ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, January 7, 2015

=== ညီမလေး==

>
အမေညီမလေးကိုမွေးတော့ ကျွန်မအသက် ကိုးနှစ်ကျော်ပြီးခြောက်လမှာဖြစ်တယ်...။ အဖေကတော့ အမေညီမလေးကိုယ်ဝန်နဲ့အချိန်မှာပဲ ပြည်မကြီးကို အပြီးပြန်သွားခဲ့တယ်...။ ကျွန်မနဲ့ ညီမလေးကြားမှာ ယောက်ျားလေးနှစ်ယောက်ရှိသေးတယ်...။ သူများတွေပြောတော့ အစ်မတွေက မောင်တွေကို ပိုချစ်ကြတယ်တဲ့ ကျွန်မကျတော့ ယောက်ျားလေးတွေထက် မိန်းမလေးတွေကို ပိုချစ်တဲ့ စိတ်ရိုးခံက မွေးရာပါ ပါလာတာထင်ပါရဲ့...။ ညီမလေးကို ပိုချစ်တယ် ပိုဦးစားပေးဖြစ်တယ်.. မောင်တွေကိုတော့ ခေါင်းထဲဒီလောက်မထည့်ဘူး...။ ညီမလေးကို ပိုပြီးလည်း သနားမိတာက သူမွေးလာတော့ အဖေကအနားမှာမရှိတော့ဘူးလေ...။ ညီမလေးက ကျွန်မနဲ့ ရုပ်ချင်းဆင်ပေမယ့် သူက မျက်ခွံမို့မို့ မျက်ရစ်မပါဘူး ဗာဒံစေ့ပုံမျက်အိမ်ကျင်းကျင်းလေးနဲ့ ငယ်ငယ်တုန်းက ပုတုသေးညက်ကလေး ဆံပင်ကိုနဖူးတိဆံမြိတ်လေးညှပ်ထားတော့ ဂျပန်မရုပ်ကလေးနဲ့တူတယ်...။ ညီမလေးကျောင်းစတက်တဲ့အရွယ်ကျတော့ ကျွန်မက မြန်မာပြည်ကိုရောက်နေပြီ အဲတုန်းက ကျွန်မက ဆယ့်နှစ်နှစ် ညီမလေးက သုံးနှစ်ခွဲသမီးကလေးရှိသေးတယ်...။ သူကျောင်းစတက်ကတည်းက အမေက ဆံပင်အရှည်ကြီးထားပေးတယ် နေ့တိုင်း ကျစ်ဆံမြီးအမျိုးမျိုးနဲ့ကျောင်းတက်ရတယ်...။ ညီမလေး ခြောက်တန်းနှစ်ကျတော့ ရန်ကုန်မှာ ကျောင်းလာတက်ပြီ...။ အဲချိန်မှာ ကျွန်မက တက္ကသိုလ်တက်ဖို့ စောင့်နေတဲ့အချိန်...။ ညီမလေးက မူလတန်းမှာ အခြေခံမခိုင်ခဲ့တာရယ် ကံ ဥာဏ် ၀ီဂရိယ အားနည်းတာရယ်ကြောင့် ဆယ်တန်းကို သုံးနှစ်ဆက်တိုက်ဖြေမှအောင်ခဲ့တယ်...။ ညီမလေး ဆယ်တန်းအောင်စာရင်းထွက်တိုင်း ကျပြီဆိုတာနဲ့ တစ်ယောက်ကိုတစ်ယောက်ဖက်ပြီး သူလည်းငို ကိုယ်လည်းငိုပေါ့.....။ ဘာဖြစ်လဲ ဒီနှစ်မအောင်လဲ နောက်နှစ်တွေဆက်ဖြေလို့ရတယ်ဆိုတဲ့ အားပေးစကာကလွဲလို့ ကျွန်မထပ်မပြောတတ်တော့ဘူး..။ ညီမလေး ဆယ်တန်းအောင်ပြီး အဝေးသင်မြန်မာစာနဲ့ကျောင်းပြီးပါတယ်...။ သူက ငယ်ပေမယ့် ကျွန်မထက်တောင် အလုပ်အတွေ့ကြုံများသေး...