ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, March 6, 2015

==လူထုကျန်းမာရေး(ရေသန့်ဘူးတွေက တကယ်သန့်ရဲ့လား)==

>
**Public Health**

 လူသားတို့နှင့်တကွ ဇီဝမျိုးစုံမျိုးကွဲတို့ ရှင်သန်ရပ်တည် နေထိုင်လျက်ရှိကြသော ကမ္ဘာကြီး၏ ၇ဝ ရာခိုင်နှုန်းကို ရေထုကဖုံးလွှမ်းထားလျက်ရှိသည်။ သို့ရာတွင် ဤမျှများပြား လှသော ရေထုကြီးထဲ၌ ကမ္ဘာကြီးစိမ်းလန်းစိုပြည်ပြီး သာယာဝပြောခဲ့စဉ်တုန်းကပင်လျှင် လူတို့သောက်သုံး နိုင်သောရေမှာ ၃ ရာခိုင်နှုန်းခန့်သာရှိနေခဲ့သည်။ စက်မှုလုပ်ငန်းများ မတိုးတက် မထွန်းကားသေးစဉ် အချိန်က ရေတွင်းရေကန်များထဲက ရေကို လူတို့က အန္တရာယ်ကင်းစွာဖြင့် သောက်သုံးနိုင်ခဲ့ကြသလို၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်များထဲကရေကို လူတို့က ရေချိုးရန်၊ လျှော်ဖွပ်ရန်၊ ဆေးကြောရန်၊ အပင်များစိုက်ပျိုးရန်အတွက် အသုံးပြုနိုင်ခဲ့ကြသည်။

ယနေ့ကမ္ဘာပေါ်တွင် စက်မှုကုန်ထုတ်လုပ်ငန်းများ ကြီးထွားလာနေခြင်းကြောင့် ရေထုညစ်ညမ်းမှုများဖြစ် နေရသလို၊ တစ်ဖက်တွင်လည်း လူတို့၏မဆင်မခြင်လုပ်ရပ် များကြောင့် သောက်သုံးနိုင်သော ရေအရင်းအမြစ်များစွာ ဆုံးရှုံးလျက်ရှိနေသည်။ အလားတူပင် စီးပွားဖြစ်စိုက်ပျိုး ရေးလုပ်ကိုင်ခြင်း၊ အသားတိုးမွေးမြူရေးလုပ်ငန်း လုပ်ကိုင် ခြင်း၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်း၊ ရေဆိုးရေညစ်များကို မြစ်၊ ချောင်း၊ အင်း၊ အိုင်များအတွင်းသို့ စီးဝင်စေခြင်း စသည်တို့ကြောင့်လည်း သောက်သုံးနိုင်သော ရေအရင်း အမြစ်များစွာကို ထိခိုက်ပျက်စီးစေလျက်ရှိသည်။ ကမ္ဘာ့လူဦးရေသည် တစ်နေ့တခြားသိသာစွာတိုးပွား လာလျက်ရှိသော်လည်း ကမ္ဘာပေါ်ရှိ သောက်သုံးရေပမာဏ ကမူ တိုးလည်းမတိုး၊ လျော့လည်းလျော့မသွားပေ။ ကမ္ဘာ့ လူဦးရေသည် ၁၉ဝဝ ပြည့်နှစ်က သန်းပေါင်း ၁၆ဝဝ မျှသာရှိခဲ့ရာမှ မျက်မှောက်ကာလတွင် သန်းပေါင်း ၇ဝဝဝ ကျော်အထိ တိုးပွားများပြားလာခဲ့သည်။ သက္ကရာဇ် ၂ဝဝဝ ပြည့်နှစ်မှစ၍ တစ်နှစ်လျှင် သန်း ၈ဝ နှုန်းဖြင့် တိုးပွားလာ နေသော ကမ္ဘာ့လူဦးရေသည် ၂ဝ၅ဝ ပြည့်နှစ်တွင် သန်းပေါင်း ၉၃ဝဝ ကျော်ရှိလာမည်ဟု ခန့်မှန်းထားသည်။ တိုးတက်လာသော ကမ္ဘာ့လူဦးရေကြောင့် လွန်ခဲ့သော ရာစုနှစ်ဝက်ကာလအတွင်း၌ သောက်သုံးရေသုံးစွဲမှု ပမာဏမှာသုံးဆအထိ မြင့်တက်ခဲ့သည်။ ကမ္ဘာ့သောက်သုံး ရေပမာဏသည် တိုးလာခြင်းမရှိသည့်အ တွက် လူတစ်ဦး ချင်းစီအဖို့ရနိုင်သောရေပမာဏမှာ လျော့ကျလာနေပြီ ဖြစ်သည်။

