ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, January 16, 2015

==လူထုကျန်းမာရေး(ဖုန်မှုန့် ဆေးလိပ်ငွေ့၊ ကားအိတ်ဇောငွေ့များနှင့် အဆုတ်ရောဂါ)===

>
**Public Health**

နာတာရှည် အဆုတ်ရောဂါများ ဥပမာ- ချောင်းဆိုးရင်ကျပ်၊ ပန်းနာ၊ အဆုတ် တီဘီကြောင့်
 နှလုံးရောဂါ ၊ နှလုံးအားနည်း ရောဂါဖြစ်တတ်သည်။ ချောင်းဆိုးရင်ကျပ် ဖြစ်ရခြင်းမှာ ဆေးလိပ်သောက်ခြင်းကြောင့်
 ဖြစ်သည်။ ဆေးလိပ်သောက်သူ၏ ဆေးလိပ် မီးခိုးငွေ့များ သည် သောက်သူသာမက အနီးဝန်းကျင် မိသားစုဝင်များ ထံသို့ပါ မလိုအပ်ဘဲ ရောက်ရှိ ရှူရှိုက်မိတတ်သည်။ ရောဂါဖြစ်ချိန် ကြာလျှင် ရင်ကျပ်ရောဂါ ဖြစ်လာတတ်ရာ အချိန်ကြာလျှင် ကုသရ ခက်ခဲသည်။ ပန်းနာရင်ကျပ်ကို ငယ်ရွယ်စဉ် က ပျောက်အောင် ကုသရန်လိုသည်။ ထပ်မံမဖြစ်စေရန် ထိန်းသိမ်းဖို့လည်း လိုသည်။ နှာစေးရာမှ အဆုတ်လေ ပွခြင်းနှင့် ချောင်းဆိုးရင်ကျပ် ပူးတွဲ ဖြစ်ပွားလာကာ ကုသရ ခက်သွားနိုင်သည်။ အဆုတ်တီဘီ ရောဂါသည် မိုက်ကိုဗက်တီးရီးယား ကျူဘာကုလိုဆစ်ကြောင့် ဖြစ်ပြီး ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ အသက်ရှူခြင်း နည်းဖြင့် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်နိုင်သည်။ ရောဂါ လက္ခဏာအရ အစားအသောက် ပျက်ခြင်း၊ ညနေဘက် ဖျားခြင်း၊ ခေါင်းချွေးပြန်ခြင်း၊ ကိုယ်အလေးချိန် လျော့ခြင်းဖြစ်တတ်သည်။ ကုသခြင်းမှာ တိုက်ရိုက်ကြည့်ရှု အချိန်တိုနှင့် ကုသနည်းဖြင့် ဆေးလေးမျိုးပေါင်း နှစ်လနေ့စဉ် ဆေးနှစ်မျိုး၊ တစ်ပတ် နှစ် ရက်နှင့် လေးလပေါင်း ခြောက် လ သောက်စေရမည်။ သို့မဟုတ် ရှစ်လ သောက်ရသည်။ ဆေးယဉ်ပါး တီဘီမဖြစ်ရအောင် နေ့စဉ် သို့မဟုတ် သတ်မှတ်သော ဆေးကို သတ်မှတ်သည့် အချိန်၊ နေ့ရက်တွင် အစာနှင့် ဝေးဝေးသောက်ရန် လိုသည်။ ဆေးယဉ်ပါး တီဘီကိုလည်း ယခုအခါ သတ်မှတ်ပေးထားသည့် ဆေးရုံ၌ ကုသပေးနေရာ ထိုးဆေး စထရပ်တိုမိုင်ဆင်နှင့် ဆေး ငါးမျိုး ပါဝင်သည်။ ; ဆေးလိပ်သောက်ခြင်းသည် မိမိသာမက အိမ်သားများပါ အန္တရာယ် ရှိနိုင်ပြီး နီကိုတင်း ပါသည့် အငွေ့ကို နေ့စဉ် ရှူရှိုက်နေရ၍ ရင်ကျပ်ရောဂါသာမက ကြာလာလျှင် အဆုတ်အနာ၊ အဆုတ်ကင်ဆာ ရောဂါဖြစ်လာနိုင် သည်။

မိမိ တစ်ဦးတည်း အတွက် စိတ်အလိုလိုက်သော ကိစ္စတစ်မျိုးသာ ဖြစ်ပြီး ငွေကုန်ကြေးကျများ၍ အန္တရာယ်ကို ဝယ်ယူနေသည့် ကိစ္စဖြစ်၍ လုံးဝရှောင်ကြဉ်သင့်သည်။ ဆေးလိပ်သောက်ခြင်း ကြာရှည်လာလျှင် နှလုံးသွေးကြောကျဉ်း ရောဂါ၊ နှလုံးအောင့်ခြင်း၊ သွေးထဲ၌ ကိုလက်စထရော တက်ခြင်း၊ ရုတ်တရက် နှလုံး အတိုက်ခိုက် ခံရခြင်းနှင့် ဦးနှောက် အတိုက်ခိုက် ခံရနိုင်သည်။ ဆေးလိပ်သောက်ခြင်း၊ ဆေးငုံခြင်းနှင့် ကွမ်းယာထဲ ဆေးထည့်စားခြင်းများကို လူတိုင်း ရှောင်ကြဉ်သင့်ရာ ဆေးလိပ်ကင်းစင် နယ်မြေများ ပိုမိုသတ်မှတ်ရမည်။ ချောင်းဆိုးရင်ကျပ်ရောဂါ၊ အဆုတ်တီဘီ ရောဂါ၊ ပန်းနာရင်ကျပ် ရောဂါကို စောစော သိလျှင် စောစောကုသဖို့ လိုမည်။ တိုက်ရိုက်ကြည့်ရှု အချိန်တိုနှင့် ကု (DOTS) အရ သတ်မှတ်သော ကာလအပြည့် သတ်မှတ်သော ဆေး၊ သတ်မှတ် အချိန်တွင် တိုက်ရမည်။ ရောဂါမဖြစ်အောင် ကြိုတင် ကာကွယ်ရမည်။ လေကောင်း၊ လေ သန့် ရရှိရန် ဆောင်ရွက်ထားရမည်။ ဖုန်၊ အမှုန်၊ ဆေးလိပ် မီးခိုး၊ အိတ်ဇောမီးခိုး စသည့် အခိုးအငွေ့များ ရှောင်ကြဉ်ရမည်။ အဆုတ်နှင့် နှလုံးသည် အတူတွဲ၍ အလုပ်လုပ်ကြရသဖြင့် ရောဂါတစ်မျိုးမှ နောက်တစ်မျိုးသို့ မဆက်ရစေရန် ရောဂါစောစော သိရလျှင် စောစော ကုသရန် လိုအပ်မည်ဖြစ်သည်။

 +မြ၀တီ+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)