။ ကျောင်းပြီးတော့ J'Donut မှာအလုပ်လုပ်တယ် ပြီးတော့ ရှစ်မိုင်က ဘဏ်သဌေးမတစ်ယောက်ဖွင့်ထားတဲ့ အလှပြင်ဆိုင်မှာ ထိုင်းက ဆရာမကိုင်တိုင် လာသင်ပေးတဲ့ နှိပ်နည်းပညာသင်ရတယ် အဲဆိုင်မှာပဲအလုပ်လုပ်တယ်..။ နောက် စက်ရုံတစ်ခုမှာ marketing လုပ်တယ်...။ ကြည့်မြင်တိုင်ညဈေးမှာ ဖိနပ်ဆိုင်ဖွင့်တယ်...။ ခုနောက်ဆုံး ပြပွဲတွေမှာ(သူကထိုင်းစကားတတ်တော့) အချိန်ပိုင်းဝင်လုပ်တယ်...။ အဲကနေ မလေးကုမ္ပဏီတစ်ခုနဲ့ အဆက်သွယ်ရပြီး အဲမှာ အချိန်ပိုင်းကို လနဲ့ချီပြီးလုပ်ဖြစ်တယ် ...။ လောလောဆယ်တော့ ညီမတစ်ဝမ်းကွဲတစ်ယောက်စလုံးမှာ ကလေးမွေးတာခေါ်လို့ လိုက်သွားလေရဲ့။
ညီမလေးက လူချစ်လူခင်များတယ် စကားပြောရင်လည်း ဇ၀နဥာဏ်ရွှင်တယ် ကျွန်မတော့ လူတစ်ယောက်ကို အဲလိုဟာသယဥာဏ်လေးနဲ့ မဆွဲဆောင်တတ်ဘူး...။ ကိုယ့်ဘာသာကို သီးသန့်နေလွန်းလို့ ရုပ်တည်မို့ လူမခေါ်ရဲဘူး ကိုယ့်တွေကိုဆို...။ ခုတော့ညီမလေးအိမ်မှာမရှိတော့ ညဖက်ဆို ပျင်းစရာကောင်းနေတာ တစ်အိမ်လုံး အသံတိတ်...။ သူရှိရင် ညထမင်းစားပြီး တီဗီရှေ့ရောက် သိပ်မကြာခင် ဂျင်းသုပ် လက်ဖက်သုပ်စားမယ်ဆိုပြီး ညီအစ်မနှစ်ယောက် မီးဖိုချောင်ထဲပြန်ဝင် အခါးရည်အတွက် ရေနွေးကျို လက်ဖက်အတွက် ခရမ်းချဉ်သီးလှီး ငရုတ်သီး ကြက်သွန်ဖြူခွာ အဲသလို စိတ်လက်ရှည်စွာ ပန်းကန်ပြားမှာ ပြင်ဆင်ပြီးသကာလမှာ တီဗီရှေ့ကို စားစရာတွေ ဗန်းလိုက်ကြီးမလာ...ဇာတ်လမ်းပြီးပြီဆိုရင် ကြာသပတေးညမှာလာတတ်တဲ့ TLC က ဂျင်မီရဲ့ 15မိနစ်ဟင်းချက်နည်းကို ညသန်းခေါင်ထိထိုင်ကြည့်ကြ ပြီး အဲအတိုင်းချက်စားကြပေါ့...။ သူမရှိတော့ ညဆယ်နာရီဆိုတာနဲ့ အလျှိုလျှို အိပ်ယာဝင်ကြပြီ...။ အိပ်ယာဝင်စောတော့ အိပ်မပျော်သေးခင် ဖုန်းကလိ နားထဲကိုနားကျပ်ထည့် FM နားထောင် ဖဘကော်မန့်တွေဖတ် အဲဒါနဲ့ ည12မထိုးမချင်းမအိပ်...။ မနေ့ညက အမေတို့ ဇာတ်ကားကြည့်နေချိန်ကျွန်မက ဆရာမင်းလူရဲ့ ဒေ၀တာမြို့တော်ကို အပြီးသတ် ဖတ်လိုက်တယ်...။ 

We all miss you my honey lay..... 

+မိုးငွေ့+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)