ပရီမီ ယာလိ ဂ်ပွဲစဉ် (၁၀) တနင်္ဂနွေနေ့ ည ယှဉ် ပြိုင်ကစားသည့်  မန် ချက်စတာမြို့ခံ ပြိုင် ဘက် နှစ် သင်း တွေ့ဆုံမှုတွင် မန်စီးတီးက တစ်ဂိုး-ဂိုးမရှိ ဖြင့်  အနိုင်ရခဲ့သည်။
ပထမပိုင်းပွဲစစချင်း မန်ယူက အချိ တ် အဆက်မိ မိ ဖိ အားပေးကစားနိုင် ခဲ့ ပြီး ၃၉ မိ နစ်တွ င် မန်ယူ နောက် ခံကစားသမား စမောလင်းက မန်စီးတီးတောင်ပံကစားသမား မီလ် နာကို ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့၍ နှစ်ဝါတစ် နီဖြင့်  ထွက် ခဲ့ရသည်။ မန်ယူနည်းပြ ဗန်ဟားလ်သည် ကစားကွက်ပြောင်းကာ ဂျာနူဇက်နေရာတွင် ဗဟိုခံစစ်ဖြင့် မိုက်ကယ်ကာရစ်ကို ထည့် သွင်းကစားခဲ့ သည်။ မန်စီးတီးကတိုက်စစ်ဖွင့် ပြီး ဖိ ကစားနိုင်သော်လည်း ပထမပိုင်းဂိုးမရရှိဘဲ ပြီးဆုံးခဲ့ သည်။
ဒုတိယပိုင်းတွင် မန်ယူအသင်း တန်ပြန်တိုက်စစ်ဖြင့်  ခြိမ်းခြောက်နိုင်သော်လည်း ၅၆ မိနစ်တွင် နောက်တန်း အားထားရသော ရိုဂျိုမှာ ဒဏ်ရာရရှိခဲ့ သဖြင့်  လူငယ်ကစား သမား ပက်ထရစ်ကို အစားထိုးခဲ့ ရသည်။ မန်စီးတီးအသင်း ဂိုးကန်သွင်းခွင့် များရရှိခဲ့ ပြီး မန်ယူဂိုးသမား ဒီဂီယာ လက်စွမ်းပြကာကွယ်နိုင်ခဲ့သည်။ ပွဲချိန် ၆၃ မိနစ်တွင် မန်စီးတီးမှ ကလစ်ချီ၏ ဖြတ်တင်ဘောကို အဂူရို မနား တမ်းကန်သွင်းခဲ့ ပြီး အဖွင့် ဂိုးရယူခဲ့သည်။ ပွဲပြီးချိန်ထိ မန်ယူအသင်း ချေပဂိုးမသွင်းနိုင်ဘဲ တစ်ဂိုး-ဂိုးမရှိဖြင့်  ရှုံးနိမ့် ခဲ့ သည်။
(မန်စီးတီးမှအဂူရိုဂိုးသွင်းအပြီးဒီလိုအောင်ပွဲခံ)
မန်ယူအသင်းသည် ယနေ့ပွဲ ရှုံးနိမ့် ခဲ့ သည့်အတွက် ယခုရာသီအဝေးကွင်း ငါးပွဲတွင် သုံးပွဲသရေ၊ နှစ်ပွဲရှုံးသည်။ မန်စီးတီးအသင်းက ဒီရာသီ အိမ်ကွင်း ငါးပွဲတွင် သုံးပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးသည်။ မန်စီးတီးတို့  ယခုပွဲအပြီး ရမှတ် ၂၀ ဖြင့်  အဆင့်  ၃ ၌ ရပ်တည်နေသည်။
သီ ဟ-ရေးသည်။
(တစ်ယောက်လျော့မန်ယူဘက်သို့ မန်စီးတီးမှ
အဂူရိုဂိုးသွင်းလိုက်စဉ်)

No comments:
Post a Comment