ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, January 5, 2015

===လက်တွန်းလှည်းလေး===

>
ကျွန်တော့ဘ၀လေးကို ကျွန်တော်ပျော်သည်။ သမီးတစ်ယောက်၊ သားတစ်ယောက်ပိုင်ဆိုင်ထားပြီး သမီးကြီးက ကျောင်းပြီးလို့ ဘွဲ့ရတစ်ယောက်ဖြစ်နေလေပြီ။ ကျွန်တော် ပီတိဖြစ်သည်။ သမီးကြီးဘွဲ့ယူသည့်နေ့က ကျွန်တော် မျက်ရည်မဆည်နိုင်ခဲ့ပါ။ ကျွန်တော့်အမျိုးသမီးဆုံးပါးသွားချိန်မှာ သမီးကြီးခြောက်တန်း၊ သားငယ်က တစ်နှစ်သာသာပဲရှိသေးသည်။ မိတဆိုးလေးတွေဖြစ်သည့် သမီးနှင့် သားကို ကျွန်တော်ချစ်၍မ၀ …။ သူတို့လေးတွေ ပညာတတ်ဖို့အတွက်သာ ကျွန်တော့အတွက် ပထမဦးစားပေး …။ သမီးနှင့်သား ပညာသင်နိုင်ဖို့ ကျွန်တောအလုပ်စုံလုပ်ဖူးခဲ့လေပြီ။ ယခုသမီးကြီးဘွဲ့ရလို့ လုပ်ငန်းခွင်ဝင်ချိန်မှာ ကျွန်တော့ကို အလုပ်မလုပ်စေချင်ခဲ့။ သမီးကြီးပထမဦးဆုံး လစာရတဲ့နေ့က ကျွန်တော့ကို ကန်တော့ရင်း သမီးကြီးရဲ့သိတတ်မှုစကားများကြောင့် ကျွန်တော်ရှိုက်ကြီးတငင်ငိုကြွေးခဲ့မိသည်။ “ဖေဖေ … သမီးကန်တော့နိုင်တဲ့လစာငွေက သမီးတို့ကို ပညာသင်ကျွေးမွေးပေးတာရဲ့ တစ်ပုံစာတောင်မရှိပါဘူး … သမီးဒီထက်ပိုပြီး ကန်တော့ချင်တာ … ဒီထက်ပိုပြီး ဖေဖေ့ကို ပြည့်စုံအောင် ထားချင်တာ … ဖေဖေ အလုပ်မလုပ်နဲ့တော့နော် … သမီးကို တစ်လှည့်ပြန်ရှာကျွေးခွင့်ပြုပါ ဖေဖေရယ်” သိတတ်လိုက်သည့် ကျွန်တော့သမီး …။ အမှန်ပြောရရင် ကျွန်တော်မျှော်မှန်းမထားခဲ့ပါ။ ကျွန်တော်ပညာမတတ်သည့် အတွက် အလုပ်တွေခက်ခဲပင်ပန်းစွာလုပ်ရသည်။ ကျွန်တော့လိုပင်ပန်းဆင်းရဲမှာ မလိုလားသည့်အတွက် သမီးနဲ့သားကို ပညာတတ်ကြီးတွေဖြစ်အောင် ကျွန်တော်ရရာအလုပ်တွေလုပ်ရင်း ကျောင်းထားပေးခဲ့သည်။ သမီးက လိမ္မာသည်။ စာတော်သည်။ သူ့ကြောင့် ကျွန်တော့ဘ၀လေး ဂုဏ်တက်ဖူးခဲ့ပြီ။ သမီးကြောင့် ဘွဲ့ရတစ်ယောက်ရဲ့ ဖခင်ဖြစ်ဖူးခဲ့ပြီ။ သမီးကြီးက လိမ္မာသလောက် သားငယ်က ဂျစ်တစ်တစ်။ ငယ်ငယ်လေးကတည်းက အတန်းဖော်တွေနဲ့စကားများရင်း လက်ပါလို့ ကျောင်းသို့ မိဘလိုက်ရသည်က အကြိမ်ကြိမ်။ သို့ပေမယ့် သားငယ်ကိုလည်း အပြစ်မမြင်ရက်။ မိတဆိုးသားသမီးတွေမဟုတ်လား…။ ခုသမီးကြီးဘွဲ့ရအလုပ်ဝင်ချိန် သားအငယ်က ရှစ်တန်းရောက်နေလေပြီ။ သမီးကြီးက အလုပ်မလုပ်စေချင်သော်လည်း အိမ်မှာအခန့်သားထိုင်မစားတတ်သည့် ကျွန်တော် ဈေးဖိုးလေးပင် ပိုရလိုရငြား၊ သားအတွက် ကျောင်းမုန့်ဖိုး ပိုပေးရလည်း မနည်းဟူသော အတွေးဖြင့် လက်တွန်းလှည်းလေးတစ်စီးဖြင့် သရက်သီးပေါ်ချိန် သရက်သီး၊ ရှောက်သီးသုတ်စတာလေးတွေ ရောင်းဖြစ်သည်။ မနက်ဆို ခြောက်နာရီလောက်စထွက် …။ ကျွန်တောဈေးထွက်ပြီဆို သမီးကြီးက သူတို့မောင်နှမ(၂)ယောက်အတွက် ထမင်းချိုင့်အတွက် စီစဉ်သည်။ မနက်(၈)နာရီလောက်ဆို သမီးကြီးက အလုပ်သွား၊ သားငယ်က ကျောင်းသွားနှင့် အိမ်မှာ လူမရှိ။ ကျွန်တော်တို့ အိမ်လေးက ဆင်ခြေဖုံးရပ်ကွက်က စုပေါင်းတန်းလျားလေးတစ်ခု …။ သိပ်မများလှသော အိမ်ခန်းငှားခဖြင့် ငှားရမ်းနေရသည့်အတွက် ကျွန်တော်တို့သားအဖတွေအတွက် အဆင်ပြေသလို တန်းလျားရှိ မိသားစုများ အတွက်လည်း အဆင်ပြေလှသည်။

