>
**Public Health**
ဥတုသုံးပါးတွင် ဆောင်းဥတုသည် အအေးဓာတ်လွန်ကဲ သည့် 
ရာသီဖြစ်သည်။ ဆောင်းရောက်လျှင် အဖြစ်များသည့်  ရောဂါဝေဒနာများမှာ အအေးပတ်ခြင်း၊ နှာစေးချောင်းဆိုး ခြင်း၊ နှုတ်ခမ်းများခြောက်သွေ့ခြင်း၊ နှုတ်ခမ်းကွဲခြင်း၊ အသားပပ်ခြင်း၊ ဆီးများခြင်းတို့  အဖြစ်များကြောင်း တွေ့ ရ သည်။ ဤလက်္ခဏာများမှာ ရိုးရာဆေးပညာသဘောအရ အပြင်အေးပြီး အတွင်းပူသောကြောင့် ဖြစ်သည်။ အတွင်းမှ အပူသည် အပြင်မှအအေးကြောင့်  အကျဉ်းကျနေသည်ဟု လည်း ရှေးကတိုင်းရင်းမြန်မာဆေးဆရာကြီးများက ဆိုကြ သည်။ခန်္ဓာကိုယ်၏အပူချိန်ကို လျှော့ချသောစနစ်မှာ ချွေးထွက် ခြင်းဖြစ်သည်။
ဆောင်းဥတုတွင် အအေးပတ်သောကြောင့်  ကိုယ်ခန်္ဓာအရေပြားမှ မွေးညှင်းပေါက်များ ပိတ်ဆို့  ပြီး အခိုးအငွေ့ တို့  မထွက်နိုင်ကြပေ။ ထိုအငွေ့ တို့ သည် အရေပြားအောက်တွင် ကိန်းအောင်းနေရာမှ သွေးကြော များအတွင်းသို့ ဆံချည်မျှင်ပြွန်ကလေးများမှတစ်ဆင့် ရောက်ရှိပြန်သည်။ ထိုမှတစ်ဆင့်  ကိုယ်တွင်းအင်္ဂါအစုံသို့  ရောက်ရှိပြန်သည်။ အပူအခိုးအငွေ့များသည် ကိုယ်တွင်းအင်္ဂါများသို့ရောက်ရှိခြင်းအကျိုးဆက်မှာ အစာအိမ်တွင် အပူငွေ့ များ ခိုအောင်းနေသောအခါ ရင်ပူခြင်း၊ မကြာခဏဆာလောင် ခြင်းဖြစ်သည်။ အသည်းတွင် အပူငွေ့ များခိုအောင်းသော အခါ သည်းခြေရည်ပိုထွက်ခြင်းကြောင့်  မကြာခဏရင်ပူ၊ ရေငတ်ခြင်းဖြစ်ရသည်။ ကျောက်ကပ်များတွင် အပူအောင်းသောအခါ မကြာခဏဆီးသွားခြင်းနှင့်  ဆီးမသွားပဲ အောင့်ထားလျှင် ဆီးပူခြင်း၊ ဆီးကျင်ခြင်း၊ ဆီးဝါခြင်း၊ ဆီးနီခြင်းတို့  ဖြစ်တတ်သည်။ နှလုံးတွင် အပူငုပ်သောအခါ နှလုံးအောင့်ခြင်း၊ ရင်တုန်ခြင်း၊ နှလုံးခုန်ကြိမ်များခြင်း၊ သွေးတိုးခြင်း၊ အိပ်မပျော်ခြင်းတို့ ဖြစ်နိုင်သည်။ ကျန်းမာရေးအလွန်ကောင်းသော လူငယ်များတွင်ပင် ဆောင်းရောက်သောအခါ နှုတ်ခမ်းများ ကွဲအက်ခြင်းတွေ့ ရ သည်။ ထိုသို့ဖြစ်ရခြင်းမှာ အစာအိမ်တွင် အောင်းနေသောအပူမှာ အထက်သို့ ကန်ထွက်လာသဖြင့်  လည်ချောင်း မှတစ်ဆင့်  အာခေါင် နှုတ်ခမ်းများသို့ ရောက်ရှိပြီး လေပူ၏ သဘောအရ ခြောက်သွေ့ အက်ကွဲခြင်းများ ဖြစ်ရခြင်းဖြစ် သည်။ ဆောင်းတွင် ရေခဲရေ၊ အချိုရည်သောက်သူများတွင် ပို၍နှုတ်ခမ်းကွဲလေ့ရှိသည်။ ရေနွေးကြမ်းသောက် သူများမှာ အကွဲသက်သာသည်ကို တွေ့ ရသည်။ ဆောင်းရာသီတွင် အစာအိမ်တွင် အပူများ၍ နှုတ်ခမ်း ကွဲ၊ အာခေါင်ခြောက်ဖြစ်သူများသည် ညအိပ်ရာဝင်ချိန် တွင် ရေကျက်အေးသောက်သင့် သည်။ ဖြစ်နိုင်လျှင် ညအိပ် ရာဝင်ချိန်ရော နံနက်အိပ်ရာထချိန်ပါ နှစ်ကြိမ်ရေကျက် အေးသောက်လျှင် အသားအရေခြောက်ခြင်း၊ အက်ကွဲခြင်း များကိုပါ ကာကွယ်နိုင်ပေသည်။ ရေကျက်အေးပြုလုပ်ရန် နည်းလမ်းမှာ ရေကိုကျိုချက်ပြီးနောက် အအေးခံထားပြီး အေးသောအခါ ဖန်ပုလင်း သို့ မဟုတ် ရေတကောင်းတွင် ထည့် ပြီး သောက်နိုင်သည်။ ရေကျက်အေးကို ပလပ်စတစ် သောက်ရေသန့် ဘူးတွင် မထည့် ပါနှင့် ။ ဖန်ပုလင်းမရှိလျှင် အိမ်သုံးမြေသောက်ရေအိုးတွင် ထည့်၍သောက်ပါ။ မြေ ဖြင့်ပြုလုပ်ထားသည့် ရေတကောင်းတွင်ထည့်လျှင် သဘာဝအအေးဓာတ်ကို ပို၍ပင်ရရှိနိုင်ပါသည်။ ရေကျက်အေးကိုသောက်ခြင်းဖြင့်  လူကိုကျန်းမာစေနိုင် ကြောင်း ယောမင်းကြီးဦးဖိုးလှိုင်ရေးသားသည့်  ဥတုဘော ဇနသင်္ဂဟကျမ်းတွင် ပါရှိပါသည်။ သဘာဝမြစ်ရေ၊ ချောင်း ရေ၊ ကန်ရေများကိုပင် သန့် စင်စေရန်အတွက် အနည်ထိုင် အောင်ထားပြီးနောက် ပို၍သန့် စင်စေရန် ကျက်အောင်ကျို ချက်ရသည်။ ထို့နောက် အအေးခံသောရေကျက်အေး ကိုသောက်ခြင်းဖြင့် ပိုးမွှားကင်းစင်သော အကျိုးရှိပြီး ၀မ်းပျက်ခြင်း၊ ၀မ်းဖောဝမ်းရောင်ဖြစ်ခြင်းများပါ ကာကွယ် နိုင်ကြောင်း ရေးသားထားသည်ကို တွေ့ ရသည်။ စာရေးသူ မိတ်ဆွေတစ်ဦး၏အိမ်တွင် ရေကျက်အေး တစ်မျိုးတည်းကိုသာ တစ်နှစ်လုံး၊ ဥတုသုံးပါးလုံး သောက် သည်။ မည်သည့်သောက်ရေသန့် ကိုမျှ ၀ယ်မသောက်ဘူး ပါ။ သူတို့ မိသားစုအားလုံး ရောဂါကြီးကြီး မဖြစ်၊ ကျန်းမာကြ သည်ဟုဆိုသည်။ သူတို့ ရေကျက်အေးပြုလုပ်ပုံမှာ ဒန်အိုး ကြီးတွင် ရေပေးဝေရေးပိုက်မှလာသော ရေကိုထည့်ပြီး ကျိုသည်။ ပွက်ပွက်ဆူသည်အထိ ကျိုချက်ပြီးနောက် မီးဖိုမှချ၍ အအေးခံထားသည်။
