အင်္ဂလန်ဘောလုံးလောကရဲ့ ဂုဏ်သိက္ခာ၊အင်္ဂလန် ထိပ်တန်းအသင်းတွေရဲ့  ခြေစွမ်းတောက်ပမှု ပရီမီယာလိဂ် ရဲ့  အောင်မြင်မှုလွှမ်းခြုံနိုင်တဲ့  အဆင့် အတန်းတွေ လျော့ ကျ မသွားအောင် အာဆင်နယ်နဲ့  မန်စီးတီးတို့ ရဲ့  ပခုံးပေါ် ကျရောက်လာခဲ့ ပါပြီ။ လက်ရှိအနေအထားက အောက် စည်းဖြစ်နေပေမယ့်  ချန်ပီယံလိဂ် ၁၆ သင်းအဆင့်  ဒုတိယ အကျော့အဖြစ် မတ် ၁၈ ရက်နဲ့  ၁၉ရက်တွေမှာ ဒီနှစ် သင်းဟာ ပြိုင်ဘက်တွေကို ချွေးသီးချွေးပေါက်ကျအောင် ကစားရပါတော့မယ်။ ကမ၊ာတစ်ဝန်းက ပရိသတ်တွေရဲ့  အာ၊ုံစူးစိုက်မှုက ချန်ပီယံလိဂ်မှာ တင်ကျန်ရစ်နေတဲ့  အာဆင်နယ်နဲ့  မန်စီး တီးအပေါ်မှာ စူးနစ်ကျရောက်နေတဲ့ အပြင် လက်ရှိရပ် တည်မှုကလည်း ခပ်ယိုင်ယိုင်ဖြစ်နေတာမို့  စိုးရိမ်ပူပန် မှုရှိနေကြတာလည်းအမှန်ပါပဲ။ မိုနာကိုနဲ့ရင်ဆိုင်ရမယ့်  အာဆင်နယ်တို့ အတွက် ပထမအကျော့ အာဆင်နယ်ကွင်း မှာ တစ်ဂိုး-သုံးဂိုးနဲ့  ရှုံးခဲ့ တဲ့  အကြွေးကို အခုပွဲမှာသုံးဂိုးပြတ် သွင်းပြီး အောင်ပွဲခံနိုင်မလားဆိုတဲ့ အမြင်စိတ်နဲ့  တွေးဆ ကြည့် ပေမယ့်  ရင်မောစရာတော့ ကောင်းနေပါတယ်။ အာဆင်နယ်ရဲ့  ခံစစ်ပိုင်းလျော့ရဲမှု တိုက်စစ်မှူးတွေ ရဲ့  အဆုံးသတ်မရေရာ မသေချာမှုတွေကြောင့်  အခု ဒုတိယအကျော့ပွဲစဉ်မှာ ပရိသတ်တွေ အာဆင်နယ်ကို မယုံရဲတာ မဆန်းပါဘူး။ တိုက်စစ်မှူးဂျီရော့ဒ်ရဲ့  ဂိုးသွင်း ချက်တွေ အပေါ်ထောင်ဘေးလွတ်ဖြစ်ခဲ့ တာတွေ အပေး အယူ လွဲချော်မှုတွေက အခုထိ ပရိသတ်ရင်ကို မွမ်းကျပ် နေဆဲပါပဲ၊
နောက်တစ်ဆင့် တက်ဖို့ အတွက် မိုနာကိုကွင်း မှာ အာဆင်နယ်တို့ သုံးဂိုးပြတ်သွင်းနိုင်ပါ့မလား၊ နည်း ပြအာစင်ဝင်းဂါးရဲ့  ပွဲထွက်ကစားသမား အခင်းအကျင်း ဗျူဟာပိုင်းနဲ့  လူစားလဲမှုတွေမှာ ထိရောက်မှုရှိနိုင်ပါ့မလား ဒါတွေက မသေချာပါဘူး။ သေချာတာကတော့ အာဆင်နယ်ကစားသမား တွေ ဖိအားများနေခဲ့ ပြီ ဖြစ်တာပါပဲ။ မန်ယူကို အနိုင် ကစားထားတဲ့  အောင်ပွဲစိတ်ဓာတ်အရှိန်နဲ့  မိုနာကို အပေါ် ဖိအားပေးနိုင်မလား ဘောလုံးပိုင်ဆိုင်မှုများ များနဲ့  အမှားအယွင်းမရှိ ကစားခဲ့ ရင်တောင် အာဆင် နယ် နောက်တစ်ဆင့် တက်ဖို့  