 ဤသို့ လူတစ်ဦးချင်းစီအတွက်ရနိုင်သော ရေပမာဏလျော့ကျလာနေချိန်တွင် စက်မှုကုန်ထုတ်လုပ် ငန်းများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကြောင့် သန့်ရှင်းစင်ကြယ်သော ရေအရင်းအမြစ်များစွာမှာ ဆိုးဆိုး ရွားရွား ပျက်စီးလျက်ရှိနေသည်။ သံမဏိထုတ်လုပ်ရေးလုပ်ငန်း၊ အလူမီနီယမ်ထုတ်လုပ် ရေးလုပ်ငန်းစသည်တို့မှ ထွက်ရှိလာသော အမိုးနီးယား ဓာတ်ကြွင်းများပျော်ဝင်နေသည့် ရေဆိုးရေညစ်များသည် ရေနေသတ္တဝါများကို အစုလိုက်၊ အပြုံလိုက်သေကျေစေ လျက်ရှိသလို၊ လူတို့သောက်သုံးနိုင်သော ရေများကိုလည်း ပျက်စီးစေလျက်ရှိသည်။ အလားတူပင် စိုက်ပျိုးရေးလုပ်ငန်း နှင့်မွေးမြူရေးလုပ်ငန်းများ၌ အသုံးပြုနေကြသည့် ဓာတု ဗေဒပစ္စည်းများကြောင့်လည်း သန့်ရှင်းစင်ကြယ်သည့် မြေ အောက်ရေများကို ကျယ်ကျယ်ပြန့်ပြန့်ပျက်စီးစေလျက် ရှိသည်။ ကမ္ဘာ့လူဦးရေအများစုမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိနေကြသည့်အတွက် အထွက် နှုန်းကောင်းစေရန် ပိုးသတ်ဆေးများ၊ အသားတိုးဆေးများ၊ ဓာတုဗေဒနည်းဖြင့် စီရင်ထားသော မွေးမြူရေးအစားအစာများကိုနေ့စဉ်တန်ချိန်ပေါင်းများစွာ အသုံးပြုလျက်ရှိနေကြ သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ပိုးသတ်ဆေးအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၃ဝဝဝ ခန့် သုံးစွဲလျက်ရှိနေကြ သောကြောင့် ဤမျှပမာဏများပြားလှသော ပိုးသတ်ဆေး တန်ချိန်ပေါင်းများစွာတို့သည် ကမ္ဘာ့မြေလွှာအတွင်းသို့ စိမ့်ဝင်ရောက်ရှိကာ မြေအောက်ရေများအတွင်း၌ပါ ပျော်ဝင် လျက်ရှိနေသည်။ ပိုးသတ်ဆေးဓာတ်ကြွင်းများပျော်ဝင်နေသော ရေသည် ကျောက်ကပ်၏ခံနိုင်ရည်စနစ်နှင့် ဗဟိုနာ့ဗ်ကြောတို့ကို ပြင်းထန်စွာ ထိခိုက်စေသည့်အပြင်၊ ကင်ဆာရောဂါများကို လည်းဖြစ်ပွားလာနိုင်ကြောင်း သုတေသနပြုတွေ့ရှိရသည်။

