ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, November 30, 2014

==လူထုကျန်းမာရေး(မျက်စိထဲသို့ အမှိုက် တစ်ခုခု ဝင်ခဲ့လျှင် လုပ်ဆောင်ရမည့် အချက်များ)==

>

++Public Health++ 

မျက်စိထဲသို့ တစ်စုံတစ်ခု ဝင်ရန် မလွယ်ကူပါ။ ဝင်ခဲ့သော် မျက်ရည်က သယ်ယူပေးခြင်းဖြင့် သာမန် အမှုန်အမွှားများကို နေ့စဉ် ဖယ်ရှား ပေးနိုင်မည် ဖြစ်သည်။ ဂျုံကြမ်းမှုန့်၊ ကျောက်မီးသွေးမှုန့်၊ သဲ၊ သတ္တုအမှုန် အစများ မျက်စိထဲ ဝင်နေလျှင် မျက်စိ နာနေတတ်သည်။ မျက်စိ အနာ သက်သာစေဖို့ မျက်စဉ်းဆေးများကို ဆရာဝန် ညွှန်ကြားချက် မရဘဲ မထည့်သင့်ပါ။ အကယ်၍ သတ္တုစ စူးဝင်ပါက ပြင်းထန်သော ဝေဒနာ ခံစား ရတတ်သည်။

**မျက်စိထဲကို တစ်ခုခု ဝင်ခဲ့လျှင် **

(၁) လူနာကို မျက်စိ မပွတ်ရန် တားမြစ်ရမည်။ ကလေး ဆိုလျှင် ငြိမ်ငြိမ်နေအောင် အထူး ကြပ်မတ်ရမည်။

 (၂) လူနာကို အလင်းရောင် လာရာဘက်သို့ မျက်နှာမူ ထိုင်စေပြီး လူနာ၏ ရှေ့၌ရပ်ကာ အောက် မျက်ခမ်းကို လှန်ချရမည်။

 (၃) ပြင်ပပစ္စည်း ဆိုလျှင် မြင်နိုင်ပြီး မျက်လုံးထဲတွင် တွယ်ကပ် စူးဝင်နေခြင်း သို့မဟုတ် လက်ကိုင်ပဝါ အဖြူဖြင့် ထောင့်စွန်းကို လိမ်၍ ရေဆွတ်ပြီး မျက်လုံးထဲမှ အရာဝတ္ထုကို ဆွဲဖယ် ထုတ်သင့်သည်။

(၄) ပြင်ပ ပစ္စည်းသည် မျက်လုံးထဲတွင် တွယ်ကပ် စူးဝင်နေလျှင် ဖယ်ရန် မကြိုးစားဘဲ လူနာကို မျက်စိ မှိတ်စေပြီး မျက်စိပေါ်မှ ဂွမ်းဖြင့် အုပ်၍ ပတ်တီး စည်းပေးပြီး ဆေးရုံသို့ ပို့သင့်သည်။

(၅) ပြင်ပ ပစ္စည်းကို မမြင်ရဘဲ အထက်ဘက် မျက်ခွံ အောက်ထဲကို ဝင်နေလျှင် လူနာ၏ မျက်စိကို ကြည်လင်သော ရေထဲတွင် စိမ်ပြီး မျက်တောင်ခတ်ရန် ညွှန်ကြား ပေးရမည်။ မျက်ခွံလှန်ပြီး ကြည့်၍ မထွက်သေးပါက မျက်စိထဲမှ အရာကို ပြင်ပသို့ ထွက်စေရန် အထက် မျက်ခွံကို ဆွဲမပြီး အောက် မျက်ခမ်းကို အထက် မျက်ခွံအောက် အသာသွင်းကာ လွှတ်လိုက် ရမည်။ ဆရာဝန်နှင့် ပြရမည်။

(၆) လူနာကို အလင်းရောင် လာရာဘက်သို့ မျက်နှာမူ ထိုင်စေကာ လူနာ၏ နောက်မှ ရပ်ပြီး လူနာ၏ ဦးခေါင်းကို ကိုင်ကာ ရင်ဘတ်နှင့် ထိန်းထားရမည်။ ကလေးငယ် ဆိုလျှင် မကြောက်လန့်ရန်၊ မငိုရန် နှစ်သိမ့် ဆွေးနွေးရမည်။

