ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, March 7, 2015

==နှစ်ကိုယ်တူ ရေးခြစ်ခဲ့တဲ့ ကြက်ခြေခတ် ===

>
အခု ငါ ဆုတ်ဖြဲလိုက်တဲ့ ပြက္ခဒိန်စာရွက်ပေါ်က ဂဏန်းအက္ခရာနှစ်လုံးက နင်နဲ့ငါ့ရဲ့ဝေးကွာမှုကို ပြသတဲ့ သင်္ကေတတစ်ခုလား ဝတ်ရည်။ ဒါမှမဟုတ် ငါ့ရင်ထဲက နာကျင်မှုတွေ ခမ်းနားနေဆဲဖြစ်ကြောင်း အလိုက်ကန်းဆိုး မသိ နှိုးဆော်နေတဲ့ နှိုးစက်တစ်ခုလား။ ဒါမှ မဟုတ် အမှတ်တမဲ့တစ်ခု အမှတ်တရဖြစ်ခဲ့တာ ရက်ပေါင်း ၁၉၆ဝ ပြည့်တဲ့ အထိမ်းအမှတ်လား။ ဖြေပါ ဝတ်ရည်။ အဲ့ဒီနေ့ကို နင့်ရဲ့စိတ် နင်ရဲ့အာရုံတွေထဲမှာ ဘယ်လိုသတ်မှတ်သိမ်းဆည်းထားသလဲဆိုတာ ငါ သိချင်မိတယ်။ အသံကို ကြားရရုံနဲ့တင် စက်ဆုပ်မိတဲ့ အမှတ်တရတစ်ခုအဖြစ်နဲ့လား။ ဒါမှမဟုတ် ပြန်မတွေးချင်တော့လောက်အောင် ဘဝမှာ တစ်ခါကမှ မရှိခဲ့ဖူးတဲ့ အမှတ်တမဲ့တစ်ခုအနေနဲ့လား။ မေ့မရတာက ခက်တယ် ဝတ်ရည်ရယ်။ နေ့စဉ်ရက်ဆက် နိုးတစ်ဝက် အိပ်မက်တွေထဲ အဲ့ဒီနေ့က နင့်မျက်ဝန်းမှာ လဲ့ဖြာနေခဲ့တဲ့ မျက်ရည်ကြည်တွေ ၊ နင့်ပါးပြင်ထက်က အရိုင်းဆန်ဆန် ပန်းနုရောင်အစွန်းအထင်းနဲ့ နောက်ပြီး ငါ့ကို ရိုက်လိုက်ရလို့ နီရဲသွားခဲ့တဲ့ နင့်ရဲ့ လက်ဖဝါးနုနုလေးက ငါ့ကို နူးညံ့စွာ ခြောက်လှန့်နေတယ်။ အတိတ်ဆိုတာ အဖြူရောင်ပိတ်စအပေါ်က ဖျောက်ဖျာက်လို့ မရတဲ့ မင်စက်တစ်စက်လား။ အဲ့ဒီလိုဆိုရင် ငါ ဝမ်းနည်းကြေကွဲစွာ ဒူးထောက်ပါတယ် ဝတ်ရည်။ အဲ့ဒီနေ့က ငါ့ရင်ခုန်သံတွေ သတိလက်လွတ် ကြွေကျခဲ့တဲ့အတွက် ငါ့ကို တစ်သက်စာ နာကျည်းချင်ရင် နာကျည်းပစ်လိုက်ပါ။ ငါနဲ့ ပတ်သက်လို့ အရာရာကို မေ့ပျောက်ပစ်လိုက်နိုင်တဲ့ တစ်နေ့တော့ နင် ဆယ်ဘဝစာ ပျော်ရွှင်ပါစေ။ ဒါပေမဲ့ တစ်ခုခုဆို မေ့ပျောက်ဖို့ ခက်တဲ့ အစွဲအလမ်းကြီးတတ်တဲ့ နင့်စိတ်လေးကို သတိရမိတော့ ငါ့ရင်ထဲ ဆစ်ခနဲ နာတယ်။ ပက်ကြားအက်နေတဲ့ ရင်ရိုးတလျှောက် ဒဏ်ရာတွေ အသစ်ပြန်ဖြစ်တယ်။ နင် မေ့ပစ်နိုင်တယ် မဟုတ်လား ဝတ်ရည်။ ကျေးဇူးပြုပြီး နင့် မမ်မိုရီတွေကို အသန့်စင်ဆုံး ဆေးကြောပစ်လိုက်ပါ။ အရွှင်ပြဆုံး အပြုံးဟာ နင်နဲ့ အလိုက်ဖက်ဆုံး Accessory တစ်ခုပဲ။ ဝတ်ရည်ရယ် … ငါ့အချစ်တွေကို အဖြူစင်ဆုံးလို့ မခိုင်းနှိုင်းရက်ပေမဲ့ နင့်ကို ချစ်မိတဲ့ ငါ့အချစ်မှာ ဖြူစင်မှုတွေ တတ်နိုင်သလောက် ( ဖြစ်နိုင်ရင် ရာနှုန်းပြည့် ) ဖြည့်တင်းထားတယ်ဆိုတာ နင် သိအောင် ဘယ်လိုရှင်းပြရမလဲဟာ။ ငါ့ရင်ခုန်သံတွေ ခဏတာ ဆူညံခဲ့မှု အတွက်နဲ့တော့ ငါ့အချစ်တွေကို အရောင်မဆိုးလိုက်ပါနဲ့။ ငါ့အမေနာမည်ကို တိုင်တည်ပြီး ငါ ကျိန်ဆိုပါတယ်။ နင်ဟာ ငါ ကိုယ်တိုင် ပျိုးခဲ့တဲ့ ပန်းဖြစ်ပေမဲ့ ငါ့လက်တွေနဲ့ ခြွေချဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့ဘူးဆိုတာကိုပေါ့။ နင် စဉ်းစားကြည့်လိုက်ပါ။ တိမ်တွေ နေတဲ့ အရပ်မှာ အပြာရောင်အိပ်မက်တွေ မက်ဖို့ နင့်ဆီက ဆန္ဒမဲ ငါ တောင်းခံခဲ့ဖူးသလား။ တစ်သက်မှာ တစ်ခါ ၊ တစ်ခါမှာ တစ်ယောက်ဆိုတဲ့ အသိနဲ့ ငါဟာ ခေတ်လူငယ်တစ်ယောက် ဖြစ်ပေမဲ့ နင်နဲ့ ပတ်သက်သမျှ အရာရာကို ဖြူစင်ဖို့ ကြိုစားခဲ့တယ်ဆိုတာ နင် ယုံကြည်ပေးပါ ဝတ်ရည်ရယ်။ ငါ ဝန်ခံပါတယ်။ ငါဟာ လူအ,တစ်ယောက် မဟုတ်ပါဘူး။ အချစ်ကို အချစ်လို့ပဲ ထူပိန်းစွာ သိနားလည်ရလောက်တဲ့အထိ ငါဟာ ခေတ်ရဲ့အင်ဖော်မေးရှင်းတွေကို လိုက်မမီတဲ့သူ မဟုတ်ဘူး။ သစ္စာတရားတွေ ခိုင်မြဲဖို့ အရှင်လတ်လတ် အလွမ်းခြွေနေရုံနဲ့ မဖြစ်တော့ဘူး ဆိုတဲ့ စကား သူငယ်ချင်းတွေ ပြောပြလို့ ငါ နားရည်ဝနေပါပြီ။ သစ္စာတရားမှာ အလွမ်းတွေ မလိုဘူး ၊ နှောင်ကြိုးတွေပဲ လိုတယ်တဲ့။ အဲ့ဒီအဆိုကို သူငယ်ချင်းတွေရဲ့ရှေ့မှာ ငါ အရူးတစ်ယောက်လို ငြင်းဆန်ခဲ့ဖူးတာကိုတော့ ငါ့ကိုယ်ငါ သူကောင်းလုပ်ပြီး နင့်ကို မပြောပြချင်တော့ပါဘူး။ နင် ယုံကြည်တယ် မဟုတ်လား။ ချစ်သူ့သက်တမ်းနှစ်နှစ်အတွင်း နင် ငါ့ကို အနမ်းနှစ်ပွင့်တည်း လက်ဆောင် ပေးခဲ့တာကို ပြန်သတိရပြီး နင် ယုံကြည်တယ် မဟုတ်လား ဝတ်ရည်။ နှစ်ပွင့်တည်းသော အနမ်းဖြစ်ပေမဲ့လည်း စောဒက မတက်ခဲ့ဖူးတဲ့ ငါ့ကို နင် ယုံကြည်သေးတယ် မဟုတ်လား။ ငါ ယုံကြည်နေပါတယ် ဝတ်ရည်။ အဲ့ဒီနေ့ကသာ တိတ်ဆိတ်ငြိမ်သက်နေတဲ့ အခန်းတစ်ခုထဲ ငါတို့ ရောက်မနေခဲ့ဘူးဆိုရင် … အပြင်မှာ မိုးတွေ သည်းသည်းထန် ရွာသွန်းမနေခဲ့ဘူးဆိုရင် … အခန်းအတွင်း