. +(ဖေဖော်ဝါရိလ၁၇၇က်၊၂၀၁၅-သောင်ရင်းနဂါး)+
မူလကထိုင်းဥပဒေအရထောင်ဒဏ်ရော၊ထောင်ဒဏ်ပါကျခံကြရမည့်ယခု ဖေဖော်ဝါရီလအတွင်းစိမံချက်ဖြင့်
ဖမ်းဆီးခံထားသောမြန်မာရွှေ့ ပြောင်းလုပ်သားများ နှင့်ထိုင်းမန်နေဂျာများအားမဲဆောက်ခရိုင်ခွဲတရားရုံးကယနေ့ ဒဏ်ငွေသတ်မှတ် စီရင်ချက်ချကြောင်းသတင်းရရှိသည်။ အဆိုပါအရေးနှင့်ပတ်သက်ပြိးထိုင်းရှေ့ နေများကောင်စီဥပဒေအထောက်အကူပြုဌာန (LLC)နှင့်ကွန်ရက်အဖွဲ့ဝင်မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (๋JACBA)တို့ ကယနေ့ တွင်မဲဆောက်ခရိုင်ခွဲတရားရုံးကိုကွင်းဆင်းလေ့လာကာ TNC(မီးကြိုးစက်ရုံ)စက်ရုံတစ်ခုထဲမှဒဏ်ငွေသတ်မှတ်ခံရသည်ကိုပါတွေ့ ရှိခဲ့သည်။ Court of Justiceထိုင်းတရားစီရင်မှုတရားမျှတရေးအဖွဲ့ ကရှေ့ နေအမျိုးသမီး နန်းစောင်ရာသီချာဒေ၀ီခွန်းက**ဒီနေ့ မဲဆောက်မြို့ ကTNC(မီးကြိုးစက်ရုံ)စက်ရုံတစ်ခုထဲကိုပဲတရားမ၀င် အလုပ်သမားခိုင်းစေမှု၊ကလေးအလုပ်သမားခိုင်းစေမှုတွေနဲ့ အမိန့် ချမှတ်မှာဖြစ်ပါတယ်။ ပြစ်ဒဏ်ကဒဏ်ငွေ
အနေနဲ့ ထိုင်းနိုင်ငံသုံးငွေ(၆၀၀၀)ဘတ် သတ်မှတ်ပါတယ်။မြန်မာရွှေ့ ပြောင်းလုပ်သား၁ဦးကို၆၀၀၀)ဘတ်ပေးဆောင်ကြရမှာပါ။
ဒါပေ မယ့်ထောင်ထဲမှာနေခဲ့ရတဲ့ထောင်နေရက်၁ရက်တိုင်းကို(၂၀၀)ဘတ် စီလျော့ပေါ့ပေးပါမယ်။ကလေးအလုပ်သမားတွေကိုတော့အဲဒိထက်လျှော့ပေါ့ဒဏ်ငွေ ကိုပေးဆောင်စေမှာပါ။ဒီနေတော့TNC(မီးကြိုးစက်ရုံ)စက်ရုံတစ်ခုထဲမကလူ(၂၈၀) လောက်နဲ့ 
အလုပ်ရှင်၊မန်နေဂျာတွေတရားရုံ့းကိုရောက်နေကြပါပြီ..**ဟုရှင်းပြသည်။
(မဲဆောက်တရားရုံးရှေ့ ကအောင်မြင်သူတွေရဲ့ အပြုံး---
ဒေါါ်လှသိန်း---ထိုင်းရှေ့ နေမ---ဦးမိုးကြိုး)
(**စိတ်ရှည်--သည်းခံ---ဖျန်ဖြေရန် လောကဓံနှင့်အပြုံး--တွဲလျက်သုံး**)
မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(๋JACBA)မှဥိးမိုးကြိုးသည် ထိုင်းနိုင်ငံဆိုင်၇ာအလုပ်သမားသံမှူးဦးသိမ်းနိုင်ထံတိုက်ရိုက်သတင်းပို့ သကဲ့သို့  မဲဆောက်မြို့ ရှိမြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနမှဖွင့်လှစ်ထားသောOne Stop Serviceရုံးတာဝန်ခံ-ဦးမိုးအောင်ခိုင်၊လ၀ကအရာရှိ-ဦးဇော်ဇော်ဝင်းတို့ နှင့်လည်း မနက်ဖြန်တွင်တာ့ခ်ခရိုင်လ၀ကမှOne Stop Serviceရုံးသို့ လွှဲပြောင်းပေးအပ်မည့်အဆိုပါတရားရုံးအမိန့် ချမှတ်ပြီးသောမြန်မာ ရွှေ့ ပြောင်းလုပ်သား(၃၀၀)ခန့် နှင့်ပတ်သက်ပြိးမြန်မာပြည်ဘက်ခြမ်းမြ၀တီမြို့ သို့  မည်သို့ မည်ပုံနေရာချထားမည်၊သူတို့ ကိုမိသားစုပုံစံမည်သို့ ကြီုဆိုကြမည်ကို အသေးစိတ်ဆွေးနွေးကြသည်။
(မဲဆောက်မြို့ One Stop Serviceရုံးမှာ နောက်တစ်နေ့ မှာရောက်လာကြမယ့်မြန်မာအလုပ်သမား၃၀၀ အတွက်မိသားစုပုံစံဖြင့်လက်ခံကြိုဆိုရေးဆွေးနွေး )
မူလကအဆိုပါအဖမ်းခံ။မြန်မာရွှေ့ ပြောင်းလုပ်သားများနှင့်မန်နေဂျာများကို ထိုင်းဥပဒေအရထောင်ဒဏ်ရော၊ငွေဒဏ်ပါချမှတ်မည်ဟုကြားသိချိန်တွင် မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်ဦးမျိုးအောင်၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဦးဝင်းမောင်၊စစ်သံမှူးးကြီးဗိုလ်မှူးချုပ်ချစ်ဆွေ၊ ထိုင်းနိုင်ငံဆိုင်၇ာအလုပ်သမားသံမှူးဦးသိမ်းနိုင်၊One Stop Serviceရုံးတာဝန်ခံ-ဦးမိုးအောင်ခိုင်၊တို့ ကထိုင်းအစိုးရဌာနဆိုင်ရာများထံ အပူတပြင်းကြိုးပမ်းဆက်သွယ်ကာတိုက်တွန်းနိုးဆော်ခဲ့ခြင်းကြောင့်ယခုလို ငွေဒဏ်သာလျှော့ပေါ့
သတ်မှတ်တော့ခြင်းဖြစ်ကြောင်းသိရသည်။
(မဲဆောက်တရားရုံးထိုင်းတရားစီရင်မှုတရားမျှတရေး အဖွဲ့ ကရှေ့ နေအမျိုးသမီး နန်းစောင်ရာသီချာဒေ၀ီခွန်းနှင့်အဖွဲ့ ကဆရာမိုးတို့ ကွင်းဆင်းလေ့လာရေးအဖွဲ့ ကိုရှင်းပြနေစဉ်)

No comments:
Post a Comment