ထိုအအေးခံထားပြီးသော ရေကိုမှ သောက်ရေစစ်ဖြင့်  သောက်ရေအိုး၊ မြေအိုးအတွင်း သို့ ထည့်ပြီးသောက်သည်ဟု ဆိုပါသည်။ ကျိုချက်ထား သောရေသည် မြေအိုးအတွင်းသို့ရောက်သောအခါ သဘာဝအတိုင်း အေးသောရေအဖြစ်သို့  ရောက်ရှိသွားပြီး သောက်၍ကောင်းသည်။ အရောင်အဆင်း၊ အနံ့ ၊ အရသာ မရှိသော သဘာဝသောက်ရေသန့် ဖြစ်သွားသည်ဟုဆို သည်။သန့် ရှင်းသောရေသည် အရောင်အဆင်း၊ အနံ့ ၊ အရသာ မရှိသောရေ ဖြစ်ရမည်ဟု သိပ်္ပံပညာရှင်များက ဆိုသည်။ တွင်းရေကန်ရေများတွင် အပြာရောင်၊ အ၀ါရောင် စသော အရောင်များပါရှိပြီး အရသာအားဖြင့်  အငန်ဓာတ်၊ အချဉ် ဓာတ်များပါဝင်နေသောကြောင့်  ရေသန့် မဖြစ်ပေ။ သောက် သုံးရန် စိတ်မချရပေ။ စက်များဖြင့်  သန့် အောင်ပြုလုပ် သော ရေသန့် များတွင်လည်း ဓာတုဗေဒဆေးများခတ်ထည့်  ၍ ပြုပြင်ထားခြင်း၊ ပူလိုက်၊ အေးလိုက်ဖြစ်ခဲ့ လျှင် ကင်ဆာ ရောဂါပင် ဖြစ်နိုင်သည်။ ပလပ်စတစ်ဘူးမှကော်များသည် လှုပ်ခါမှုအကြိမ်များလျှင် ရေတွင်ပျော်ဝင်နိုင်သဖြင့်  ကား ဖြင့် သယ်ယူသော ရေသန့် ဘူးများသည် စိတ်မချရဟုဆို သည်။ရှေးကလူကြီးများသည် ကြေးဖလားဖြင့် သောက်လေ့ရှိ ကြသည်။ ကြေးဖလားဖြင့်  သောက်ရမည့် ရေပမာဏကို တင်ပြရလျှင် နွေမှာနှစ်ဖလား၊ ဆောင်းမှာသုံးဖလားဟု အဆိုရှိသည်။ နှစ်ဖလားဆိုလျှင် သောက်ရေသန့်  တစ်ဘူး ခန့် နှင့်  သုံးဖလားဆိုလျှင် သောက်ရေသန့် တစ်ဘူးခွဲခန့်  ပမာဏ ရှိသည်။ ကြေးနီ၊ ကြေးဝါ အသုံးအဆောင်များသည် ဗက်တီးရီးယားပိုးများကို သေစေသည်ဟု သိပ်္ပံပညာရှင် များက လွန်ခဲ့ သောနှစ်အနည်းငယ်က သုတေသနပြုတွေ့  ရှိခဲ့ သည်။
ဆောင်းရာသီတွင် အေးသဖြင့်  ရေသောက်နည်း ကြသည်။ နွေရာသီမှာ သောက်သလောက် ဆောင်းရာသီမှာ ရေမသောက်ဖြစ်ကြ။ လူ၏၀မ်းအတွင်းမှ အပူသည် နွေ ရာသီထက် ဆောင်းရာသီမှာ ပိုများသည်။ ချွေးမထွက်ရ သဖြင့်  ဖြစ်သည်။ အေးနေသောအပူကို ပြေပျောက်စေ ရန် ရေကိုများများပိုသောက်သင့်သည်။ ရေများများသောက်မှသာ ၀မ်းတွင်းမှအပူဓာတ်သည် ဆီးအဖြစ် ပြင်ပသို့ ထွက်သွားမည်ဖြစ်ပေသည်။ ရှောက်သီး၊ သံပရာသီး၊ ကျွဲကောသီး၊ ပန်းသီး၊ စပျစ်သီး စသောအသီးများသည် ဆောင်းရာသီတွင် အလွန်ပေါသည်။ အသီးလည်းကြီးထွားသည်။ ထိုအရည်ရွှမ်းသော အသီးများသည် ဆောင်းဥတုဓာတ်စာပင်ဖြစ်သည်။ မုန်ညှင်း၊ မုံလာ၊ ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်းပွင့် ၊ ဆလပ်ရွက်၊ ကိုက်လန် ရွက်၊ ကန်စွန်းရွက် စသည့် အရွက်များကိုလည်း စားပေးသင့်  သည်။ အရွက်များတွင်လည်း ရေဓာတ်များစွာပါသည်။ ၀မ်းတွင်းမှအပူကို ငြိမ်းစေနိုင်သည်။ ဟင်းချက်ရာတွင် လည်း ဆီပြန်ဟင်းများထက် အရည်သောက်ဟင်းများကို ပို၍ချက်သင့် သည်။ ကန်စွန်းရွက်ကို မန်ကျည်းမှည့် ရည် နှင့်ချက်သော ချဉ်ရည်ဟင်းသည် ဆောင်းဥတုနှင့်သင့်  လျော်သော ဓာတ်စာဖြစ်သည်။
