ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, January 16, 2015

===နိုင်ငံကူးလက်မှတ် စာအုပ်ကြီးဆက်လုပ်ရန် ထိုင်းရောက်အလုပ်သမားများ လျှောက်လွှာတင်ထားနိုင်ပြီ===

>

+(ဇန်န၀ါရီ ၁၆ရက်၊ ၂၀၁၅ခုနှစ်။ နန်းဝေဖြိုးဇာ-KICကရင်သတင်းစဉ်)+

 ထိုင်းနိုင်ငံရောက် ပန်းရောင်ကဒ်ကိုင်ဆောင်ထားသူ မြန်မာအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) စာအုပ်ကြီးဆက်လုပ်ရန် ယခု ဇန်န၀ါရီမှစ၍ လုပ်ငန်းရှင်မှတဆင့် ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာ အလုပ်သမား ရှာဖွေခန့်ထားရေးရုံးသို့ လျှောက်လွှာများ စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ပတ်စ်ပို့ စာအုပ်ကြီးလုပ်ပြီးလျှင် ဗီဇာ၊ အလုပ်လုပ်ခွင့်လက်မှတ်(ဝေါ့ပါမစ်)ဆက်လုပ်ရန် One Stop Serviceရုံး ၄ နေရာဖွင့်လှစ်ထားပြီး လာမည့် မတ်လတွင် စတင်အကောင်အထည်ဖော်တော့မည်ဖြစ်သည့် အတွက် အလုပ်ရှင်မှတဆင့် အလုပ်သမားခွဲတမ်း စာရင်းများတင်ထားရန် အလုပ်သမားရှာဖွေရေးရုံးညွန်ကြား ရေးမှ စတင်ပြောထားနေပြီဖြစ်သည်ဟု မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) ဥက္ကဌ ဦးမိုးကြိုးက ပြောသည်။

ဦးမိုးကြိုးက “အလုပ်သမားခွဲတမ်းတင်ပြီးရင် ထိုင်းစစ်တပ်က ထုတ်ပေးထားတဲ့ ပန်းရောင်ကဒ်ကို တွဲတင်ရ မယ်။ ပတ်စ်ပို့စာအုပ်ကြီးဆက်လုပ်ဖို့ ဒီလအတွင်းမှာပဲ မြန်မာနိုင်ငံက One Stop Service ရုံးတွေ လာဖွင့် လှစ်မှာပါ”ဟု ကေအိုင်စီသို့ ပြောသည်။

တင်ထားသည့် လျှောက်လွှာများကျလာလျှင် မြန်မာသံရုံးနှင့် မြ၀တီ၊ ကော့သောင်း တာချီလိတ် စသည့် နေရာများတွင် ပတ်စ်ပို့စာအုပ်ကြီးပြန်လုပ်ရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် စာအုပ်ကြီးများ ပြန်ရလျှင် ဖပဒိုင်စမွတ် ပကန်ခရိုင်၊ မယ်ဆိုင် ချင်းရိုင်ခရိုင်၊ မဲဆောက် တာ့ခ်ခရိုင်၊ ရနှောင် ရနောင်းခရိုင်တို့တွင် ရှိသည့် One Stop Service ရုံးတွင် ဗီဇာနှင့် ဝေါ့ပါမစ်ကို ပြန်လည်ဆက်လုပ်ရမည်ဖြစ်သည်ဟု သိရသည်။ ရနှောင်တွင် အလုပ်သွားလုပ်သည့် မြန်မာအလုပ်သမားတစ်ဦးဖြစ်သူ စောပြည်က “ကျနော်တို့က အလုပ် လာလုပ်တာ အဲဒီပတ်စ်ပို့ ကိစ္စတွေနဲ့ပဲ စိတ်ညစ်တယ်။ တစ်မျိုးပြီးတစ်မျိုး လုပ်ရတယ်။ သိတောင် မသိ တော့ဘူး။ အခုတစ်ခေါက်က ပတ်စ်ပို့စာအုပ် ပြန်လုပ်ခိုင်းပြန်ပြီ။ အဲဒီစာအုပ်ကြီးရရင် တခြားနိုင်ငံကို အလုပ်သွားလုပ်လို့ ရတယ်လို့ဆိုပေမယ့် သေချာတော့ မသိဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

ပတ်စ်ပို့စာအုပ်ကြီးဖြင့် ဝေါ့ပါမစ်ဆက်လုပ်ပါက တရားဝင်ကုန်ကျမည့် ဈေးနှုန်းမှာ မြန်မာဘက်ခြမ်း ပတ်စ်ပို့ ကြေး ၁၆၀၀ ဘတ်၊ ထိုင်းဘက်ခြမ်း ပတ်စ်ပို့ကြေး ဗီဇာ ၅၀၀ ဘတ်နှင့် ဝေါ့ပါမစ်ကြေး ၁၀၀၀ ဘတ် စုစုပေါင်း ၃၁၀၀ ဘတ် ကုန်မည်ဖြစ်သည်ဟု JACBA ၏ ပြောဆိုချက်အရ သိရသည်။ ထိုင်းအစိုးရ၏ နောက်ဆုံးထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံတွင် တရားမ၀င်အလုပ်လုပ်နေထိုင်သည့် မြန်မာ အလုပ်သမား ၅သိန်းကျော်ရှိပြီး ၎င်းတို့သည် အာမခံလက်မှတ် အထောက်အထားများ မရှိသေးသည့်အတွက် ၂၀၁၅ မတ်လအတွင်း နောက်ဆုံးထားပြုလုပ်စေကာ မလုပ်သည့်သူများကို မတ်လကုန်တွင် စတင်ဖမ်းဆီးပြန်ပို့ တော့မည်ဖြစ်သည်ဟု သိရသည်။ ကေအိုင်စီ - KIC News > သတင်း > နိုင်ငံကူးလက်မှတ် စာအုပ်ကြီးဆက်လုပ်ရန် ထိုင်းရောက်အလုပ်သမားများ လျှောက်လွှာတင်ထားနိုင်ပြီ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)