ဆွတ်ပျံ့ဖွယ် တေးသွား ပျံ့လွင့်မနေခဲ့ဘူးဆိုရင်ပေါ့လေ။ ရင်ခုန်သံနှစ်ခုဟာ အကြီးကျယ်ဆုံး ပေါက်ကွဲထွက်သွားဖို့ အကြောင်းတရားတွေ လုံလောက်မနေဘူးဆိုတာ ငါ ယုံကြည်နေတယ်။ ငါ မှားသွားသလား ဝတ်ရည်။ တဝေါဝေါ ရွာနေတဲ့ မိုးနဲ့အတူ ငါ့ရင်ခုန်သံတွေ တအိအိ ပြိုဆင်းသွားခဲ့မိတာ ငါ မှားသွားသလား။ ဆူညံနေတဲ့ ရင်ခုန်သံမှာ ရင်ထဲက မှန်တယ် မှားတယ်ဆိုတဲ့ အသံကို ငါ မကြားနာနိုင်ခဲ့။ နူးညံ့ညံ့ အနမ်းတစ်ပွင့်အောက် ငါ့ခံစားချက်တွေ အခမ်းနားဆုံး လောင်ကျွမ်းနေခဲ့တယ်။ အနမ်းဟာ ဝိုင်တစ်ခွက်ပဲ။ ငါ ယစ်မူးခဲ့တယ်။ အနမ်းဟာ ဆောင်းလေပြေညင်း။ ငါ့လက်ဖျားတွေ ရေခဲတုံးလို အေးစက်ခဲ့တယ်။ အနမ်းဟာ ထောင်ချောက်ကျော့ကွင်း။ ငါ ရုန်းထွက်မနိုင်ခဲ့ဘူး။ ဒါပေမဲ့ နင့်ရဲ့ အေးစက်နေတဲ့ နီထွေးထွေး လက်ကလေးကတော့ ဆောင်းညအိပ်မက် ဖြစ်တယ်။ ငါ့ကို တစ္ဆေတစ်ကောင်လို ခြောက်လှန့်နေတယ်။ ဒါပေမဲ့ ဘာကြောင့်မှန်း မသိဘူး။ ငါ မကြောက်တတ်ခဲ့ဘူး ဝတ်ရည်။ ငါ့ရင်ခုန်သံကိုပဲ အနက်ရှိုင်းဆုံး တူးဖော်နေမိတယ်။ ငါ့အာရုံထဲ ငါ့အတွေးတွေထဲ ဘာဆိုဘာမှ မသိတော့။ ဗလာကျင်းနေတယ်။ မျက်လုံးတွေ ဝေဝါးနေပြီးတော့ နားတွေ အူထွက်နေတယ်။ အချစ်မှာ အဆိပ်သင့်တယ်ဆိုတာ ဒါလား။ ငါ ရူးမိုက်နေဆဲပဲ။ အပြာရောင်အိပ်မက်တွေ မက်ဖို့ တစ်စက္ကန့်အလို။ နင့်ရင်ညွှန့်အထက်က အဝါရောင်ကြယ်သီးလေး လွတ်အထွက် ငါ့ပါးပြင်မှာ စူးရှတဲ့ နာကျင်မှုတစ်ခုကို ခံစားလိုက်ရတယ်။ ဖြန်း ဆိုတဲ့ အသံက တိတ်ဆိတ်နေတဲ့ အခန်းထဲ ကျယ်လောင်စွာ မြည်ဟီးသွားတယ်။ မိန်းမပျိုတစ်ယောက်ရဲ့ ခွန်အားက ဒီလောက်တောင် သန်စွမ်းသလား။ ငါ ကြမ်းပြင်ပေါ်ကို ငိုက်ခနဲ လဲပြိုသွားတယ်။ ဆတ်ခနဲ မော့အကြည့် နင့်မျက်ဝန်းမှာ လဲ့ဝိုင်းနေတဲ့ မျက်ရည်ကြည်တွေ ၊ နင့်ပါးပြင်ပေါ်က အရိုင်းဆန်ဆန် ပန်းနုရောင်အစွန်းအထင်း ၊ ငါ့ပါးပြင်ကို ရိုက်လိုက်ရလို့ ရဲရဲနီသွားတဲ့ နင့်လက်ဖဝါးနုနုလေး ၊ နောက်ပြီး နင့်ရဲ့အကျီကနေ လွတ်ထွက်နေတဲ့ အဝါရောင်ကြယ်သီးလေးကို မြင်လိုက်ရတဲ့ အခိုက်တန့် ငါ့မျက်ဝန်းမှာ မျက်ရည်တွေ တာကျိုးတယ်။ နင် အခန်းထဲက ပြေးထွက်သွားခဲ့တဲ့နောက် နင့်ခြေဖဝါးရာလေးတွေကို