 (၇) မီးခြစ်ဆံ တစ်ချောင်းကို မျက်ခွံ၏ အရင်းနားတွင် တင်ပြီး ဖြည်းညင်းစွာ နောက်ကို ဖိထား၍ လူနာကို အောက်သို့ စိုက်ကြည့်စေကာ အထက်မျက်ခွံကို မပြီး မီးခြစ်ဆံပေါ်ကို လှန်ယူ၍ ဝင်နေသော အရာကို ဖယ်ထုတ်ရမည်။ (၈) လက်ကိုင်ပဝါ ထောင့်ဖြင့် ဝင်နေသော အရာကို ဆွဲထုတ် သင့်သည်။

 (၉) ဆား လောင်တတ်သော အက်စစ် သို့မဟုတ် ဘေ့စ်(အယ်ကာလီ)များ မျက်စိထဲ ဝင်လျှင် လူနာ၏ မျက်စိကို ရေများများ လောင်းချပြီး မျက်စိပေါ်ကို ဂွမ်းနှင့်အုပ်၊ ပတ်တီးနဲ့စည်းပြီး ဆေးဘက် အကူအညီ အမြန်ဆုံး ရယူသင့်သည်။

 **သတိပြုရန်**

 မျက်စိကို ဒဏ်ရာ မရအောင် အထူး ဂရုစိုက်သင့်သည်။ ဖုန်၊ ခဲ၊ သဲ၊ ဖွဲကြမ်း၊ မီးသွေးမှုန့်တို့ ကဲ့သို့သော အရာဝတ္ထုများ မျက်စိထဲ ဝင်လျှင် အခံရ ခက်ကာ မျက်စိ နာတတ်သည်။ မျက်စိ နီရဲပြီး မျက်ရည် အမြဲ ယိုနေ တတ်သည်။ မျက်လုံးထိ စူးဝင်လျှင် ပြင်းထန်ပါက မျက်စိ ပျက်စီး နိုင်သည်။ ပြင်ပပစ္စည်း မျက်ကြည်လွှာတွင် ကပ်နေလျှင် ဖယ်ထုတ်ဖို့ မကြိုးစား သင့်ပါ။ မျက်ကြည်လွှာ အပြင် မျက်မြှေးပါးတွင် ရှိနေမှ ထုတ်ပစ် သင့်ပါသည်။ တစ်ခါတရံ အပေါ်မျက်ခွံ အတွင်းပိုင်းမှာ ဖုန်စ၊ အမှိုက်စနှင့် သေးငယ်သော ပိုးမွှား ကောင်များ တစ်နေရာရာတွင် ကပ်နေလျှင် မြင်အောင် ကြည့်ပြီးမှ လက်ကိုင်ပဝါ ထောင့်စွန်းကို ရေဆွတ်ပြီး ဖယ်ထုတ် နိုင်သည်။

 **ပြုစုနည်း**

 မျက်စိကို လုံးဝ မပွတ်သင့်ပါ။ ကလေးကို ငြိမ်ငြိမ် ထားသင့်သည်။ ပြုစုသော သူက လက်ကို ဆပ်ပြာဖြင့် သေချာစွာ ဆေးရမည်။ ပြင်ပ ပစ္စည်းသည် မြင်နိုင်ပြီး မျက်သားအတွင်း စူးဝင်ခြင်း မဟုတ်လျှင် ဂွမ်း သို့မဟုတ် သန့်ရှင်းသော လက်ကိုင်ပဝါ၊ အဝတ်၊ ပိတ်ပါးစဖြင့် ထောင့်စွန်းကို ရေဆွတ်ပြီး ဆွဲထုတ်ရမည်။ ပြင်ပပစ္စည်းကို ရေ အပြည့်ထည့်ထားသော ရေပုံး၊ ရေခွက်တွင် မျက်နှာ နှစ်ပြီး ဖွင့်ချည် ပိတ်ချည် လုပ်၍ ထုတ်နိုင်သည်။ တက်ထရာဆိုင်ကလင်း မျက်စဉ်းဆေး ထည့်နိုင်သည်။ အက်စစ်၊ အယ်ကာလီ ဝင်လျှင် ရေ များများဖြင့် ဆေးကြော ပေးရမည်။ ။

 +ဒေါက်တာလွင်သန့်(ဆေး-၂)+

 မြ၀တီ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)