ယခင်ထိုင်းနိုင်ငံဆိုင်ရာမြန်မာအလုပ်သမားသံအရာရှိဦးကျော်ကျော်လွင်မှ ထိုင်းနိုင်ငံသုံးငွေဘတ်၁သောင်းစတင်မတည်ကာ**ရေဘေး၊မီးဘေး၊လမ်းသရဲဘေး၊ အခြားဘေး**စသည့်ဘေး၎ဘေးလူမှုကူညီရေးရံပုံ့ငွေများကို ၂၀၁၃ခုနှစ်နိုဝင်ဘာလမှ၂၀၁၄ဒီဇင်ဘာလအထိ၁နှစ်ကျော်ကာလအတွင်း ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ အခြေစိုက်(၁၀၂ဒသမ၅၀)မက်ပ်ရေဒီယို နှင့်မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)၏ လစဉ်ထုတ်မြန်မာပြည်သားစာစောင်မှလှုံ့ ဆော်ကောက်ခံခဲ့ ပါသည်။
(ဘေး၎ဘေးအလုပ်အမှုဆောင်အဖွဲ့ ဝင်၁၂ဦး၏တာဝန်ခံ ဆရာမိုးကရှင်းပြ)
၂၀၁၃ခုနှစ်နိုဝင်ဘာလမှစတင်ကာကောက်ခံ ရရှိခဲ့သောစက်ရုံအလုပ်ရုံနှင့်ပြင်ပလုပ်ငန်းခွင်အချို့ မှရံပုံငွေများကိုစနစ်တကျအသုံး ပြုခဲ့ပါသည်။ ၂၀၁၃ခုနှစ်ဒီဇင်ဘာလ၂ရက်နေ့ တွင်မဲဆောက်မြို့ မယ်တောင်တိုက်ရပ်ကွက် တနေရာမှာထိုင်းလမ်းသရဲအရိုက်ခံရပြီးဒဏ်ရာရရှိခဲ့သောဆောက်လုပ်ရေးလုပ်သား *ကိုသက်နိုင်ထွန်း*အားအိုမီဂါအထည်ချုပ်စက်ရုံမှသူ့ တစ်ဦးတည်းသီးခြားအလှူ (၃၀၀၀)ဘတ်ကိုစတင်ကွင်းဆင်းလှူဒါန်းမှုသည်*ဘေး၎ဘေး*၏မူလဘူတ ပထမဆုံးလှုပ်ရှားမှုဖြစ်သည်။ ယနေ့ အစည်းအဝေးတွင်ဘေး၎ဘေးအလုပ်အမှုဆောင်အဖွဲ့ ဝင်၁၂ဦးတက်ရောက်ပြီး ၁နှစ်နှင့်၁လတာကာလအတွင်းကူညီဆောင်ရွက်ခဲ့မှုများကိုပြန်လည်သုံးသပ်ဆွေးနွေး ခြင်း၊၀င်ငွေသုံးငွေ
စာရင်းရှင်းတမ်းပြုလုပ်ခြင်း၊အကြံဥာဏ်သစ်များဖလှယ်ကြခြင်းတို့ ကို ဒိုးတူဘောင်ဘက်အကျိုးတူဆောင်ရွက်ခဲ့ကြသည်။
(ဘေး၎ဘေးအလုပ်အမှုဆောင်အဖွဲ့ ဝင်၁၂ဦး
အစည်းအဝေးကျင်းပ)
ယနေ့ အစည်းအဝေးအပြီးတွင်မမျှော်လင့်ပဲရုတ်တရက်အိမ်မီးလောင်ပြီးဘာမှရစရာ မကျန်တော့သောအသက်၆၀အရွယ်မဲဆောက်မြို့ ဝမ်းသခီးယန်းရွာရှိမယ့်ပင်းကျောက်စက် လုပ်သားဇနီးမောင်နှံ၂ဦး၏ဖြစ်ရပ်တစ်ခုရှိပါသည်။သူတို့ ဇနီးမောင်နှံမှာလစဉ်လိုလို (၁၀)ဘတ်မည်သော*ဘေး၎ဘေး**လူမှုကူညီရေးရံပုံငွေထည့်ဝင်ခဲ့ကြသူများ ဖြစ်ကြောင်း၊အကူအညီပေးစေ
လိုပါကြောင်းအလုပ်အမှုဆောင်ကော်မတီဝင် ဦးကျော်စိုး(မယ့်ပင်းကျောက်စက်)ကတင်ပြလာပါသည်။
ထို့ ကြောင့်မနက်ဖြန်မနက်ပိုင်းမှာအလှူငွေရော၊ယနေ့ အစည်းအဝေး အပြီးကော်မတီဝင်များမှအားချင်းစုဆောင်းကောက်ခံထားသောအ၀တ်အထည် နှင့်အခြားလူ့ အသုံးအဆောင်အချို့ ကိုဆရာမိုးဦးဆောင်သောမဲဆောက်မြို့ နယ်လုံးဆိုင်ရာ *ဘေး၎ဘေး**လူမှုကူညီရေးကော်မတီမှကွင်းဆင်းလှူဒါန်းကြမည်ဖြစ်၏။ ၊
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
+သောင်ရင်းနဂါး+
(ဘေး၎ဘေးအလုပ်အမှုဆောင်အဖွဲ့ ဝင်၁၂ဦးတက်ရောက်)

No comments:
Post a Comment