လိုက်ကောက်ဖို့ ကြိုးစားပေမဲ့လည်း ငါ့ခြေထောက်တွေ လေးတွဲနေခဲ့တယ်။ ငါ မှားသွားသလား ဝတ်ရည်။ ဒီအမှတ်တမဲ့မှာ ငါ မှားသွားခဲ့သလား။ ငါ မသိတော့ဘူး ဝတ်ရည်ရယ်။ နွေ … မိုး … ဆောင်း အမှတ်တမဲ့တွေ အမှတ်တရ ဖြစ်သွားတယ်။ မိုးရေထဲ ပြေးထွက်သွားတဲ့ နင့်ခြေဖဝါးလေး ငါ့ဘဝထဲကို တစ်ခေါက်တစ်ခါတောင် ပြန်ဝင်မလာခဲ့ဘူးနော်။ နင့်ရဲ့နာကျည်းစိတ်က အဲ့ဒီလောက်တောင် ပြင်းထန်သလား။ ရပါတယ်။ ငါ နားလည်ပါတယ်။ အမှန်ပြင်ဆင်ခွင့် မရှိခဲ့တဲ့ ငါရဲ့ကြက်ခြေခတ်တစ်ခုအတွက် ငါ့နောင်တတွေ သေတဲ့အထိ ရဲရဲနီပေးပါ့မယ် ဝတ်ရည်ရေ။ နောင်တဆိုတာ မမှားသင့်တဲ့ အမှားတစ်ခုတဲ့။ ဘာပဲဖြစ်ဖြစ် ငါ ကျေနပ်တယ် ဝတ်ရည်။ ဘာဖြစ်လို့လဲဆိုတော့ အနက်ရှိုင်းဆုံး ငါ မှားယွင်းနေတဲ့ အချိန်မှာ အလေးနက်ဆုံး နင် မှန်ကန်နေခဲ့တယ်လေ။ ဟုတ်တယ် … နင် အမှန်ကန်ဆုံး မှန်ကန်ခဲ့တယ်။ ငါ့ပါးပြင်ကို ရဲရဲနီသွားစေတဲ့အတွက် နင် မှန်တယ်။ ယောက်ျားတစ်ယောက်ရဲ့မျက်ရည်တွေ တာကျိုးသွားစေတဲ့အတွက်လည်း နင် မှန်တယ်။ မှန်တယ် မှန်တယ် မှန်တယ်။ နင်ဟာ ငါ့အတွက် အမှန်တရားတစ်ခုပါပဲ ဝတ်ရည်။ ငါကတော့ နင့်အတွက် ကြက်ခြေခတ် တစ်ခုပေါ့။ ဘာပဲဖြစ်ဖြစ် အမှတ်တရတစ်ခုမှာ ကျကွဲသွားတဲ့ ငါ့နှလုံးသားကတော့ တစ်ကျော့ပြန် ဝင်ရောက်လာမဲ့ နင့်ခြေဖဝါးရာလေးကို တမ်းတမျှော်လင့်နေဆဲဆိုတာ အခွင့်ရှိရင် နှစ်ကိုယ်ကြား ပြောပြချင်ပါတယ်။ အခု ငါ့နှလုံးသားရဲ့အသံကိုတော့ နင် ရောက်ရာအရပ်က ကြားနိုင်ပါစေ။ “ ငါလေ … နင့်ကို ချစ်နေတုန်းပဲ ဝတ်ရည် ” R R R အောင်ရေ … ရှင်သန်ခဲ့ရတဲ့ ရက်စွဲပေါင်းများစွဲထဲက မထင်မှတ်ထားခဲ့တဲ့ ရက်စွဲလေးတစ်ခုကြောင့် ငါတို့နှစ်ယောက် ဝေးခဲ့ရလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး။ ချစ်သူတွေအတွက် တစ်ရက်လေး ဝေးရင်တောင် တစ်ကမ္ဘာခြားတယ်လို့ ထင်ခဲ့ဖူးတဲ့ နင်နဲ့ငါ … အခုဆို ဝေးခဲ့ကြတာ ရက်ပေါင်း ဘယ်လောက်များတောင် ရှိပြီလဲ။ ငါလေ အဲ့ဒီရက်စွဲလေးကို မြင်တိုင်း ပြက္ခဒိန်မှာ အနီရောင်ကြက်ခြေခတ်တစ်ခု ခတ်မိတယ်။ ငါ့အတွက် အဲ့ဒီနေ့ဟာ အမှားတစ်ခု ကြုံခဲ့ရတာ ဖြစ်သလို မေ့မရနိုင်တဲ့ နေ့တစ်နေ့လည်း ဖြစ်ခဲ့တာမို့ ကြက်ခြေတ်ကို ငါ သတ္တိရှိရှိ ခတ်မိတယ်။ နေ့တွေသာ တရွေ့ရွေ့ ကုန်သွားတယ်။ ငါ နင့်ကို တစ်ရက်မှ မေ့မရခဲ့ပါဘူး အောင်။ မှတ်မိသေးတယ်။