ထို့ကြောင့်ပင်လျှင် မြေအောက်ရေကိုတူးဖော် ရယူသုံးစွဲကြ ရာ၌ပိုးသတ်ဆေးပျော်ဝင်နေမှု ကင်းစင်သောရေမျိုးကိုသာ ရယူသုံးစွဲကြရန် အလွန်အရေးကြီးသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ခေတ်မီနည်းစနစ်များသုံး၍ သောက်ရေသန့်များကို သန့်စင်ထုတ်လုပ်ရောင်းချလျက်ရှိ နေကြသော်လည်း၊ သောက်ရေသန့်အများစုတွင် ပိုးသတ် ဆေးဓာတ်ကြွင်းများ ပျော်ဝင်လျက်ရှိနေသည်ကို သိပ္ပံ သုတေသီတို့က တွေ့ရှိခဲ့ကြသည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ၌ ထုတ်လုပ်ရောင်းချလျက် ရှိနေသော သောက်ရေ သန့်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းများ ပါဝင်နေသည်ကို ဖော်ထုတ်တွေ့ရှိနေရသဖြင့် ကျန်းမာရေးအတွက် ရင်လေး စရာဖြစ်နေတော့သည်။ မွေးမြူရေးလုပ်ငန်းများ၌ သုံးစွဲလျက်ရှိနေကြသော ဓာတုဗေဒနည်းဖြင့် စီရင်ထားသည့် အသားတိုးဆေးများ၊ မွေးမြူရေးတိရစ္ဆာန်အစားအစာများ၏ ဓာတ်ကြွင်းပစ္စည်း များသည်လည်း စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးဓာတ် ကြွင်းများကဲ့သို့ပင် မွေးမြူရေးခြံများမှတစ်ဆင့် မြေလွှာ အောက်ပိုင်းသို့စိမ့် ဝင်ပြီး မြေအောက်ရေများထဲ၌ ပျော်ဝင် လျက်ရှိနေကြသည်။ 

ဤတွင် ကမ္ဘာပေါ်ရှိ လူသားအားလုံး သက်ရှည်ကျန်းမာ စွာ နေထိုင်သွားနိုင်ရေးအ တွက် သန့်ရှင်းစင်ကြယ်သော သောက်သုံးရေများ ရရှိရေးသည် အလွန်အရေးကြီးသော ကိစ္စတစ်ရပ် ဖြစ်လာတော့သည်။ စိတ်ချလက်ချသောက်သုံး နိုင်သော သန့်ရှင်းစင်ကြယ်သည့်ရေဆိုသည်မှာ အရောင်၊ အနံ့၊ အရသာမရှိခြင်း၊ ရောဂါဖြစ်စေသော ပိုးမွှားများ ကင်းစင်ခြင်း၊ အန္တရာယ်ရှိနိုင်သော ဓာတုပစ္စည်းများ ကင်းစင် ခြင်း စသည့်အချက်များနှင့် ကိုက်ညီပြည့်စုံရမည်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ ဒေသနိုင်ငံများအနက် အချို့သော ဒေသ များတွင် သန့်ရှင်းစင်ကြယ်သောရေမျိုးကို ကြားဖူးရုံမျှ သာရှိပြီး လက်တွေ့အားဖြင့်မမြင်ဖူး၊ မသောက်ဖူးကြပေ။ ကမ္ဘာ့လူဦးရေ၏ ခုနစ်ပုံတစ်ပုံနီးပါးခန့်ဖြစ်သော လူဦးရေ သန်း ၁၁ဝဝ သည် သန့်ရှင်းစင်ကြယ်သောရေကို မသောက် ကြရပေ။ ယင်းတို့အနက် တစ်နှစ်လျှင် လူသန်းပေါင်း ၅၇ဝ သည် မသန့်ရှင်းသောရေကိုသောက်သုံး မိခြင်းကြောင့် ဆက် နွှယ်ရရှိလာသော ရောဂါဝေဒနာများကို ခံစားနေကြရ သည်။ အဆိုပါဝေဒနာများကြောင့် ကမ္ဘာအရပ်ရပ်၌ သေဆုံးနေကြရသော လူဦးရေသည် စစ်ပွဲများကြောင့် သေဆုံးရသောလူဦးရေထက် ပိုမိုများပြားလျက်ရှိနေသည်။