******************************************

 ဒီနေ့လည်း ခါတိုင်းလိုပဲ မနက်(၅)နာရီလောက်ထကာ ဘုရားဝတ်ပြုပြီး သမီးကြီး ပြင်ဆင်ထားပေးသည့် ထမင်းကြော်လေးကို ငါးပိဖုတ်ဆီဆမ်းလေးနဲ့စားပြီး သမီးကြီးထည့်ပေးထားသည့် ထမင်းဘူးလေးယူကာ (၆)နာရီလောက် အိမ်ကထွက်လာလိုက်သည်။ ကျွန်တော် အိမ်က ထွက်တဲ့အချိန် သမီးကြီးရဲ့လှမ်းအော်သံလေး ကြားလိုက်ရတော့ ပီတိဖြစ်ရသေးသည်။ “ဖေဖေ … အဝေးကြီးတွေလျှောက်သွား မရောင်းနဲ့နော် … ပင်ပန်းနေလိမ့်မယ် … ကားတွေ၊ ဆိုင်ကယ်၊ စက်ဘီးတွေ သတိထားအုံး … အများကြီးရောင်းရလို့ ပိုက်ဆံရမှာထက် ဖေဖေပင်ပန်းပြီး နေမကောင်းဖြစ်မှာ … တစ်ခုခုဖြစ်မှာ ပိုစိုးရိမ်တယ် … ပြီးတော့ ညနေကျ စောစောပြန်ခဲ့နော် … ဒီနေ့ ဖေဖေကြိုက်တဲ့ဟင်းလေး ချက်ထားမှာ” သမီးကြီးကို “အေးပါ သမီးရဲ့ … စိတ်ချ”လို့ ပြောပြီး ကျွန်တော့ရဲ့တစ်နေ့တာ ဈေးရောင်းခြင်းကို စတင်လိုက်ပါပြီ။ ပြောမယ့်သာပြောရတာ ကျွန်တော်ဒီနေ့ စိတ်ထဲသိပ်မကောင်း … လေးလံထိုင်းမှိုင်းနေသလို ခံစားရသည်။ ဒီလိုနဲ့ပဲ မနက်ပိုင်းကျောင်းရှေ့မှာရောင်းပြီး မြို့ထဲဘက်ထွက်လာလိုက်ပါသည်။ မြို့ထဲဘက်မှာ ခဏလောက်လှည့်ရောင်းပြီး လူရှင်းတဲ့လမ်းဘေးတစ်ခုမှာနား နေ့လည်စာစားရင်း ခဏအနားယူလိုက်သည်။ နေ့လည် (၂)ချက်တီးလောက်မှာ ဈေးပြန်ထွက်ဖို့အထ ခေါင်းထဲ မူးနောက်နောက်ဖြစ်ကာ ယိုင်ထိုးသွားသည်။ ဒါနဲ့ ခဏလေးပြန်ထိုင် သက်သာသလို ရှိတော့မှ လှည်းလေးကို ဖြည်းဖြည်းချင်းတွန်းရင်း ထွက်လာလိုက်သည်။ မြို့ထဲဘက်က ပြန်ဖြတ်ရင်း အိမ်သို့ ပြန်လိုက်မည် အတွေးဖြင့် တရွေ့ရွေ့တွန်းလာလိုက်သည်။ မြို့ထဲဘက်ကပြန်အထွက် လမ်းတစ်ဖက် ပလက်ဖောင်းတစ်ခုဆီမှ လူစုစုမြင်တော့ ကျွန်တော်လှမ်းကြည့်ရင်း စပ်စုလိုက်မိသည်။ အနားကလူတွေပြောတာတော့ ကျောင်းသားလေးတစ်ယောက် ရန်ဖြစ်ရင်းမှ ဓါးထိုးခံရသည်ဟု ပြောသံသဲ့သဲ့ကြားလိုက်သည်။ “အော် … ခုခေတ်ကလေးတွေ တော်တော်လေးမိုက်လှပါလား”ဟုတွေးရင်း တွန်းလှည်းလေးကို ဆက်တွန်းလာရင်း လမ်းတစ်ဖက်ပလက်ဖောင်းဆီမှ လူအုပ်ကြားထဲ ပြန်လှည့်ကြည့်လိုက်ရင်း ထိုကျောင်းသားလေးကို လူတစ်ဦးချီပွေ့လာစဉ် မြင်လိုက်ရသည့် မျက်နှာတစ်ခုက ကျွန်တော့ရင်ကို ပူကနဲ … ဟုတ်မှ ဟုတ်ရဲ့လားလို့ တွန်းလှည်းကိုရပ်ရင်း ကျွန်တောသေချာအောင်လှမ်းကြည့်လိုက်သည်။ ခပ်လှမ်းလှမ်းက ရပ်ထားသော ကားဆီသို့သွားနေသော လူတစ်ဦး … ထိုသူချီပွေ့ထားသော သွေးများပေကျံနေသည့် ကျောင်းသားလေးရဲ့မျက်နှာဟာ “ကျွန်တော့သား”ပါ။ သေချာပါသည်။ ကျွန်တော် ရင်တွေပူသွားသည်။ မဟုတ်ပါစေနဲ့လို့ ဆုတောင်းရင်း ကားလမ်းတစ်ဖက်ဆီ ကျွန်တော့လက်တွန်းလှည်းလေး အသည်းအသန်တွန်းရင်း တရှိန်ထိုးကူးဖြတ်လိုက်မိသည်။ “ဒုန်း”ဆိုသည့် အသံတစ်ခုရဲ့နောက်ကွယ်မှာ ကျွန်တော့သားဆီ ကျွန်တော်မရောက်ခဲ့ပါ။ ကျွန်တော်သိလိုက်သည်က ကျွန်တော့အနားမှာ သစ်သီးတွေ … ကျွန်တော်နဲ့ခပ်လှမ်းလှမ်းမှာ ဘီးတစ်ဘီး ချာချာလည်နေတဲ့ ကျွန်တော့ရဲ့လက်တွန်းလှည်းလေး …။ အိမ်မှာစောင့်နေရှာမယ့် ကျွန်တော့သမီးလေး …။ လူတစ်ဦးပွေ့ချီသွားသည့် သွေးများပေကျံနေသည့် ကျွန်တော့သားလေး ...။ ကျွန်တော် … ကျွန်တော့အတွက် ဘယ်အရာမှစီစဉ်ထားချိန်မရတော့လောက်အောင် အရာရာဟာ မှောင်အတိများဖြင့်သာ …။ 

စာချစ်သူများကိုအစဉ်လေးစားစွာဖြင့် 

+မိုးညချမ်း+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)