မိုးသည်းထန်တဲ့ နေ့တစ်နေ့။ ငြိမ့်ညောင်းလှတဲ့ တေးသံစဉ်။ ပြီးတော့ အချစ်စိတ်တွေ ပြည့်ရွှန်းနေခဲ့တဲ့ နင့်ရဲ့ မျက်ဝန်းအစုံကိုပေါ့။ အောင်ရယ် … မိန်းကလေးတွေဟာ ပန်းပွင့်လေးတွေနဲ့ တူတယ်တဲ့။ မြင့်လွန်းတဲ့ပန်းဟာ ခူးမဲ့လူမရှိလို့ အချိန်ကြာတော့ နွမ်းသွားရတတ်တယ်။ နိမ့်လွန်းတဲ့ ပန်းကျတော့လည်း လူတိုင်း ခူးနိုင်တော့ အကြွေစောရတယ်။ ငါဟာ ပန်းပွင့်လေးတွေထဲက ပန်းပွင့်လေးတစ်ပွင့်ပါ အောင်။ ဒါပေမဲ့ အပင်ပေါ်မှာပဲ စံနေချင်ခဲ့တဲ့ ပန်းတစ်ပွင့်လည်း မဟုတ်သလို ငုံစဖူးစမှာ အခူးခံလိုက်ရတဲ့ ပန်းတစ်ပွင့်လည်း မဖြစ်ချင်ဘူး။ ငါ့ကို အတ္တကြီးတယ်လို့တော့ မဆိုလိုက်ပါနဲ့ အောင်။ ဒါဟာ မိန်းမသားတစ်ယောက်ရဲ့ ရင်တွင်းက မာနအသေးအမွှားလေးတစ်ခုဆိုတာကို နင် နားလည်ပေးနိုင်လိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်။ ငါ နင့်ကို နားလည်ပါတယ် အောင်။ နှစ်နှစ်တာကာလအတွင်း ငါ့အပေါ် အခွင့်အရေး ပိုမယူခဲ့တဲ့အတွက်လည်း ကျေးဇူးလည်း တင်မိတယ်။ နင်ဟာ ငါ မြင်တွေ့ဖူးခဲ့တဲ့ တချို့တချို့ ခပ်ချာချာ ယောက်ျားတွေလိုမျိုး တားမြစ်ထားတဲ့ စည်းတွေကို မကျော်ဖြတ်တတ်တဲ့ သူ မဟုတ်ဘူးဆိုတာကို ငါ သိပါတယ်။ အဲ့ဒီအတွက် ငါ နင့်ကို အတိုင်းထက်အလွန် အထင်ကြီးလေးစားမိတယ်။ ခက်တာပဲ အောင်။ တစ်ခုခုဆို အစွဲကြီးတတ်တဲ့ ငါ့စိတ်က ရှေးရိုးဆန်တယ်ပဲ ပြောပြော လူသားတိုင်း မဖြစ်သင့်ဘူးလို့ လက်ခံ ထားခဲ့တဲ့ အရာကိုမှ နင်က ချက်ချင်းကြီး ကျူးလွန်လိုက်တော့ ငါ တော်တော် အံ့သြသွားတယ်။ ငါ အထင်ကြီးလေးစားရတဲ့ ငါ့ချစ်သူက ဒီလိုပါလားလို့ လက်ခံမိလိုက်ချိန်မှာ စိတ်လည်း တိုမိတယ်။ ရှက်လည်း ရှက်မိတယ် အောင်။ အို ကုန်ကုန်ပြောရရင် အဲ့ဒီအခိုက်တန့်မှာ နင့်ကိုရော ငါ့ကိုယ်ငါပါ စက်ဆုပ်ရွံရှာသွားမိတယ်။ အဲ့ဒီနေ့က နင် နေတဲ့ အဆောင်လေးဆီ မလာဖြစ်ခဲ့ရင် ကောင်းမှာပဲ အောင်။ မိုးတွေကလည်း ငါ နင့်ဆီ မရောက်ခင်မှာ ရွာချ လိုက်တာ မဟုတ်ဘူး။ အဲ့ဒီနေ့က ငါ နင့်ဆီ ရောက်လာခဲ့မိလို့ ငါတို့နှစ်ယောက် တစ်သက်လုံး ဝေးရမယ်ဆိုတာ ကြိုသိခဲ့ရင် ငါ လာခဲ့မှာ မဟုတ်ဘူး အောင်။ ကံကြမ္မာဆိုတာကလည်း ကြိုမြင်နိုင်တဲ့ အရာ မဟုတ်တော့လည်း ငါ ဘာမှမတတ်နိုင်ခဲ့ဘူးလေ။ အဲ့ဒီနေ့က မိုးတွေက ဘာလို့ သည်းသည်းမည်းမည်း ရွာနေရတာလဲ။ မိုးတွေသာ မရွာဖြစ်ခဲ့ရင် ကောင်းမယ်။ နင့်ကရော ဘာလို့ မိုးအေးအေးမှာ သီချင်းတွေ ဖွင့်ထားရတာလဲ။ ရင်ခုန်တိမ်းညွှတ်ဖွယ် အဲ့ဒီသီချင်းကို မဖွင့်ဖြစ်ခဲ့ရင် ကောင်းမယ်။ အထူးသဖြင့် သီချင်းရဲ့ စာသားက “ မင်း မချစ်ခင် ငါ့ကို ဘယ်သူမှ မချစ်စေရဘူး ၊ မင်း မသိခင် ငါ့အကြောင်း ဘယ်သူမှ မသိစေရပါဘူး ၊ မင်း မထိတွေ့ခင် ငါ့ကို ဘယ်သူမှ မထိတွေ့စေရဘူး ” ဆိုတဲ့ စာသားတွေ မဖြစ်နေရင် ပိုကောင်းလိမ့်မယ် အောင်။ အခုတော့ သီချင်းသံငြိမ့်ငြိမ့်လေးမှာ ၊ နင်နဲ့ငါ နှစ်ယောက်တည်း ရှိနေတဲ့ တိတ်တဆိတ် အခန်းငယ်လေးထဲမှာ … အောင်ရယ် … ငါ တကယ်ကို မထင်ခဲ့မိဘူး။ မျက်ဝန်းတွေထဲက အရိပ်အရောင်တွေရဲ့ အဓိပ္ပါယ်ကို ငါ ကြိုပြီးသိနိုင်ဖတ်နိုင်ခဲ့ရင် ကောင်းမယ်။ နတ်ဆိုးတွေရဲ့လှုံ့ဆော်မှုကို နင် ဘာလို့ မတွန်းလှန်နိုင်ခဲ့ရတာလဲ။ အောင် … လူဆိုတာ အသိစိတ်ကင်းမဲ့ရင် ဘာအမှန် တရားကိုမှ မမြင်နိုင်တော့ဘူးဆိုတာ ဟုတ်သလား။ နင့်အနမ်းတွေကို ငါ မုန်းတယ် အောင်။ ငါ့ကို တိမ်တွေ နေတဲ့ အရပ်ဆီ ခေါ်သွားခဲ့တဲ့ နင့်အနမ်းတွေကို ငါ အရမ်းမုန်းတယ်။ ငါ ယုံတောင် မယုံနိုင်ပါဘူး။ ငါ အထင်ကြီးလေးစားပြီး မြတ်နိုးရတဲ့ ချစ်သူက ငါ အရမ်းရွံမုန်းတဲ့ လုပ်ရပ်ကို လုပ်ရက်ခဲ့လိမ့်မယ် လို့။ ငါ့အကျီကြယ်သီးလေး ကြမ်းပြင်ပေါ် လွင့်စင်သွားတယ်။ အဲ့ဒီအခိုက်တန့် ငါ့ရဲ့မျက်လုံးတွေ ဝေဝါးကုန်တယ်။ ဆောရီး အောင်။ ငါ နင့်ကို မနာကျင်စေချင်ပါဘူး။ ရဲတွတ်သွားတဲ့ နင့်ရဲ့ပါးပြင်လေးကို ကြည့်ရင်း ငါလေ ငါ့ကိုယ်ငါ သတ်ပစ်ချင်မိလောက်အောင် မုန်းမိတယ် အောင်ရယ်။ ရုတ်တရက် အားကုန်သုံးပြီး ရိုက်ချလိုက်မိတဲ့ ကိုယ့်လက်ကို ကိုယ် အံ့သြလွန်းလို့ ငါ နောင်တလည်း