(ယာယီအလုပ်သမားလက်မှတ်အကြောင်း၊ပြီးတော့ ပတ်စ်ပို့ စာအုပ်ကြီးလုပ်ကြတဲ့အခါ ခရီးသွားရာမှာထိုင်းရဲတွေငွေမတောင်းဘို့ ရယ်၊ မိမိမှာအထောက်အထားမစုံလင်ရင် ဒီဘန်ကောက်မြန်မာသံရုံးရဲ့ ခရီးသွားထောက်ခံစာကို လုံခြုံစိတ်ချစွာအသုံးပြုကြဖို့ ရယ်ရှင်းပြကြ)
ထိုက်သူအောင်ရေ...ဓူဝံရေ..။ဒီနေ့ ကတန်ဆောင်မုန်းလပြည့်နေ့ ကွ။ ဒီတော့အလုပ်မပိတ်တဲ့စက်ရုံအလုပ်ရုံတွေကလွှဲလို့ ဆောက်လုပ်ရေးလုပ်သားတွေ၊ စိုက်ပျိုးရေးလုပ်သားတွေ၊မွေးမြူရေးလုပ်သားတွေ၊ကျပန်းလုပ်သားတွေကတော့ နီးစပ်ရာကထိန်ပွဲသွာားကဖို့ အတွက်အလုပ်နားကြတာရှိတယ်ကွ။ အဲ...ဒီနေ့ မှာမင်းဆီကိုမနက်၈နာရီအရောက်ဆရာရောက်လာပြီးအရင်အဦးဆုံးမင်းရဲ့  ရင်ဘတ်ကြီးတစ်ခုလုံးဖွင့်ပြီးထမ်းပိုးထားတဲ့(၄၂)ကီလိုမီတာကျောင်း(အိပ်မက်သစ် ကျောင်း)ကိုလေ့လာတယ်
ကွ။ကျောင်းစတင်ဖွင့်ချိန်မှာကျောင်းသား၄၀၀ကျော်ရှိတယ်။ သိတဲ့အတိုင်းဒို့ မြန်မာရွှေ့ ပြောင်းလုပ်သားတွေအကြောင်း။သူတို့ တနေရာပြောင်းရင်သူတို့ 
ကလေးကိုကျောင်းမှာဘော်ဒါဆောင်ဘယ်လောက်ရှိရှိခေါါ်သွားကြတော့ ဟော...အခုလိုနှစ်ကုန်ခါနီး
မှာမောင်ဓူဝံ(ထိုက်သူအောင်)ကြီးမှူးတဲ့ ၄၂ကီလိုကျောင်းဟာဒီနေ့ မနက်တန်းစီချိန်မှာ(၁၄၄)ဦးပဲကျောင်းတက်
ပါသဗျ။
မင်းကဒီဒေသကိုဆရာ့နောက်၅နှစ်လောက်နေမှရောက်ပေမယ့်မြန်မာရွှေ့ ပြောင်း လုပ်သားတွေနဲ့ ကလေးတွေကိုတစုံတရာဖွံဖြိုးအောင်စွမ်းဆောင်နိုင်တာကိုက ငါ့တပည့်ပီသမှုပဲ။ အေး..ဒီလိုနဲ့ ၄၂ကီလိုကျောင်းကနေအပေါါ်ရုံအနွေးထည်တွေကိုယ်စီဝတ်ပြီးသကာလ မဲဆောက်မြို့ တောင်ဘက်ဖုတ်ဖရာ့မြို့ နယ်၊ချောင့်ခက်မြို့ နယ်ခွဲတဲက၄၄ကီလိုမီတာ အရပ်မှာရှိတဲ့*ထိုင်းသူဌေးပြောင်ကြီးဝင်း**ထဲကိုအတူသွားဖြစ်ခဲ့ကြတယ်နော်။ အလုပ်ကြပ်မစိန်ကတောင်ငါ့ကိုမြင်မြင်ချင်း*ဆရာမိုးကမမြင်တာကြာလို့ လား မသိ။ကန်းနေတယ်(အဲလေ) ၀လာ၊ချောလာသတဲ့ကွ။
ငါကလည်းချက်ချင်းပဲပြန်ပြောလိုက်ပါတယ်။**ချောဆိုအဖေကငရှဉ့် ၊ အမေကကျောက်ကျော**ဆိုတော့ဝါးကနဲရီကြတယ်။ အဲ..မစိန်က**ဆရာမိုးတို့ ၊ဆရာထိုက်(ဓူဝံ)တို့ ငါတို့ ကိုဗဟုသုတပေးမယ်တဲ့ဟေ့** လို့ မောင်းခတ်ပြီးမကြာစကားဝိုင်းတစ်ဝိုင်းဖြစ်သွားပါရောလား။ အဲဒီမှာမင်းနဲ့ ငါနဲ့ ကယာယီအလုပ်သမားလက်မှတ်၊မြန်မာသံရုံးခရီးသွားထောက်ခံစာ အကြောင်းရေနွေးသောက်ပြီးပြောကြတာတယ်အားရသကွ။ သူတို့ ကလည်းသိချင်တာရယ်၊မရှင်းလင်းတာရယ်ကိုကိုယ့်ဆွေမျိုးတွေနဲ့ စကား ပြောရသလိုပြန်မေးကြသကွ။ အဲဒီပြောင်ကြီးဝင်းပြီးပြန်တော့၄၄ကီလိုမီတာတကြောလုံးက၀က်သိုးဝင်း၊အနန်းဝင်း၊ ကြက်မတွန်ဝင်း၊ဦးပေစိဝင်း၊ထွန်းလုံရှိန်ဝင်းစတဲ့ မြန်မာတွေကသူတို့ သူဌေးအမည်ကိုအလွယ်ခေါါ်ကြတဲ့
ဝင်းပေါင်းစုံကိုဆိုင်ကယ်နဲ့ ပတ်ကြည့်ကြသေးတယ်နော်။ အဲ ..ပြီးတော့တစ်ခါ၃၅ကီလိုမီတာကအာလူးလက်ဘက်ရည်သောက် မလို့ အ၀င်မှာပဲ..**ဟာ..ဆရာမိုး၊ဆရာထိုက်.လာပါ..လာပါ။ဒီနေ့ ကထိန်ခင်းကြလို့  မုန့် ဟင်းခါးဆွဲကြပါဦး** လို့ ဝိုင်းခေါါ်ကြတယ်လေ။
(မဲဆောက်မြို့ တောင်ဘက်ဖုတ်ဖရာ့မြို့ နယ်
(၄၂)့ကီလိုမီတာကျောင်း
ဒီနေ့ မနက်တန်းစီချိန်)
ဖုတ်ဖရာ့မြို့ နယ်၃၅ကီလိုမီတာ(ဆီခိုထိုင်
ကထိန်အောင်ပွဲကိုမုန့် ဟင်းခါး နဲ့ နွှဲနေကြတာ
ဆရာမိုး-ဆရာထိုက်တို့ နဲ့ သွားတိုးပြီးသကာလ)
(ဒီနေ့ မနက် ကနေ မွန်းလွဲအထိ
ဖုတ်ဖရာ့မြို့ နယ်၊ချောင့်ခက်မြို့ နယ်ခွဲတခွင်ကွင်းဆင်း
ပညာပေးဟောပြောနေတဲ့ဆရာမိုး)
ဒီလိုလူထုဆီကွင်းဆင်းဟောပြောတာ..ဘာဘတ်ဂျက်မှမလိုပါဘူးကွာ။အဓိက
လိုတာက..စစ်မှန်တဲ့ရင်ဘတ်တွေပါ။
အဲဒါဘာလဲဆိုတော့ကာ....
++ပြည်သူမပါ..အရာရာ..ဘာဆိုဘာမှမပြီးနိုင်ပါ...
++ပြည်သူသည်သာ..အခရာ..အရာရာကိုပြောင်းလဲနိုင်သည်။
++ခွန်အားမျှဝေ..ဒို့ တတွေသည်..မလွဲမသွေ...ပြည်သူတွေအတွက်...။
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
+သောင်ရင်းနဂါး+
(ယာယီအလုပ်သမားလက်မှတ်အကြောင်း၊ပြီးတော့
ပတ်စ်ပို့ စာအုပ်ကြီးလုပ်ကြတဲ့အခါ
ခရီးသွားရာမှာထိုင်းရဲတွေငွေမတောင်းဘို့ ရယ်၊
မိမိမှာအထောက်အထားမစုံလင်ရင်
ဒီဘန်ကောက်မြန်မာသံရုံးရဲ့ ခရီးသွားထောက်ခံစာကို
လုံခြုံစိတ်ချစွာအသုံးပြုကြဖို့ ရယ်ရှင်းပြကြ)

No comments:
Post a Comment