ခေတ်ပေါ်သောက်ရေသန့်ဘူးများကို အလွယ်တကူ ၀ယ်ယူသုံးစွဲခြင်းအစား ရေကိုကျိုချက်ပြီး သုံးစွဲခြင်းဖြင့်  ငွေကိုချွေတာရာရောက်သည်။ ကျန်းမာရေးအတွက်လည်း ပို၍သင့် လျော်သည်။ ဘုန်းကြီးကျောင်းများ၊ စာဝါချပေးနေ သည့်  စာသင်တိုက်ကြီးများတွင် သောက်ရေအိုးများတွင် ကုသိုလ်ဖြစ်ရေဖြည့် ပေးကြရာတွင် တွင်းရေကန်ရေများ ဖြည့် မည့် အစား ရေကိုကျိုချက်ပြီး ရေကျက်အေးပြုလုပ်၍ ထည့် ပေးခြင်းဖြင့်  လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ အသံဝင်ခြင်း၊ အထက်သို့ အပူကန်ခြင်းများပါ သက်သာစေ နိုင်ပါသည်။ ရေသောက်သောအခါ ပါးစပ်ခံတွင်းမှတစ်ဆင့်  အစာ အိမ်သို့ ၊ အစာအိမ်မှ အူသိမ်၊ အူမကြီးများအထိ ရောက်ရှိ သွားသည်။ သွေးကြောများက ရေကိုစုပ်ယူကြသည်။ သွေးကြောများတွင်ပါသောရေသည် ခန်္ဓာကိုယ်အနှံ့အပြားသို့ ရောက်သည်။ လူ၏ခန်္ဓာကိုယ်သည် အာပေါ ဓာတ်ဟူသော ရေဓာတ်ဖြင့် တည်ဆောက်ထားသည်။ ရေဓာတ်ခန်းခြောက်လျှင် ခန်္ဓာကိုယ်ပျက်စီးနိုင်ပေသည်။ ရေကြည်ရေကောင်း ရေသန့်လိုအပ်သောခန်္ဓာကိုယ်အတွက် သန့်ရှင်းသောရေကို ရရှိဖို့ လိုအပ်သည်။ ရေမ သန့် လျှင် ရောဂါဘယအမျိုးမျိုး ၀င်ရောက်လာနိုင်သည်။ လွယ်ကူသောရေသန့်နည်းမှာ ရေကိုကျိုချက်၍သောက် ခြင်းပင်ဖြစ်သည်။ ဆောင်းဥတုတွင် ကျန်းမာရေးကောင်းလိုသူတိုင်းသည် ရေကိုကျိုချက်၍သောက်ခြင်းဖြင့်  အပူကန်ခြင်း၊ အပူငုပ် ခြင်း၊ လည်ချောင်းနာခြင်း၊ အသံဝင်ခြင်း၊ လျှာကွဲခြင်း၊ အာခေါင်ကွဲခြင်း၊ သွားနာခြင်း၊ သွားဖုံးကြွခြင်း၊ အာသီး ရောင်ခြင်း စသောဒုက်္ခများမှ ကင်းဝေးစေနိုင်သည်။ ပိုးမွှား လည်းကင်းစင်၊ ဘေးဥပဒ်လည်းကင်းစင်သော ရေကျက် အေးသောက်ခြင်းဖြင့်  ကျန်းမာပါစေကြောင်း ဆုတောင်း ရင်း တင်ပြလိုက်ရပေသည်။ ။
+ကြေးမုံ+

Friday, January 2, 2015
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment