ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, December 5, 2014

tes ago ==လူထုကျန်းမာရေး(ဆောင်းရာသီနှင့် ဖြစ်တတ်သောရောဂါများ)==

>
++Public Health++

 (ရန်ကုန်၊ ဒီဇင်ဘာ ၃)
 ဆောင်းရာသီ တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ လေဖြတ်ရောဂါနှင့် အရေပြား ရောဂါများဖြစ်ပွားတတ်ပြီး ရောဂါ ပြင်းထန်ပါက အသက်အန္တရာယ် ဖြစ်ပွားနိုင်သောကြောင့် အဆိုပါရော ဂါများမဖြစ်ပွားစေရန် ကြိုတင်ကာ ကွယ်မှုများကို ပြုလုပ်ထားသင့်ကြောင်း အထွေထွေရောဂါကုဆရာဝန်ဒေါက် တာ ခင်အေးထက်(မိုးမခ)က အသိ ပေးပြောကြားသည်။ ''ဆောင်းရာသီမှာ ဖြစ်တတ်တဲ့ ရောဂါသုံးမျိုးရှိပါတယ်။ ဖုန်တွေ ကိုရှူမိလို့ဖြစ်တဲ့ အသက်ရှူလမ်း ကြောင်းရောဂါ၊ အအေးမိလို့ ရေချိုး ခေါင်းလျှော် မဆင်ခြင်လို့ဖြစ်တဲ့ လေ ဖြတ်ရောဂါနဲ့ ဖုန်တွေနဲ့အရေပြားနဲ့ ထိလို့ဖြစ်လာတဲ့ အရေပြားရောဂါ တွေပါ။ ဒီရောဂါတွေက ရောဂါပြင်း ထန်တာနဲ့အမျှ အသက်အန္တရာယ် ဖြစ်နိုင်တဲ့အတွက် မဖြစ်ပွားအောင် ကြိုတင် ကာကွယ်သင့်ပါတယ်'' ဟု ယင်းက ဆိုသည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအမျိုးမျိုး **************************************************

 ဆောင်းရာသီတွင် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ် သည့် နမိုးနီးယားအဆုတ်ရောင် ရောဂါ၊ အဆုတ်ခဲသည့် ရောဂါ၊ အ ဆုတ်ပြည်တည်သည့် ရောဂါ၊ တီဘီ ရောဂါ၊ လေပြွန်ရောင်ရမ်းသည့် ရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ ထိပ် ကပ်နာရောဂါများ ဖြစ်ပွားလေ့ရှိ ကြောင်း သိရသည်။

 နှာစေးချောင်းဆိုးရာက တစ်ဆင့် အဆုတ်နဲ့ ပတ်သက်သည့် ရောဂါများဖြစ်လာနိုင် ***************************************************************** ''ဆောင်းရာသီမှာ နှာစေးချောင်း ဆိုးတာကနေပြီး ရောဂါပြင်းထန် လာရင် နမိုးနီးယားအဆုတ်ရောင် ရောဂါဖြစ်တတ်ပါတယ်။ ညဘက် အိပ်တဲ့အခါမှာလဲ ရောဂါပိုးပါတဲ့ နှာရည်တွေက အဆုတ်ရဲ့လေပြွန်မ ကြီးကနေတစ်ဆင့် အဆုတ်ထဲကို ရောက်သွားပြီး အဆုတ်ခဲတာတို့၊ အဆုတ်ပြည်တည်တာတို့ ဖြစ်နိုင်ပါ တယ်။ ဒါကြောင့်နှာစေး၊ ချောင်း ဆိုးတယ်ဆိုပြီးတော့လဲ မပေါ့သင့် ပါဘူး''ဟု ယင်းကဆိုသည်။ ယခုကဲ့သို့ အေးသည့်အချိန် ကာလတွင် (Asthma) ပန်းနာရင် ကျပ်ရောဂါဖြစ်ပွားသူများမှာ ရော ဂါပိုဆိုးလာနိုင်သကဲ့သို့ နာတာ ရှည်လေပြွန်ရောင်ရမ်းသည့် လူများ မှာလည်း ရောဂါပိုဆိုးလာနိုင်ကြောင်း၊ အဆုတ်နှင့်ပတ်သက်သည့် ရောဂါ များမှ ကြိုတင်ကာကွယ်နိုင်ရန် နွေး ထွေးစွားနေသင့်ပြီး နှာစေးချောင်း ဆိုးဖြစ်ပွားပါကလဲ မပေါ့ဆဘဲ တတ် ကျွမ်းနားလည်တဲ့ ဆရာဝန်နှင့် ပျောက် ကင်းအောင်ကုသသင့်ကြောင်း သိ ရသည်။
တီဘီရောဂါလည်းကူးစက်နိုင်
*********************************

