>
ကျွန်မမှာ သူနဲ့မတွေ့ခင်က ၀ယ်ထားဖြစ်ခဲ့တဲ့ မီးခိုးအောက်ခံရောင် နက်ပြာနဲ့အ၀ါရောင်စင်းတွေ ကန့်လန့်ဖြတ်ထားတဲ့ စားပွဲခင်းကွက် ဂျပန်ချာလီတစ်ချောင်းရှိခဲ့တယ်…။
သူနဲ့တွေ့ဖြစ်တော့ မိုးတွေရက်ဆက်နေတဲ့ နေ့တွေပေါ့…။ သူထီးမပါလာတဲ့အခါ သူ့အိမ်အပြန်ကို ကျွန်မအဲဒီထီးကလေးထည့်ပေးတတ်ခဲ့ဖူးတယ်…။ ထီးကလေးဟာသူ့ဆီမှာ အချိန်တိုင်းတာတစ်ခုအထိ ရှိနေခဲ့ဖူးတယ်..။ ကျွန်မတို့ နှုတ်ဆက်လမ်းခွဲကြတော့ ကျွန်မကို နှုတ်ဆက်အနမ်းလေးချွေ အဲဒီထီးကလေးကို ကျွန်မတို့တိုက်လှေကားသံဇကာမှာ ချိတ်ထားခဲ့ပြီး ချာခနဲ ကျောခိုင်းလို့ သူလှည့်ထွက်သွားခဲ့ဖူးတယ်…။
ကျွန်မတို့ ဒုတိယအကြိမ်ပြန်ဆုံကြတော့ သူ့လက်ထဲမှာ အဲဒီဂျပန်ချာလီထီးအစား အ၀ါရောင်တောက်တောက်ထီးတစ်ချောင်းဖြစ်နေခဲ့တယ်….။ ဗိုလ်အောင်ကျော်လမ်း စာတိုက်ကြီးမျက်စောင်းထိုးမှာ ကဗျာစာအုပ်မိတ်ဆက်ပွဲလေးသွားတဲ့ သူ့ကိုကျွန်မပြန်လှည့်ခေါ်တဲ့ နေ့လည်ခင်းတုန်းက မိုးတွေရွာနေခဲ့သလား နေပူနေခဲ့သလား ကျွန်မသေချာမမှတ်မိပေမယ့် သူထီးအ၀ါရောင်တောက်တောက်လေးစောင်းပြီး ရပ်စောင့်နေတာကိုတော့တွေ့လိုက်တယ်…။ အဲဒီနေ့က သူ့အတွက်လုံလဲမလုံတဲ့ ထီးအ၀ါရောင်လေးကို ကျွန်မက သူ့ဆီမှာ အကြာကြီးရောက်နေခဲ့ဖူးတဲ့ ထီးနဲ့ပြန်လဲယူခဲ့လိုက်တယ်…။ ဒီလိုနဲ့ ထီးကလေး သူ့ဆီကို ဒုတိယအကြိမ်ပြန်ရောက်သွားခဲ့တယ်..။
ကျွန်မတို့ နောက်ထပ်တစ်ကြိမ်လမ်းခွဲနှုတ်ဆက်ကြပြန်တော့လဲ ထီးကလေးသူ့ဆီမှာပဲကျန်ခဲ့ပါတယ်……။
သာမန်အားဖြင့် ထီးကလေးဟာ ကျွန်မတို့အတွက် မိုးရွာခဲ့ရင် ဒါမှမဟုတ် နေပူနေခဲ့ရင် လုံခြုံဖို့အကာအကွယ်လို့အပေါ်ယံအနေနဲ့မြင်ပေမယ့်.... ကျွန်မတို့ကို နွေးထွေးလုံခြုံအောင်အမြဲ ဆောင်နှင်းပေးတယ်ဆိုတာ ကျွန်မတို့ကိုယ်တိုင်ပဲ ခံစားသိရှိကြမှာ...။ ဒီနေရာမှာ ကျွန်မတို့လို့သုံးစွဲရတာ ကျွန်မလိုပဲ သူလဲ ထီးကလေးရဲ့ လုံခြုံမှုကိုသိစိတ်ကမဟုတ်ရင်တောင် မသိစိတ်ကနေခံစားသိရှိနေမယ်လို့ ယုံကြည်တယ်...။
ကျွန်မတို့နှစ်ယောက်ဟာ ဘယ်တော့မှပြန်မဆုံကြတော့ဘူးလို့ထင်ထားခဲ့တာ..။ ကျွန်မကို အငြိုးကြီးစွာ သူမုန်းတီးသွားခဲ့ပြီလို့ ကျွန်မသိထားခဲ့တာကိုး…။ ကျွန်မတို့လူချင်းပြန်မဆုံခင် စာတိုကလေးတွေ အပြန်လှန်ပို့ဖြစ်နေခဲ့တယ်…။ ဘာရယ်မဟုတ်ဘဲ သာကြောင်းနာကြောင်းလေးတွေပါပဲ..။ အိမ်ကထွက်ရင် မိုးမရွာတဲ့နေ့တွေဆို ထီးယူသွားဖို့အမြဲမေ့တတ်တဲ့ ကျွန်မကို မိုးချိန်းသံကြားတိုင်း မိုးဖွဲတိုင်း မိုးသက်လေပြင်းကျတိုင်း သူစာပို့ပြီးသတိပေးတတ်တယ်…။ အပြင်မှာမိုးတွေချိန်းနေပြီ ထီးရောပါသွားရဲ့လား ဒီလက နှုတ်ဆက်မိုးရွာမှာမို့ မိုးကြီးနိုင်တယ် စသဖြင့်သူက မိုးလေ၀သခန့်မှန်းတတ်တဲ့ ပညာရှင်လိုလို ကျွန်မကို ဂရုဏာဒေါသောလေသံမျိုးလိုလို စိုးရိမ်စိတ်ကလေးစွတ်ပြီး မှာတမ်းချွေနေတတ်တယ်…။ နေပူရင်လည်း အပြင်မှာနေပြင်းတယ် ထီးယူသွားဦး စသဖြင့် ကျွန်မအပေါ်သူအသေးစိပ်ဂရုစိုက်တတ်တယ်...။ အမြဲတစေ ဂရုတစိုက်ရှိမှုကို မခံခဲ့ဖူးသူမို့ သူ့အပြုအမူတွေအပေါ် ကျွန်မ ရူးသွပ်သာယာသွားမိတာ မဆန်းဘူးလို့ထင်ပါတယ်...။
ခုနောက်ဆုံး ထီးကလေးကျွန်မဆီကိုပြန်ရောက်လာခဲ့တာ နည်းနည်းတော့ ထူးဆန်းတယ်လို့ပြောလို့ရသလို ထူးလဲမထူးဆန်းပါဘူး….…။ ကျွန်မနေတဲ့အနားကို အကြောင်းကိစ္စတစ်ခုကြောင့်ဖြတ်သွားရင်း သူရောက်လာခဲ့တဲ့ ညနေခင်းက ကျွန်မနဲ့သူပြန်တွေ့ဖြစ်ခဲ့ကြတယ်…။ ကျွန်မ သူသောက်ဖို့ဆေးဗူးတွေပေးရင်း သူနဲ့လမ်းအတူလျှောက်ဖြစ်ခဲ့တယ်…။ အဲချိန်မှာ မိုးရွာချလာလို့ ကျွန်မအိမ်အပြန်မိုးစိုမှာစိုးလို့ ကျွန်မကိုသူ အဲဒီထီးကလေးပေးလိုက်တယ်…။ ဒီလိုနဲ့ပဲထီးကလေး ကျွန်မဆီကို ပြန်ရောက်လာခဲ့တယ်….။
ဒီတစ်ခါတော့ ထီးကလေးဟာ ကျွန်မဆီမှာပဲ အပြီးပိုင်ရှိနေခဲ့မလား သူ့ဆီကိုပြန်ရောက်သွားဦးမလားဆိုတာ ကျွန်မတို့ တရားသေမသိနိုင်သေးဘူး….။ ကံကြမ္မာရဲ့အဆုံးအဖြတ်တစ်ခုခုတော့ရှိလာလိမ့်မယ်လို့ ကျွန်မထင်ပါတယ်…။
+မိုးငွေ့+

Friday, November 7, 2014
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment