ဆောင်းခိုခဲ့ တဲ့  ဥရောပလိဂ် ပွဲစဉ်တွေ ပြန်လည်စတင်ပြီဖြစ်ပါ တယ်။ ဇန်န၀ါရီ ၄ ရက်မှာလာလီဂါ ပွဲစဉ် (၁၇)ကိုယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ထိပ်တန်းအသင်းတွေဖြစ်တဲ့ ရီးရဲ မက်ဒရစ်နဲ့ ဘာစီလိုနာတို့ ပွဲကျပ် တွေအဖြစ် ရင်ဆိုင်ရမယ့် အနေအထား ဖြစ်လို့ ကြည့် ကောင်းမယ့် ပွဲတွေပဲ ဖြစ်ပါတယ်။
** ဗလင် စီ ယာနှင့် ရီးရဲမက် ဒရစ်**
**ဆိုစီဒက် နှ င့် ဘာစီလို နာ **
ဆိုစီဒက်ကွင်းမှာ ကစားတိုင်း ဘာစီလိုနာတို့  ရုန်းကန်ခဲ့ ရတာ များပါတယ်။ ဒါ့အပြင် ဆိုစီဒက် ကွင်းမှာ ဘာစီလိုနာတို့  နိုင်ပွဲမရတာ ငါးပွဲဆက်တိုက်ရှိပြီဖြစ်လို့  အခုပွဲဟာ ရင်ပူစရာကောင်းတဲ့ ပွဲပါ။ ခံစစ်ပိုင်း မာကျောကျစ်လျစ်အောင် ပြင်ဆင် ကစားလာတဲ့  ဆိုစီဒက်ကို ဘာစီ လိုနာတို့  ခက်ခဲစွာ ဖြတ်ကျော်ရ မှာပါ။
**အက် သလက် နှင့် လီဗန် တေး**
ခြေစွမ်းတိုးတက်လာတဲ့  အက် သလက်တီကိုဟာ သရေပွဲများနေတဲ့  လီဗန်တေးကို အိမ်ကွင်းမှာအမှတ်ခွဲ ပေးဖို့ စိတ်ကူးမှာမဟုတ်ပါဘူး။ အက်သလက်တီကိုရဲ့  ကစားအားက ကောင်းနေတာမို့ လီဗန်တေးတို့ အမှတ်ရဖို့ ဆိုတာ လွယ်ကူမှာမဟုတ် လို့  ဒီပွဲရဲ့အနိုင်ဟာ အိမ်ရှင်တို့ ပဲ ဖြစ်သွားနိုင်ပါတယ်။
**ဆီဗီ လာနှ င့် ဆဲလ် တာဗီဂို**
ရှုံးပွဲဆက်နေတဲ့  ဆဲလ်တာဗီဂို တို့ အတွက် အဝေးကွင်းမှာ မျှော်လင့်ချက်မဲ့ဦးမယ့်ပွဲပါပဲ။ ဆီဗီ လာတို့ က အိမ်ကွင်းမှာ ကစားတိုင်း ဆဲလ်တာဗီဂိုကို နိုင်ပွဲရအောင် ကစားခဲ့တာမို့ အဲဒီမှတ်တမ်းကို ဒီပွဲမှာ ဆက်လက်ရေးထိုးဦးမှာ ဖြစ်ပါတယ်။
**အယ် လ် ချီနှ င့် ဗီလာရီးရဲလ် **
အိမ်ကွင်း၊ အဝေးကွင်းရှုံးပွဲတွေ များနေတဲ့  အယ်လ်ချီအတွက် ဒီပွဲမှာ လည်း ပွဲကျပ်အဖြစ်ကစားရဦးမှာ ဖြစ်ပါတယ်။ ဗီလာရီးရဲလ်တို့ ကလည်း ပွဲတိုင်းရုန်းကန်နေရတာမို့  အယ်လ် ချီကွင်းမှာ ခြေကုန်ထုတ်ရဦးမှာဖြစ် ပါတယ်။ ဒါပေမယ့် ဗီလာရီးရဲလ်ဟာ အခုတလော နိုင်ပွဲတွေဆက်တိုက် ရယူနေတာမို့  ဒီပွဲမှာလည်း အမှတ် ပြည့်ယူဦးမှာဖြစ်ပါတယ်။
**ဂီတာဖေးနှင့် ဗယ် လက် ကာနို **
ဂီတာဖေးရဲ့ ခြေစွမ်းက တက်ရိပ် ပြနေပြီး ပွဲတိုင်းနိုင်ပွဲ၊ သရေပွဲတွေနဲ့  အမှတ်ရအောင်ယူနေပါတယ်။ ဗယ် လက်ကာနိုတို့ ကလည်း အခုတလော ရလဒ်တွေဆိုးရွားနေတာမို့  အိမ်ရှင် ရဲ့ စွမ်းဆောင်မှုကိုပဲ အသိအမှတ်ပြု ရပါလိမ့် မယ်။
**ဒီ ပို့တီဗိုနှ င့်  ဘီလ် ဘာအို**
နှစ်သင်းစလုံး ခြေစွမ်းမတည်ငြိမ် တဲ့အသင်းတွေမို့ အပြန်အလှန် ဖိအားပေး ကစားကြပါလိမ့်မယ်။ ဒီပို့ တီဗိုတို့ က အိမ်ကွင်းမှာအားထုတ် မှုက အားရစရာ မကောင်းသလို ဘီလ်ဘာအိုတို့ လည်း အဝေးကွင်းမှာ ခြေစွမ်းမပြနိုင်ပါဘူး။ ဒီပွဲဟာ သရေပွဲကိုဦးတည်ပြီး တစ်မှတ်စီ ခွဲယူကြရမယ့် ကိန်းပါပဲ။
**မာလာဂါနှင့် အယ် လ် မာရီးယား **
မာလာဂါတို့ ရဲ့ စွမ်းဆောင်မှု တွေက အမှတ်တွေသိမ်းပိုက်နိုင် နေသလို အယ်လ်မာရီးယားတို့ က လည်း ခြေစွမ်းကောင်းမွန်နေပါတယ်။ ဒါပေမယ့်  ပုံမှန်ခြေစွမ်းရနေပြီး ရလဒ်ကောင်းတွေ ဖန်တီးနိုင်နေတဲ့  အိမ်ရှင်တို့ ပဲ အနိုင်ရလဒ်သိမ်းပိုက်ဖို့  အခွင့် အရေးများနေပါတယ်။
+မိုးမြင့်လင်းလက်+

No comments:
Post a Comment