 ဆောင်းရာသီတွင် ဖုန်ထူထပ် သောကြောင့် တီဘီရောဂါကူးစက်ပြန့် ပွားမှုများလည်း ပိုမိုဖြစ်ပွားလာ နိုင်ကြောင်း သိရသည်။ ''တီဘီရောဂါကလဲ အဓိက ဖုန်ရှူလို့ဖြစ်တာပဲ။ တီဘီပိုးတွေက ဖုန်ထဲမှာရှိနေတတ်တယ်''ဟု ယင်း ကဆက်လက်ပြောကြားသည်။ ဖုန်ထူထူနှင့်နေပူထဲကို သွားလာ ခြင်းက ထိပ်ကပ်နာဖြစ်နိုင် ဆောင်းရာသီတွင် ဖုန်ထူထူ နှင့်နေပူထဲကို သွားလာခြင်းသည် ထိပ်ကပ်နာရောဂါဖြစ်ပွားလာနိုင် သောကြောင့် ဖုံထူသောလမ်းခရီးများ သွားလာခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပြီး မရှောင်နိုင်ပါက (Mask)နှာခေါင်းစည်းကို တပ်ပြီးမှ သာ သွားသင့်ကြောင်း၊ နေပူထဲသို့ သွားသည့်သူများအနေဖြင့်လည်း ဦးထုပ်၊ ထီးစသည့် အကာအရံများ ကို ပြုလုပ်ကာသွားသင့်ကြောင်း သိ ရသည်။ ''ထိပ်ကပ်နာဆိုတာက အဓိက ဖုန်တွေရှူပြီး နေပူထဲကို သွားလို့ဖြစ် တာ။ နဂိုမူလနှာခေါင်းအမြှေးအခံ မကောင်းတဲ့သူတွေဆိုရင် ရောဂါပိုး တွေက နှာခေါင်းထဲကိုဝင်လာပြီး နှာခေါင်းအမြှေးကိုတွယ်တာ။ အဲဒီ ကနေ ပါးနှစ်ဘက်မှာရှိတဲ့ နှာခေါင်း အနောက်ကလိုဏ်ခေါင်းဖြစ်နေတဲ့ အရိုးရဲ့အမြှေးတွေကိုပါ တွယ်သွား ပြီး အမြှေးတွေကပြုတ်ကျလာတဲ့ အထိရောဂါဆိုးနိုင်တယ်။ သေသေ ချာချာမကုရင် ဦးနှောက်နဲ့ အလွန် နီးတဲ့အတွက် ဦးနှောက်ထဲကို ပိုး ရောက်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်'' ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာခင်အေးထက်(မိုးမခ)က ဆက်လက်ပြောကြားသည်။

 လေမဖြတ်အောင် ရေချိုး၊ ခေါင်းလျှော်ဆင်ခြင်ပါ *******************************************************

 ဆောင်းတွင်း ရေချိုးရာတွင် အပူအအေးမျှတသည့် နံနက် ၁ဝ နာရီ၊ ၁၁နာရီဝန်းကျင်တွင် ချိုး သင့်ပြီး အဆိုပါအချိန်တွင် လုပ်ငန်း ခွင်သို့ ထွက်ခွာသွားရသည့်သူများ အနေဖြင့် မချိုးဖြစ်ပါက နံနက် စောစောချိုးသည် ထက် ညဘက် ရေချိုးပြီး နွေးနွေးထွေးထွေးနေသည် က ပိုမိုအဆင်ပြေကြောင်း ယင်းက ဆက်လက်ပြောသည်။ ''အချိန်အခါမဟုတ် ခေါင်း လျှော်တာ ရေချိုးတာတွေက လေ ဖြတ်နိုင်ပါတယ်။ ညဘက်ခေါင်း လျှော်ပြီး ရေခြောက်အောင် မသုတ် ဘဲ အိပ်ရင်ပါးတစ်ခြမ်းရွဲ့ပြီး လေဖြတ် သွားတတ်ပါတယ်''ဟုလည်း ဆို သည်။

အရေပြားရောဂါများဖြစ်ပွားနိုင်ပြီး သေချာမကုပါက ကျောက်ကပ်ပျက်စီးနိုင် ***********************************************************
 ဆောင်းရာသီတွင် အရေပြား နှင့်ဖုန်များထိတွေ့သောကြောင့် အရေ ပြားယားယံခြင်းများဖြစ်ပေါ်လာ တတ်ပြီး အရေပြားကို ကုတ်ဖဲ့ရာမှ တစ်ဆင့်ဝဲနှင်းခူများ၊ ပြည်တည် နာများဖြစ်ပေါ်လာကာ ၄င်းတို့ကို စနစ်တကျကုသခြင်းမရှိပါက ရောဂါ ပိုးများမှာ ကျောက်ကပ်ထဲသို့ ရောက် ရှိပြီး ကျောက်ကပ်ရောင်ရမ်းပျက် စီးနိုင်ကြောင်းလည်း ယင်းကဆက် လက်ပြောကြားသည်။

 +နွေဦးလင်း+
 #Democracytoday (ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
 မြ၀တီ
 Yangon Media Group

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)