(သူတို့ မြန်မာရွှေ့ ပြောင်းအလုပ်သမားတွဟာ နှစ်သစ်မှာကုသိုလ်ကောင်းမှု၁ခုကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြ)
**နှစ်သစ်အပြုံး
အားအရှိဆုံးဟု
ပြုံးပြီးပြုံးကာဒို့ လူထုရှိရာဆီ..**
+(ဇန်န၀ါရီလ၂ရက်၊၂၀၁၅၊သောင်ရင်းနဂါး)+
အသက်၆၀ကျော်အလုပ်သမားဇနီးမောင်နှံ၏နေအိမ်မီးလောင်ကျွမ်းပြီးပြာပုံအတိ ဖြစ်ရသောဖြစ်ရပ်တစ်ခု
သည်ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ ၊၀မ်းသခီးယန်း ရွာရှိမယ့်ပင်းကျောက်စက်နယ်မြေထဲတွင်ယမန်နေ့ ကပေါါ်ပေါက်ခဲ့သည်။
(မဲဆောက်မြို့ ဖိသစ်အထည်ချုပ်ရုံက
သူတို့ မလိုက်နိုင်ကြလို့ အလျှူငွေ နဲ့ 
အထည်ထုပ်ငယ်လျှူဒါန်း)
ဤဖြစ်ရပ်နှင့်ပတ်သက်ပြီးမဲဆောက်မြို့ နယ်လုံးဆိုင်ရာဘေး၎ဘေးလူမှုကူညီရေး အဖွဲ့ မှအလုပ်အမှုဆောင်တစ်ဦးဖြစ်ပြီးမယ်ပင်းကျောက်စက်၏လူမှုရေး တာဝန်ခံလည်းဖြစ်သူဦးကျော်စိုးက-**မနေ့ ကမနက်ပိုင်းမှာသူတို့ (ဦးအဒဲနဲ့ ဒေါါ်ပိန်) တို့ ဇနီးမောင်နှံကထမင်းအိုးတည်ပြီးမီးသွေးမီးကိုသတ်တာမီးမသေပဲထလောင်တာ လို့ ထင်ရပါတယ်။ပေါ့ဆမီးပေါ့ဗျာ။ဒေါါ်ပိန်က၆၅နှစ်၊ဦးအဒဲက၆၀နှစ်နဲ့  သားသမီးတွေကလည်းအနီးမှာမရှိကြဘူးဗျ။ကျနော်တို့ ကျောက်စက်မှာဦးအဒဲက ပထမညစောင့်လုပ်ရတယ်။အဲဒီတုန်းကနေ့ စားခ၁၅၀ဘတ်ရတယ်။ပြီးခဲ့တဲ့ ၂လလောက်ကစပြီးကျောက်စက်သူဌေးရဲ့ မွေးမြူရေးခြံမှာခြံစောင့်လုပ်ရတယ်။ နေ့စားခ၁၂၀ဘတ်ရတယ်။
သားသမီးတွေရှိပေမယ့်ဘာမှမစောင့်ရှောက်ကြလို့  ဒီကျောက်စက်ကလူတွေကပဲတတ်နိုင်သမျှစောင့်ရှောက်နေကြပါတယ်။ မီးလောင်လို့ ဘာမှအရေးယူခံရတာမရှိပါဘူး။ကျနော်တို့ ဝိုင်းဝန်းပြီးဝမ်းသခီးယန်း ရွာလူကြီးဆီကိုလည်းရှင်းပြပြီးပါပြီ..**ဟုပြောပြသည်။
( အလှူခံရရျှိမှုတွေကိုဒို့ အလုပ်သမားတွေမိသားစု စိတ်ဓါတ်နဲ့ ဝိုင်းသယ်ကြကွ)
ယနေ့ တွင်အဆိုပါမီးလောင်ပြင်နေရာသို့ ဦးမိုးကြိုး(ဆရာမိုး) ဦးဆောင်သောမဲဆောက်မြို့ နယ်လုံးဆိုင်ရာဘေး၎ဘေးလူမှုကူညီရေး အဖွဲ့ မှအလုပ်အမှုဆောင်အဖွဲ့ ဝင်အချို့ ရောက်ရှိပြီးမဲဆောက်မြို့ ဂျဂွာစတီးစက်ရုံ၊ ဖိခိုင်အထည်ချုပ်စက်ရုံနှင့်ဖိသစ်အထည်ချုပ်စက်ရုံတို့ မှလှူဒါန်းသောအလှူငွေ၊ အ၀တ်အထည်၊အိုးခွက်ပန်းကန်၊စားသုံးဆီ၊ခြုံစောင်စသည်တို့ ကိုကွင်းဆင်း လှူဒါန်းကြသည်။
(ဘေး၎ဘေးရံပုံငွေမီးဘေးအလှူ))
စတင်ခဲ့ခြင်းဖြစ်သည်။
(ဦးအဒဲနှင့်ဒေါါ်ပိန်တို့ ထံအလှူငွေ(၂၉၀၀)ဘတ်လှူဒါန်း)
မဲဆောက်ဒေသတွင်ဖြစ်ပေါါ်ခဲ့သောမီးဘေး၊လမ်းသရဲရိုက်နှက်ခံရပြီးးဒဏ်ရာ ရမှုဘေး၊မဲဆောက်ရဲအချုပ်ခန်းများတွင်ထမင်းမ၀မှုဘေး၊စကရုံအလုပ်ရုံ့များတွင် ဆန္ဒပြရာတွင်ရက်ပိုင်းအစာအာဟာရဖြတ်တောက်ခံရမှုဘေးနှင့် ၂၀၁၄ခုနှစ်မှလွှဲပြီးနှစ်စဉ်ကျရောက်နေကျဖြစ်သောမဲဆောက်-မြ၀တီရေဘေး အပါအ၀င်အခြားဘေးများအတွက်*ဘေး၎ဘေးလူမှုကူညီရေးရံပုံငွေ*စနစ်ဖြစ်သည်။
၂၀၁၃ခုနှစ်နိုဝင်ဘာလ၁ရက်နေ့ မှ၂၀၁၅ခုနှစ်ဇန်န၀ါရီလ၂ရက်နေ့ အထိ မဲဆောက်ဒေသရှိစက်ရုံအလုပ်ရုံနှင့်ပြင်ပ လုပ်ငန်းခွင်များမှမြန်မာရွှေ့ ပြောင်းလုပ်သားတစ်ဦးလျှင်(၁၀)ဘတ်အနည်းဆုံး လစဉ်ကောက်ခံစုဆောင်းငွေများထဲမှ*ဘေး၎ဘေးလူမှုကူညီရေးရံပုံငွေ*ဖြင့်ယခုလို ကွင်းဆင်းလှူဒါန်းနိုင်ခဲ့ခြင်းဖြစ်သည်။
(မီးလောင်ပြင်က......ဟောဒီလို.ပြောင်သလင်းခါနေတာဗျ)

No comments:
Post a Comment