၊ ကယ်လိုရီ၊ သတ္တုဓာတ်၊ အကျိုးပြုဓာတ် Antioxidants တို့က ကျန်းမာရေးကို အဓိက အထောက်အပံ့ ဖြစ်စေသည်။ ပိုတက်စီယမ်နှင့် အမျှင်ဓာတ် များသည် နှလုံး သွေးကြောနှင့် ဆိုင်သော အဖွဲ့အစည်းများ အတွက် အကျိုး ပြုစေသည်။ ပိုတက်စီယမ် ဓာတ်သည် နှလုံး လုပ်ဆောင်မှု အတွက် အကူအညီ ပေးသည့်အပြင် သွေးကြော ကျဉ်းမှုနှင့် ရုတ်တရက် လေဖြတ်မှုကို ကာကွယ် ပေးသည်။
ငှက်ပျောသီးတွင် ရေဓာတ် ၇၅ ရာခိုင်နှုန်း ပါဝင်ပြီး ၎င်းတွင် ပါဝင်သော အမိုင်နိုအက်စစ်က ပင်ပန်းနွမ်းနယ် စေသော စိတ်ဖိစီးမှုကို သက်သာ စေသည်။ အသားအရေနှင့် ဆံကေသာကို အကျိုး ပြုသည်။ မွဲခြောက်ခြောက် အရေပြားကို လှပစေသော ဗီတာမင် အေနှင့် ပိုတက်စီယမ်သည် ငှက်ပျောသီးတွင် ပါဝင်သည်။ လူ့ ခန္ဓာကိုယ်မှ အရေပြားကို နူးညံ့ စေသည်။ အသားကို စိုပြည် စေသည်။ ငှက်ပျောသီးကို ခွက်တစ်ခွက်တွင် ပျစ်ပျစ်ကလေး ချေပြီး သကြားတစ်ဇွန်း ရောကာ အရေပြားပေါ် သုတ်လိမ်းပါ။ အရေပြားရှိ ဆဲလ် အသေများကို ဖယ်ရှားပြီး အရေပြား အစိုဓာတ်ကို ပေးစွမ်း နိုင်သည်။ ငှက်ပျောသီး အမှည့်ကို ဒိန်ချဉ် တစ်ခွက်တွင် ရောပြီး ဆံပင်ကို သုတ်လိမ်းပါ။ မိနစ် အနည်းငယ် ကြာလျှင် ရေဖြင့် ဆေးကြောပါ။ ဆံပင် သားများကို နူးညံ့ ပျော့ပျောင်း လှပ စေသည်။ နေ့စဉ် ငှက်ပျောသီး စားသုံးပါက မျက်စိ စွမ်းဆောင်မှုကို အားဖြည့်ပေးသည်။ အသက် အရွယ် ကြီးရင့်ခြင်းကြောင့် မျက်စိ အမြင်အာရုံ ချို့ယွင်းမှုကို ကာကွယ် ပေးပြီး အာရုံခံအလွှာမှ မက်ကျူလာ နေရာ ပျက်ယွင်းခြင်းများကို လျော့နည်း သွားစေမည် ဖြစ်သည်။ စားသုံးရာ၌ အရသာ ပြည့်စုံ ကောင်းမွန်ပြီး အာဟာရဓာတ် အပြည့်အဝ ဖြည့်စွမ်း ပေးနိုင်သော ငှက်ပျော သီးကို နေ့စဉ် စားသုံးခြင်းဖြင့် မိမိ ကိုယ်ခန္ဓာ ကျန်းမာရေးကို မြှင့်တင် နိုင်ပါကြောင်း သတင်းကောင်း ပါးလိုက် ရပါသည်။ ။

+ရွှေလင်းပြည့်စုံ+ 

Written by ရွှေတည်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)