စပိန်ဘုရင့်ဖလား ၃၂သင်း ရှုံး ထွက်အဆင့်ပွဲစဉ်တွေကို ဒီဇင်ဘာ ၃ရက် နဲ့  ၄ ရက်တွေမှာ ကစားပါလိမ့်  မယ်။ရှုံးထွက်အဆင့်မှာ အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ကစားရမှာ ဖြစ်ပြီး ဘာစီလိုနာတို့လို အသင်း ကြီးတွေရဲ့ စွမ်းဆောင်မှုတွေအပေါ် အကဲခတ်ခွင့် ရရှိကြဦးမှာဖြစ် ပါတယ်။
**ဟူစကာနှင့် ဘာစီ လိုနာ **
အရန်ကစားသမားတွေနဲ့  ပွဲ ထွက်လာဖို့ ရှိနေတဲ့ ဘာစီလိုနာဟာ အသင်းငယ်ဟူစကာကို နိုင်ပွဲရအောင် ကစားပါလိမ့်မယ်။ ဟူစကာဟာ အိမ်ကွင်းမှာ အကောင်းဆုံးပုံစံရ အောင် ကစားတတ်တာကြောင့် ဘာစီလိုနာတို့  လွယ်ကူမှာတော့မ ဟုတ်ပါဘူး။ ဒါပေမယ့် ဘာစီလိုနာ တို့ က အမှတ်ပြည့် ရယူဖို့ ကြိုးစားမှာမို့  ဒီပွဲဟာ ဘာစီလိုနာတို့အတွက် နိုင်ပွဲ ဖြစ်ပါလိမ့် မယ်။
**အလာဗက် စ် နှင့် အက် စ် ပန် ညို **
အလာဗက်စ်ရဲ့  အိမ်ကွင်းရလဒ် ကကောင်းနေတာမို့  အက်စ်ပန်ညို တို့ ပေါ့ဆလို့မရပါဘူး၊ အက်စ်ပန်ညို ရဲ့  အဝေးကွင်းရလဒ်က ဆိုးရွားနေ တာမို့  နိုင်ပွဲတွေဆက်နေတဲ့  အလာ ဗက်စ်တို့ ပဲ ဒီပွဲရဲ့ ရလဒ်ကို ပုံဖော်ပါ လိမ့် မယ်။
** ဒီ ပို့တီ ဗိုနှ င့်  မာလာဂါ**
ဒီပို့ တီဗိုရဲ့  နောက်ဆုံးကစားခဲ့ တဲ့  ငါးပွဲရလဒ်က အားရစရာမရှိပါဘူး။ မာလာဂါတို့ ကတော့ခြေစွမ်း တက်ရိပ် ပြနေတာမို့  အခုပွဲမှာ ဒီပို့တီဗိုကို ဖိအားပေးကစားပါလိမ့် မယ်။ ဒီပို့ တီ ဗိုတိုက်စစ်မှူးတွေက ဂိုးသွင်းမသေချာ တာမို့  မာလာဂါတို့ ရဲ့ အားထုတ်မှုကို ယုံကြည်မှုပေးရမှာ ဖြစ်ပါတယ်။
**အယ် လ် ဘာစီးတီးနှင့် လီဗန် တေး **
အိမ်ကွင်းမှာ နှစ်ပွဲဆက်တိုက် နိုင်ပွဲရထားတဲ့  အယ်လ်ဘာစီးတီးဟာ လီဗန်တေးကို အကောင်းဆုံး တန်ပြန် ကစားပါလိမ့်မယ်။ လီဗန်တေးတို့ ကလည်း နိုင်ပွဲတွေဆက်နေတာမို့  အခုပွဲဟာ ပွဲကောင်းအဖြစ်မြင်တွေ့ ရ မှာဖြစ်ပါတယ်။ ဒါပေမယ့်  အိမ်ကွင်း မှာ အနိုင်ရလိုမှု ပြင်းထန်တဲ့  အယ်လ် ဘာစီးတီးတို့ ပဲ အမှတ်ပြည့်ယူပါ လိမ့် မယ်။
**ဗယ် လက် ကာနို နှ င့် ဗလင် စီယာ**
နှစ်သင်းစလုံး ခြေစွမ်းက အားရစရာမရှိပေမယ့် အိမ်ရှင်ဖြစ်တဲ့  ဗယ်လက်ကာနို တိုက်စစ်မှူးတွေက အဆုံးသတ်ပိုင်းမှာ ပိုပြီးကောင်းမွန် ပါတယ်။ ဒါပေမယ့် ဗယ်လက်ကာနို နောက်ဆုံးသုံးပွဲကစားခဲ့ တဲ့  ရလဒ် ကိုကြည့်ရင် တစ်ပွဲနိုင်၊ နှစ်ပွဲရှုံးထား တာမို့  ဗလင်စီယာဟာ အနိမ့် ဆုံးသရေ ကစားပြီး အိမ်ပြန်ဖို့ကြိုးစားပါ လိမ့် မယ်။
**ကာဒစ် ဇ် နှင့် ဗီလာရီးရဲလ် **
စပိန် ဘုရင့်ဖလားပွဲမှာ စိတ်ဓာတ်ကောင်းကောင်းနဲ့  ကစား တတ်တဲ့  ကာဒစ်ဇ်ဟာ ဗီလာရီးရဲလ်ကို အိမ်ကွင်းမှာ အခက်တွေ့ အောင် ကစားပါလိမ့်မယ်။ ဒီနှစ် ဘောလုံး ရာသီမှာ အိမ်ကွင်းရှုံးပွဲမရှိသေးတဲ့ ကာဒစ်ဇ်ကို ဗီလာရီးရဲလ်တို့  ခြေကုန် ထုတ်ရမယ့် ကိန်းဖြစ်ပါတယ်။ ဗီလာ ရီးရဲလ်ရဲ့ အားထုတ်မှုက မြင့်မားနေ တာမို့ အခုပွဲမှာ ဗီလာရီးရဲလ်ကိုပဲ ယုံကြည်မှုပေးရမှာဖြစ်ပါတယ်။
**ဂရန် နာဒါနှ င့် ကော် ဒိုဗာ **
ရှုံးပွဲတွေ ဆက်တိုက်ကြုံတွေ့  နေရတဲ့  ဒီနှစ်သင်းဟာ နောက်တစ် ဆင့်တက်ရေး အပြိုင်ကြိုးစားမှာ ဖြစ်ပါတယ်။ ကော်ဒိုဗာရဲ့ စွမ်းဆောင် မှုက မာကျောတာမို့  အိမ်ကွင်းမှာ ဂရန်နာဒါတို့  အခြေအနေမကောင်း နိုင်ပါဘူး။
+မိုးမြင့်လင်းလက်+

No comments:
Post a Comment