ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, December 2, 2014

==လူထုကျန်းမာရေး(အားနည်းပြီး မူးမေ့ချင် ဖြစ်နေသလား)==

>

++Public Health++ 

ဆယ်ကျော်သက် အရွယ်တွေမှာ အဖြစ်များတဲ့ အားနည်းပြီး မူးမေ့တဲ့ ဝေဒနာ အကြောင်း ဖော်ပြ ပေးလိုက် ပါတယ်။

**အားနည်းပြီး မူးမေ့ခြင်း ဖြစ်ရသော အကြောင်းရင်း**

ဒါက စိတ်နဲ့ ခန္ဓာမှာ ဖိစီးမှုဒဏ်ရှိ တာကြောင့် ဖြစ်ရတာပါ။ လူတစ်ယောက်ရဲ့ နှလုံး၊ သွေးလှည့် ပတ်မှု၊ သွေးဖိအား နဲ့ အသက်ရှူတဲ့ ပုံစံ စတာတွေနဲ့လည်း ဆက်စပ်မှု ရှိသလို စိတ်ဖိစီးမှု၊ စိုးရိမ် သောက များတာ၊ စိတ်ပင်ပန်းတာစတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ တွေနဲ့လည်း ဆက်စပ် နေပါတယ်။

**အားနည်းပြီး မူးမေ့သော ဝေဒနာဖြစ်ပေါ်စေရန် လှုံ့ဆော်သည့် အချက်များ**

-စိတ်ဖိစီးမှု ဖြစ်စေသော အခြေအနေ၊ စိတ်လှုပ်ရှားမှုနဲ့ နာကျင်မှု တွေဟာ အားနည်းပြီး မူးမေ့တဲ့ ဝေဒနာကို ဖြစ်စေ နိုင်ပါတယ်။

-အပူရှိန် များလွန်းတဲ့ အခန်းနဲ့ လူထူ ထပ်လွန်းတဲ့ အခန်းထဲမှာ နေရတဲ့ အခါ၊ သွေးစစ်ဆေးဖို့ ဆရာဝန် အခန်းကို သွားတဲ့အခါတွေမှာ အားနည်းပြီး မူးမေ့တဲ့ ဝေဒ နာ ဖြစ်ပေါ် တတ်ပါတယ်။

 -အားနည်းပြီး မူးမေ့တာက ရုတ်တရက် မမျှော်လင့်ဘဲ ဖြစ်ပေါ် တတ်ပါတယ်။ အဲဒီအခါ ဖျော့တော့တာ၊ ချွေးပြန်တာ နဲ့ ဖျားတာတို့ ဖြစ်တတ် ပါတယ်။ အိပ်နေရာ ကနေ ရုတ်တရက် မတ်တပ် ထရပ်တဲ့ အခါနဲ့ ထိုင်လိုက်တဲ့ အခါတွေမှာ မူးမေ့ သွားတတ် ပါတယ်။

 **အားနည်းပြီး မူးမေ့နေသူကိုတွေ့ရင် ဘာလုပ်ပေးသင့်သလဲ**

အရင်ဆုံး မူးမေ့ချင် သလိုလို ဖြစ်လာသူကို အိပ်ရာပေါ် လဲလျောင်းဖို့ ပြင်ဆင်ပေးပါ။ ပြီးရင်သူတို့ရဲ့ ဦးခေါင်းကို တတ်နိုင်သမျှ နှိမ့်ထားပြီး ခြေထောက် တွေကို မြှင့်တင် ထားပေးပါ။ ဒီနည်းလမ်းဟာ ဦးခေါင်းထဲကို သွေးစီးဆင်းရောက် ရှိစေပါတယ်။

- အိပ်နေရာ ကနေ ရုတ်တရက် ထလိုက်တာမျိုးကို ရှောင်ပါ။ -သတိလစ်ပြီး မူးမေ့ချင် သလိုလို ဖြစ်နေရင် ကောင်းကောင်း သတိရဖို့အတွက် မိနစ် အနည်းငယ် ကျော်ကြာတဲ့အထိ အချိန်ယူ ရပါတယ်။ ဒါကြောင့် အာရုံထွေပြားပြီး ကြည်လင် ပြတ်သားမှု မရှိသေးချိန်မှာ ရုတ်တရက် ထရပ်လိုက်ရင် မူးဝေကာ သတိလစ်ချင် သလိုလို ဖြစ်သွား နိုင်ပါတယ်။
- တကယ်လို့ မူးမေ့လာပြီး လှဲအိပ်ဖို့ အဆင်မပြေရင် ဒူးနှစ်ဖက်ကြား ခေါင်းထည့်ပြီး ထိုင်နေ သင့်ပါတယ်။ သူငယ်ချင်း မိတ်ဆွေတစ်ဦးက သူ့လက်တစ်ဖက်ကို ကိုင်ရင်း နောက်လက် တစ်ဖက်နဲ့ သူ့ဦးခေါင်းကို ဖိထားပေးပါ။ ဒီလိုလုပ်တာက ဦးခေါင်းထဲကို သွေးစီးဆင်းရောက် ရှိမှု များစေပြီး အားနည်းပြီး မူးမေ့တဲ့ ဝေဒနာ ကို လျော့ကျ စေပါတယ်။

 **အားနည်းပြီး မူးမေ့သော ဝေဒနာအတွက် ကြိုတင်ပြင်ဆင်မှု**

မူးမေ့ လွယ်တဲ့ သူတွေက သူတို့ကို မူးမေ့လွယ်မှု ဖြစ်စေနိုင်တဲ့ အခြေအနေတွေနဲ့ လှုံ့ဆော်မှုတွေကို အမြဲသတိထား နေဖို့ လိုပါတယ်။ မူးမေ့ချင် သလိုလို ဖြစ်လာ ပြီဆိုရင် ဘေးက လူတွေကို ကြိုတင် သတိ ပေးထားပြီး ထိုင်ချလိုက်ဖို့၊ လှဲအိပ်လိုက်ဖို့ လိုပါတယ်။ အားနည်းပြီး မူးမေ့တဲ့ ဝေဒနာ ဖြစ်ပေါ်တာက အချိန်တို အတွင်း ဖြစ်ပေါ် တတ်လို့ပါ။ အားနည်းပြီး မူးမေ့တဲ့သူက တစ်မိနစ်ကျော်၊ နှစ်မိနစ်ကြာတဲ့အထိ သတိပြန်မရရင် ရှေးဦး သူနာ ပြုစုနည်းကို သုံးဖို့နဲ့ အကူအညီ ခေါ်ဖို့ လိုအပ်နေပါပြီ။ အသက်ဝ၀ ရှူနိုင်အောင် ကူညီကာ အရေးပေါ် အကူအညီ မလာခင်အထိ သူ့ဘေး နားမှာ နေပေးဖို့ လိုပါတယ်။

 ++ဇွန်++

 မြ၀တီ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)