+(နိဝင်ဘာလ၅ရက်-၂၀၁၄-စွန်ရဲ+
ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ တဖက်ခြမ်းရှိမြ၀တီမြို့ နယ်၊မဲထော်သလေးရွာနေ ထိုင်း နှင့် မြန်မာမှတ်ပုံတင်ကိုင်ဆောင်ထားသူအသက်၆၀ကျော်လူကြီးတစ်ဦးက ဇနီးဖြစ်သူဘက်မှ၁၄နှစ်အရွယ်မြေးမနှင့်၇နှစ်အရွယ်မြေးကလေးတို့ အား ရိုက်နှက်ညှင်းဆဲသဖြင့်သူတို့သည်မဲဆောက်ဘက်ခြမ်းသို့ ယမန်နေ့  ကထွက်ပြေးကြရသည်။ အဆိုပါမှတ်ပုံတင်၂ခုကိုင်လူလည်ကြီးသည်မယားပါမြေးမကလေးအားဟိုခေါါ်။ ဒီခေါါ်နှင့်မျက်စေ့အောက်မှအပျောက်မခံကြောင်း၊ကလေးများမှာယခု၂၀၁၄-၁၅ပညာသင်နှစ်ကျမှမဲဆောက်မြို့ နေ့ သစ်အလကကျောင်းတွင်သူငယ်တန်းမှာ ပညာစတင်သင်ကြားရကြောင်းအဖွားလုပ်သူကပြောဆိုသည်။ ဒီကလေး၂ဦးကိုChild Dream ၊HWFနှင့်JACBAအဖွဲ့ ကကြီးမှူးစီမံအုပ်ချုပ်သော နေ့ သစ်အလကကျောင်းတို့ ညှိနိုင်းဆွေးနွေးကာသင့်တော်သည့်မိဘမဲ့ ကလေးစောင့်ရှောက်ရေးဂေဟာမှတဆင့်ကျောင်းဆက်လက်တက်စေမည်ဖြစ်၏။ ကလေး၂ဦး၏မိဘများမှာဘန်ကောက်ပြည်နယ်၊ပထုန်ဌာနီဘက်တွင်ရှိကြပြီး မိခင်ရော၊ဖခင်ပါသီးခြားဇာတ်လမ်းသစ်များဖြင့်သူတို့ ချင်းကွဲကွာနေကြရာ ထိုကလေး၂ဦးအားအဖွားလုပ်သူကစောင့်ရှောက်ရင်းအဖွား၏နောက်အိမ်ထောင်က နှာခေါင်းဇာတ်လမ်းခင်း
ကျင်းလာခြင်းဖြစ်သည်။
(စိတ်ချလက်ချအိပ်ကြတော့ကလေးတို့ ။ လူပီသတဲ့ဆရာတွေရဲ့ ဘုံရိပ်သာမှာ လွတ်လပ်ငြိမ်းချမ်းစွာမှေးစက်ကြစို့ )
ဒီအမှုကိုJACBAဆရာမိုး၏ကြီးကြပ်မှုဖြင့်ဲနေ့ သစ်အလကကျောင်းညွှန်ကြားရေးမှူး ဆရာမဒေါါ်ယုဇန၊ဆရာမဒေါါ်ခင်ချိုလင်းတို့ ကအနီးကပ်ကိုင်တွယ်ဖြေရှင်းခဲ့ခြင်းဖြစ်၏။ ယနေ့ အထိတော့ဒီမြေးအဖွား၃ဦးစလုံးဆရာမိုးနှင့်ဒေါါ်ယုဇနတို့ ၏ဘုံရိပ်သာတွင်
အေးချမ်းစွာရှိနေကြဆဲဖြစ်၏။
(ဆရာမိုး နဲ့ ဒေါါ်ယုဇနတို့ ဘုံရိပ်သာမှာ
ဒီ၁၄နှစ်အရွယ်ကလေးမတို့ မြေးအဖွားတွေ
လွတ်လပ်ငြိမ်းချမ်းစွာ)

No comments:
Post a Comment