အိပ်မက်ပျက်ပြယ်သွားနိုင် ပါတယ်။ အိမ်ရှင်မိုနာကိုတို့ အခုပွဲမှာ ခံစစ်ကိုပိတ်ကစားဖို့ ပြင်ဆင်လာပါလိမ့် မယ်။ အာဆင်နယ်ရဲ့ တိုက်စစ်ကို အမှား အယွင်းမရှိ တည်တည်ငြိမ်ငြိမ်နဲ့  ဟန့် တားကစားနိုင်ခဲ့ ရင် ချန်ပီယံလိဂ် နောက်တစ်ဆင့် တက်မှာ ဖြစ်တဲ့ အတွက် အိမ်ရှင်အနေနဲ့  ရွေးချယ်စရာ နည်းလမ်းများများ မရှိ ပါဘူး။ မန်ယူလူဟောင်းဘာဘာတော့ပ်၊ မော်ရင်ဟို၊ ဒိုင်ရာ၊ မာတာနယ်တို့  အတွဲညီညီနဲ့ ကစားနေတဲ့  မိုနာကိုအပေါ် အာဆင်နယ်တို့  ပြတ်သားလွန်းတဲ့ ရလဒ် ဖော်ထုတ်ဖို့  ခဲယဉ်းမှာဖြစ်ပြီး မိုနာကိုတို့  ချန်ပီယံလိဂ် ခရီးဆက်ပါလိမ့် မယ်။ နောက်ထပ်အင်္ဂလန်ထိပ်သီးအသင်းဖြစ်တဲ့  မန်စီးတီး ရဲ့  ဒုတိယအကျော့ခရီးစဉ်မှာတော့ ဘာစီလိုနာကွင်းကို ချီတက်ရမှာဖြစ်ပါတယ်။ နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးခဲ့ တဲ့  မန်စီးတီး ရဲ့  စွမ်းဆောင် မှုက အကောင်းဆုံးပုံစံရရှိခဲ့ ပေမယ့်  နှစ်ဂိုး- တစ်ဂိုးဆိုတဲ့  ရလဒ်ဆိုးကို ချေဖျက်ဖို့ တာဝန်က အခုပွဲ မှာ ကြီးလေးလွန်းနေတာတော့ အမှန်ပါပဲ၊ အင်္ဂလန်မြေပေါ်မှ ထွက်ခွာခဲ့ တဲ့  ဆွာရက်စ်ရဲ့ ခြေစွမ်းကြောင့်  မန်စီးတီးတို့ ရှုံးနိမ့် ခဲ့ ပေမယ့်  ခြေစွမ်းကောင်းမွန်ခဲ့ တာတော့ အမှန်ပါပဲ။ ဒါပေမယ့် ဘာစီလိုနာလို ဘက်စုံကောင်းမွန် တောင့်  တင်းနေတဲ့ အသင်းကို လေးဂိုးအထိသွင်းယူဖို့ ဆိုတာ အဖြေ မထွက်နိုင်တဲ့  ပုစ္စာတစ်ပုဒ်တွက်ချက်ရသလို ဖြစ်နေမှာပါ။ ဆွာရက်စ်၊ နေမာ၊ မက်ဆီတို့ ရဲ့  တိုက်စစ်အတွဲကို အဂူ၊ရို၊ ဆေးလ်ဗား၊ မီနာလ်နဲ့  နာဆရီတို့  မယှဉ်နိုင်တာအမှန်ပါ။ ချန်ပီယံလိဂ်မှာ မန်စီးတီး ထက်စာရင် ဘာစီလိုနာတို့ က မှတ်တမ်းကောင်း ပိုမိုရေးထိုးနိုင်တော့မှာမို့  ဘယ်လိုရလဒ် ပဲဖြစ်ဖြစ် မန်စီးတီးတို့ နိုင်ပွဲမရနိုင်ပါဘူး။ အခုပွဲ နူကမ့်  ကွင်းမှာ တိုက်စစ်အပြိုင်ဖွင့်ဖို့ ရှိပေမယ့် ပီကေး၊ မာရှေ ယာနို၊ အယ်လ် ဘာတို့ လူစုနဲ့  တည်ဆောက်ဖို့ ရှိနေတဲ့  ဘာစီလိုနာ ခံစစ်တံတိုင်းကို မန်စီးတီးတိုက်စစ်မှူး တွေ ကျော်လွှားဖို့  ခဲယဉ်းပါလိမ့် မယ်။ ဒါပေမယ့် ယာယာတိုရေး၊ ဖာနန်ဒင်ဟိုတို့ ဖြန့်ဝေ မယ့် မန်စီးတီးကွင်းလယ်ကစားအားက ဘာစီလိုနာရဲ့  အင်နီယေစတာ၊ ရာကီတစ်နဲ့  ဘက်ကွစ်တို့ ကို ယှဉ်ပြိုင် နိုင်တာတော့ အမှန်ပါပဲ။ ဒါပေမယ့် အမှားအယွင်းနည်းပြီး တိုက်စစ်ကို ပံ့ ပိုးမှုအပိုင်းမှာ ဘာစီလိုနာတို့ ကပိုပြီးထိ ရောက်မှုရှိတာမို့  မန်စီးတီးတို့ ရဲ့  ချန်ပီယံအိပ်မက်က လန့်နိုးရတော့မယ်အဖြစ်ကို ကြုံတွေ့ ရမှာပါ။
(ဘာစီလိုနာ နဲ့ မန်စီးတီး)
ပရီမီယာလိဂ်မှာပါ ဘန်လေကိုရှုံးပွဲကြုံပြီး ဝေဖန်မှုနဲ့  ဖိအားတွေ များနေတဲ့  မန်စီးတီးတို့ ဟာ ပရီမီယာလိဂ်မှာ ရော ချန်ပီယံလိဂ်မှာပါ မျှော်လင့်ချက်ေ၀၀ါးစရာတွေ ရင်ဆိုင်နေရပြီဖြစ်တာမို့ ခြေကုန်လက်ပန်းကျအောင် ၊ုန်းကန်ရမယ့် အနေအထားဖြစ်နေပါတယ်။ အဂူရိုကို အထောင် တိုက်စစ်ထားပြီး ရည်မှန်းချက် ပြည့်ဝဖို့  ကြိုးစားမယ့် မန်စီးတီးရဲ့ ဗျူဟာကို ဘာစီလို နာတို့  အိမ်ကွင်းမှာချေဖျက်ပစ်ဖို့  စွမ်းအားတွေရှိနေတာတော့ အမှန်ပါပဲ။ ဒါပေမယ့် တစ်ဟုန်ထိုး တိုက်စစ်ဆင်တတ်တဲ့  မန်စီး တီးရဲ့ လျင်မြန်တဲ့ တိုက်စစ်ဟာ ဘာစီလိုနာအဖွဲ့ သားတွေ အလစ်အငိုက်မိသွားရင်တော့ ဘာစီလိုနာတို့  ဂိုးတွေပေး ရနိုင်ပေမယ့် အနိုင်ဆိုတာ မန်စီးတီးတို့ နဲ့  မထိုက်တန် ကြောင်း ဘာစီလိုနာတို့ ဖော်ထုတ်ပြသပါလိမ့် မယ်။ လက် ရှိမှာ ခြေစွမ်းမတည်ငြိမ်ဖြစ်လာတဲ့  မန်စီးတီးတို့ ဟာ ချန်ပီ ယံလိဂ်က ချယ်လ်ဆီးထွက်ခွာခဲ့ ရပြီးနောက်မှာ အင်္ဂလန် အသင်းတွေရဲ့  သူရဲကောင်းအဖြစ် မားမားမတ်မတ် ရပ် တည်နိုင်မှာကတော့ များနေပါတယ်။ ဒါကြောင့် အင်္ဂလန်အသင်းတွေမပါဘဲ ချန်ပီယံ လိဂ် ပွဲစဉ်တွေ ဆက်လက်ဆင်နွှဲဖို့  ရှိ မရှိ ဆိုတာရယ်၊ အင်္ဂလန်ဘောလုံး လောကရဲ့  ဂုဏ်သိက္ခာတွေ၊ အရောင် တောက်ပနိုင်ဖို့ ဆိုတာတွေက အာဆင်နယ်နဲ့  မန်စီးတီး တို့ အပေါ်မှာ ကျရောက်လာပြီဖြစ်တာမို့  ရင်ခုန်စွာနဲ့  စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
+မိုးမြင့်လင်းလက်+
(အာဆင်နယ်နည်းပြအာဆင်ဝင်းဂါး နဲ့ 
့မန်စီးတီးနည်းပြပယ်လီဂရီနီ တို့ 
အခုလို သေချာတိုင်ပင်သင့်ပြီ)

No comments:
Post a Comment