ရမိတယ်။ အဲ့ဒီနေ့က မှင်တက်ဆွံအသွားတဲ့ နင့်ပုံရိပ်တွေ ၊ တစ်ချောင်းချင်း စီးကျလာတဲ့ နင့်မျက်ရည်တွေ အခုထက်ထိ ငါ့နှလုံးသားထဲက မထွက်သေးဘူး။မိန်းမသားတစ်ယောက်ရဲ့ အရှက်တရား ၊ သိက္ခာ ၊ ပြီးတော့ မြတ်နိုးခြင်းတွေ လွင့်စင်သွားတဲ့ ကြယ်သီးလေးမှာ ပါသွားခဲ့ပြီ။ ငါ နင့်ကို အထင်ကြီးထားတာတွေ လေးစားထားတာတွေ အကုန်လုံး မိုးရေတွေနဲ့အတူ မျောပါသွားခဲ့ပြီ။ အဲ့ဒီအခိုက်တန့်လေးမှာပေါ့ … ငါသာ မိုက်ရူးရဲဆန်ခဲ့ရင် ဆိတ်ကွယ်ရာမှာ ငါ ချစ်ရတဲ့သူက ငါ့ကို အပြာရောင်အိပ်မက်တွေ မက်စေတော့မှာ။ ငါလေ အတွေးထဲမှာတင် မွန်းကြပ်နေတယ်။ တစ်ဖက်က မိန်းမသားမာန ၊ တစ်ဖက်က ကိုယ် ချစ်ရတဲ့သူ။ အို … အောင်ရယ် … ငါက နှလုံးသားရော ဦးနှောက်ပါ နာကျင်ရတာပါ။ ဒါပေမဲ့ အဲ့ဒီခဏမှာ ငါသာ နင့်ကို မနာကျင်စေခဲ့ဘူးဆိုရင် ငါ ရင်းလိုက်ရမှာက တစ်ဘဝစာပါ အောင်။ ရူးမိုက်ဖို့ ငါ့မှာ သတ္တိတွေ အလုံအလောက် မရှိဘူး။ လူတချို့ မိုးခါးရေ သောက်တိုင်း လိုက်သောက်ရအောင် ငါတို့က အရူးတွေမှ မဟုတ်တာဘဲ။ တကယ်တော့ တိတ်ဆိတ်ငြိမ်သက်တဲ့ အရပ်မှာ သွေးသားဆန့်ကျင်ဘက် လူသားနှစ်ယောက်ကို အတူတူ ရှိနေစေခဲ့တဲ့ ကံကြမ္မာကိုက မှားနေတာပါ။ နင် ဘယ်လောက် ရိုးသားဖြူစင်အောင် နေထိုင်ခဲ့လဲ ငါ အသိဆုံး။ ငါ နင့်ကို အဲ့ဒီလိုပဲ ယုံကြည်ပေးထားခဲ့တယ်။ တစ်ချိန်ကျရင် ငါတို့က တွဲလက်တွေ မြဲကြမဲ့သူတွေပဲဆိုတာ သိထားပေမဲ့လည်း အဲ့ဒီအခိုက်တန့်မှာ အမှားတစ်ခု ကျူးလွန်လိုက်တာကိုတော့ အတ္တကြီးတယ်ပဲ ပြောပြော ငါ နင့်ကို ခွင့်မလွှတ်နိုင်ဘူး အောင်။ အဲ့ဒါကြောင့် နင့်အနားကနေ ငါ အဝေးဆုံးကို ပြေးထွက်ခဲ့မိတယ်။ နာကျင်ရလွန်းလို့ … နာကျည်းရလွန်းလို့ … ပြီးတော့ နင့်ကို ငါ ချစ်လွန်းလို့။ ကြက်ခြေခတ်တစ်ခုကို ငါကိုယ်တိုင်လည်း မခြစ်ချင်သလို နင့်ကိုလည်း မခြစ်စေချင်ဘူးလေ။ ပြေးထွက်လာခဲ့တဲ့ ငါဟာ ခန္ဓာကိုယ်ကြီးသာ ပြေးထွက်လာခဲ့ပေမဲ့ ငါ့အသိစိတ်တွေကတော့ နင့်ဆီမှာ ကျန်ရစ်ခဲ့တယ်ဆိုတာကို နင် သိနိုင်ပါ့မလား။ ယောက်ျား တစ်ယောက်ကို တစ်ချိန်တည်းမှာ ချစ်မြတ်နိုးမိပြီး တစ်ချိန်တည်းမှာပဲ ရှက်ရွံ့နာကျည်းသွားမိတယ်ဆိုရင် အဲ့ဒါဟာ ငါ့ရဲ့သိက္ခာအတွက် အဖက်ဆယ်လိုက်တာပဲ ဖြစ်မှာပါ အောင်။ ငါဟာ အဖြူသန့်သန့် မဟုတ်ဘူးဆိုရင်တောင် အပြာရင့်ရင့် လူတစ်ယောက်တော့ မဖြစ်ချင်ခဲ့တာ အမှန်ပါ။ အခိုက်တန့်လေးပါပဲ။ တကယ့်ကို အခိုက်တန့်လေး။ အဲ့ဒီအချိန်ခဏလေးမှာပဲ ငါတို့တွေ ဝေးခဲ့ကြတာပေါ့ အောင်ရယ်။ ငါလည်း လူပဲ။ ရာနှုန်းပြည့်တော့ ဘယ်ဖြူစင်ပါ့မလဲ။ ဒါပေမဲ့ နင့်ကို ငါ အခုချိန်ထိ မေ့ပစ်လိုက်လို့ မရသေးဘူးဆိုရင်တောင် နင့်ဆီ ပြန်လာခဲ့ဖို့ ငါ့ ခြေလှမ်းတွေ မလှမ်းဝံ့သေးဘူး။ နင် ရိုက်ချိုးပစ်လိုက်တဲ့ ငါ့ယုံကြည်မှုတွေကို ငါ ဆက်ကြောင်းရာမဲ့အောင် ဆက်ရဦးမယ် အောင်။ ငါလေ အခု နင်နဲ့ အရမ်းတွေ့ချင်မိတယ် သိလား။ ဒါပေမဲ့ ကြယ်သီးလေးတစ်လုံး မရှိတော့တဲ့ အကျီအဝါလေးကို ကြည့်မိတိုင်း ငါ ငိုကြွေးမိနေတုန်းပဲ။ ငါ နင့်ကို လွမ်းမိနေတုန်းပါပဲ အောင်ရယ်။ အရှက်အကြောက် ဆိုတာထက် သိက္ခာတရားအပေါ် သစ္စာရှိချင်တဲ့ မိန်းကလေးတစ်ယောက်ကို နင်ကပဲ နားလည်ပေးပါဦး အောင်။ အစွဲအလန်း ကြီးတယ်ပဲပြောပြော တယူသန်တယ်ပဲပြောပြော အချိန်တွေ ကြာခဲ့ပေမဲ့လည်း အတိတ်ဟာ မနေ့တစ်နေ့ကလို ဖြစ်နေတုန်းမို့ ငါ့နှလုံးသားရဲ့ဆန္ဒတွေကို ချိုးနှိမ်ထားလိုက်ပါတယ်။ တကယ်လို့များ အခွင့်အရေးဆိုတာ ရှိဦးမယ်ဆိုရင်ပေါ့ ဂုဏ်သိက္ခာကို တန်ဖိုးထားတတ်တဲ့ မိန်းကလေးတစ်ယောက်ဟာ နင့်ကို ချစ်နေသေးတယ် ဆိုတဲ့အကြောင်း ပြောပြချင်ပါသေးတယ်။ တကယ်ပါ အောင်ရယ် … “ ငါလေ နင့်ကို ချစ်နေတုန်းပဲ အောင် ” R R R နွေလ ၊ သုတေးစစ် P.S - ကဗျာတွေမှာ ဒီလို နှစ်ယောက်ပေါင်း စပ်တူရေးကျတာမျိုးတွေ တွေ့ဖူးတယ်။ အများဆုံး ငါးယောက် ၊ ခြောက်ယောက်အထိတောင် တွေ့ဖူးပါတယ်။ အခုလို ဝတ္ထုကို နှစ်ယောက်ပေါင်းပြီး ရေးတာကိုတော့ တွေ့တော့ တွေးဖူးတယ်။ ဒါပေမဲ့ ရှားတယ်လို့ ဆိုရမယ်။ အခုလို ရေးဖြစ်သွားတာကတော့ ကဗျာတွေ နှစ်ယောက်ပေါင်း ရေးတာ သုံးယောက်ပေါင်း ရေးတာတွေကို ကြည့်ပြီး အားကျပြီး သူငယ်ချင်းနှစ်ယောက် တိုင်ပင်ပြီး စတန့်ထွင်ရေးလိုက်ခြင်းပါ။ 

+ နွေလ+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)