ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, March 25, 2015

==ရွှေ့ပြောင်းအလုပ်သမားများအတွက် ထုတ်ပေးမည့် မြန်မာအစိုးရ၏ အစိမ်းရောင်ကဒ်ကို ထိုင်းက လက်မခံ==

>
+(မတ်လ ၂၅ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း-ကရင်သတင်းစဉ်KIC)+

 ထိုင်းနိုင်ငံအတွင်းရှိ သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်မရှိသူ မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် သက်သေခံ အစိမ်းရောင် စာအုပ်ကို မြန်မာအစိုးရမှ အလုပ်သမားရေးရာဝန်ကြီးဌာနက ထုတ်ပေးရန် စီစဉ်ထားခဲ့သော်လည်း ထိုင်းဘက်က သဘောမတူ သည့်အတွက် ယာယီရွှေ့ဆိုင်းလိုက်သည်ဟု ထိုင်းနိုင်ငံလုံးဆိုင်ရာ မြန်မာရွှေ့ပြောင်းအလုပ်သမား ကွန်ရက်(MMNT)က ပြော သည်။ ၂နှစ်သက်တမ်းရှိ အဆိုပါ အစိမ်းရောင်စာအုပ်ကို ဘန်ကောက်၊ မဲဆောက်၊ မယ်ဆိုင်၊ ရနောင်းတို့တွင် ယခုနှစ် ဧပြီလမှစ၍ ထုတ်ပေးရန် မြန်မာဘက်မှ မူလက စီစဉ်ထားခြင်းဖြစ်သော်လည်း ထိုင်းဘက်က လက်မခံ၍ အခုကဲ့သို့ ယာယီ ရွှေ့ဆိုင်းလိုက် ခြင်းဖြစ်ကြောင်း MMNT အထွေထွေ အတွင်းရေးမှူးဦးမိုးကြိုးက ပြောသည်။
 ၎င်းက “ဒီမှာအလုပ်လာလုပ်တဲ့ မြန်မာအလုပ်သမားတွေအတွက် လိုအပ်တဲ့ အထောက်အထားတွေကို ထိုင်းကပဲ လုပ်ပေးမယ်။ ကုန်ကျစရိတ် အားလုံးကို သူတို့ပဲယူမယ်။ အဲဒါကို မြန်မာဘက်ကတစ်ဆင့် လိုက်လျောပေးလိုက်ရတယ်။ သဘောကတော့ မြန် မာဘက်ကို ဘာမှအခွင့်အရေးမပေးတော့ဘူး ဆိုတဲ့သဘောဖြစ်နေတယ်”ဟု ကေအိုင်စီသို့ ယမန်နေ့က ပြောသည်။

ထိုင်းနိုင်ငံအတွင်းရှိ ဒေသ ၇၇ခုမှ ရွှေ့ပြောင်းအလုပ်သမားများကို အလုပ်လုပ်ခွင့် ပန်းရောင်ကတ်များ ယခုနှစ် မတ်လ ၃၁ရက် နေ့ နောက်ဆုံးထားပြုလုပ်ရန် ထိုင်းအစိုးရက ကြေငြာထားသည်။ ထို့အတွက် မြန်မာအစိုးရက အစိမ်းရောင်စာအုပ် ပြုလုပ်ပေး ရန် စီစဉ်ထားမှုကို လက်မခံခဲ့သလို ပန်းရောင်ကဒ်ပြုလုပ်ခွင့်အချိန်ကို ၂၀၁၆ခုနှစ်အထိ တနှစ် ထပ်မံတိုးပေးလိုက်ပြီး နိုင်ငံကူး လက်မှတ်နှင့် အလားတူ စာအုပ် ပြုလုပ်ပေးရန် ထိုင်းအစိုးရက စီစဉ်လျက်ရှိသည်ဟုလည်း သိရသည်။ အဆိုပါပန်းရောင်ကဒ်ကို သက်တမ်းထပ်မံတိုးပေးပါက အဆင်ပြေမည်ဖြစ်သော်လည်း နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့စာအုပ်အနီ) ပြုလုပ်လိုပါက သန်းခေါင်စာရင်းနှင့် မှတ်ပုံတင် မရှိသူများအတွက် အခက်အခဲရှိနိုင်သည်ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားများ က ပြောဆိုနေကြသည်။

ထိုင်းနိုင်ငံ မဲဆောက်ရှိ ရွှေ့ပြောင်းမြန်မာအလုပ်သမား ကိုမျိုးမင်းဝေက “အစိမ်းရောင်ကတ်က ပန်းရောင်ကတ်ရှိသူနဲ့ ဘာမှမရှိ တဲ့သူတွေအတွက် မျှော်လင့်ချက်ပဲဗျ။ အစိမ်းရောင်ကဒ်ရှိရင် စာအုပ်အနီကို လျှောက်လို့ရတော့ ကျနော်တို့အတွက် အခွင့်အ ရေး အများကြီးရှိတယ်။ ဒါကို လက်မခံတဲ့အခါကျတော့ ကျနော်တို့အတွက် အဆင်မပြေဘူး”ဟု ကေအိုင်စီသို့ ပြောသည်။ ထိုင်းအစိုးရက ရွှေ့ပြောင်းအလုပ်သမားများအတွက် သန်းခေါင်စာရင်း၊ မှတ်ပုံတင်မလိုဘဲ အလုပ်လုပ်ခွင့် ပန်းရောင်ကတ်ကို ၂၀၁၄ခုနှစ် နှစ်လည်ပိုင်းမှ စတင်ပြုလုပ်ပေးခဲ့ရာ လက်ရှိ ပန်းရောင်ကတ် ကိုင်ဆောင်ထားသူ ၆၄၅,၅၆၇ဦးရှိသလို မည်သည့်အ ထောက်အထားမျှ မရှိဘဲ အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား များစွာ ရှိနေသေးသည်ဟု အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများ၏ မှတ်တမ်းများအရ သိရသည်။

 ၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
 ကေအိုင်စီ - KIC News > သတင်း > ရွှေ့ပြောင်းအလုပ်သမားများအတွက် ထုတ်ပေးမည့် မြန်မာအစိုးရ၏ အစိမ်းရောင်ကဒ်ကို ထိုင်းက လက်မခံ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)