သန့်ရှင်းစင်ကြယ်သောရေကို သောက်သုံးခွင့်မရကြ ရှာသော သူတို့၏ ဘဝနေထိုင်မှုအခက်အခဲကို ရေသန့်ဘူး သောက်သုံးနေကြသူများက ကိုယ်ချင်းစာနာမိကြမည် မဟုတ်ပေ။ တိုးပွားလာသောကမ္ဘာ့လူဦးရေနှင့် ပုံသေအတိုင်း သာရှိနေသော ရေအရင်းအမြစ်များကို အချိုးချကြည့်လျှင် ၁၉၇ဝ ပြည့်နှစ်က လူတစ်ဦးအတွက် တစ်နှစ်လျှင် ရေဂါလန် ၄၅ဝဝဝဝ ရရှိနိုင်ခဲ့သော်လည်း လာမည့်သက္ကရာဇ် ၂ဝ၅ဝ ပြည့်နှစ်အရောက်တွင် လူဦးရေအတွက် တစ်နှစ်လျှင် ရေဂါလန် ၁၂ဝဝဝဝ ခန့်သာ ရရှိနိုင်တော့မည်ဖြစ်သည်။ ယင်းသို့ရရှိနိုင်သော သောက်သုံးရေပမာဏထဲ၌ပင် သန့် ရှင်းစင်ကြယ်သော ရေမှာအနည်းစုဖြစ်ပြီး ကျန်းမာရေး အတွက် စိတ်ချရနိုင်ဖွယ်မရှိသော မသန့်ရှင်းသည့်ရေများ မှာအများစုပါဝင်လျက်ရှိနေသည်။ သန့်ရှင်းသောရေကို ဝလင်စွာသောက်သုံးခွင့်ရနေသူများက ''ရေအသက် တစ်မနက်''ဟူသော လူ့လောကဆိုရိုးစကားကို ကြားဖူး ရုံမျှသာရှိပြီး တကယ့်အနှစ်သာရကိုမူ ခံစားမိကြလိမ့်မည် မဟုတ်ပေ။ 

သို့ရာတွင် ကောင်းမွန်သောသောက်သုံးရေကို မရကြရှာသူများနှင့် မိုးခေါင်ရေရှားသည့်ဒဏ်ကို ခံနေကြ ရသူများအဖို့မူ ဆိုရိုးစကား၏ အနှစ်သာရကိုဘဝနှင့် ထပ်တူ ပြုလျက် ခံစားနေကြရသည်။ ကမ္ဘာ့လူဦးရေ အဆမတန်တိုးပွားလာခြင်းနှင့် ရေကြည် ရေသန့် ရှားပါးလာခြင်းတို့သည် ရေသန့်ဘူးသောက်သုံး သော ခေတ်တစ်ခေတ်ကို ဖြစ်ထွန်းလာစေခဲ့သည်။ ၂ဝ ရာစု၏ နှောင်းပိုင်းကာလမတိုင်မီ အချိန်အထိ ရေသန့်ဘူး သောက်သုံးသည့် ဓလေ့မှာဖြစ်ထွန်းလာခြင်းမရှိသေးပေ။ ထိုစဉ်ကာလများက ကမ္ဘာ့မြို့ပြများ၌ နေထိုင်ပြီး အသိ ပညာဗဟုသုတများနှင့် ပြည့်စုံသူတို့က ရေကိုကျိုချက်ပြီးမှ သောက်သုံးကြသော်လည်း မြို့ပြနေသူ အချို့နှင့် ကျေးလက် ဒေသအနှံ့အပြား၌ နေထိုင်သူကမူ ရေကိုသဘာဝအတိုင်း သာ သောက်သုံးခဲ့ကြသည်။ ထိုစဉ်ကာလများက Distilled Water ဟုခေါ်ဆိုသော ပေါင်းခံရည်ကို စက်မှုလုပ်ငန်းအချို့နှင့် ရောဂါဝေဒနာ ခံစားနေကြရသူအချို့အတွက် သီးသန့်ထုတ်လုပ်ပေးသည့် စက်ရုံများရှိခဲ့သော်လည်း ရေသန့်ဘူးဟူ၍ ထုတ်လုပ် ရောင်းချခြင်းမရှိခဲ့သေးပေ။ နောက်ပိုင်းတွင် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပနိုင်ငံအချို့တို့က သောက်သုံးရေ ဘေးအန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးဆောင်ရွက်လာကြ ရာမှ ဓာတုဗေဒနည်းစနစ်ဖြင့် ရေသန့်များကို ထုတ်လုပ် သောက်သုံးခဲ့ကြသည်။ ထိုအချိန်မှစ၍ ရေသန့်ဘူးသောက်သုံးသော အလေ့ အထဖြစ်ပေါ်လာကာ ၂ဝဝ၂ ခုနှစ်အရောက်တွင် တစ်ကမ္ဘာ လုံး၏ ရေသန့်ဘူးသောက်သုံးသည့် ပမာဏမှာ လီတာ ပေါင်း ၄၅ ဘီလီယံအထိ ရှိလာခဲ့သည်။ ထိုမှတစ်ဖန် ၂ဝဝ၇ ခုနှစ်အရောက်တွင် ရေသန့်ဘူးသောက်သုံးသည့် ပမာဏ မှာ ၈ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာပြီး လီတာပေါင်း (၄၉)ဘီလီယံအထိရှိလာသည်။ (၂ဝဝ၉) ခုနှစ်အရောက်တွင်မူ ရေသန့်ဘူးသောက်သုံးသည့်ပမာဏ အဆမတန်မြင့်တက် လာပြီး ၄၅ဝ ရာခိုင်နှုန်းတိုးမြင့်ကာ လီတာပေါင်း ၂၇၃ ဘီလီယံအထိပင် ရှိလာသည်။ ရေသန့်ခေတ်ဦးကာလများက ထုတ်လုပ်ပြီးသော ရေသန့် များကို ဖန်ပုလင်းများတွင် ထည့်သွင်း၍ ရောင်းချခဲ့ကြ သည်။ သို့ရာတွင် ရေသန့်ဘူးရောင်းချရမှု တွင်ကျယ်လာ သည်နှင့်အမျှ စီးပွားရေးအရ တွက်ခြေပိုကိုက်သော ပလတ်စတစ်ပုလင်းနှင့် စက္ကူဘူးများဖြင့် ပြောင်းလဲ ထုတ်လုပ်လာခဲ့ကြသည်။ ၁၉၉၉ ခုနှစ်အရောက်တွင် NRDC ခေါ် အမေရိကန်ပြည်ထောင်စု သဘာဝသယံဇာတ များ ကာကွယ်စောင့်ရှောက် မှုကောင်စီ ၏ စစ်ဆေးချက်အရ ပြည်တွင်းထုတ်ရေသန့်အမျိုးအစား ၁၃ဝ ကျော်အနက် သုံးပုံတစ်ပုံမှာ ရေမသန့်ခြင်းနှင့် ဘူးမသန့်ခြင်းများ ဖြစ်နေကြောင်း ဖော်ထုတ်တွေ့ရှိရသည်။ ရောဂါဖြစ်စေသော ပိုးမွှားများပါရှိနေခြင်း၊ အန္တရာယ်ရှိဓာတုပစ္စည်းများပါဝင်နေခြင်းစသည့် ရေမသန့်ခြင်းများကို တွေ့ရှိခဲ့ရသလို
 ရေသန့်ထည့်သွင်းသည့် ပလတ်စတစ်ဘူးများ အရည်အသွေးညံ့ဖျင်းနိမ့် ကျမှုကြောင့် ထည့်သွင်းထားသော ရေ၏သန့်ရှင်းစင်ကြယ်မှုကို ပျက်ပြားသွားစေသည့် ဘူးမသန့်ခြင်းများကိုလည်း တွေ့ရှိခဲ့ကြရသည်။ ရေသန့်ထည့်သွင်းသည့် ပလတ်စတစ်ဘူးထုတ်လုပ် သော စက်ရုံများအနက် အနည်းစုတို့ကသာလျှင် ကော်စေ့ အသစ်များကို သုံးစွဲထုတ်လုပ်ကြသော် လည်း အများစု တို့ကမူ ရေသန့်ဘူးခွံဟောင်းများဖြင့် တစ်ကျော့ပြန် ထုတ်လုပ်ထားသည့် ကော်စေ့အဟောင်းများကိုသာ အသုံးပြုထုတ်လုပ်လျက်ရှိနေကြသည်။ ဖွံ့ဖြိုးဆဲနိုင်ငံအချို့နှင့်ဖွံ့ဖြိုးမှုနောက်ကျသော နိုင်ငံ များတွင်၊ ပလတ်စတစ်ရေသန့်ဘူးခွံများကို တစ်ကျော့ပြန် ထုတ်လုပ်သည့် လုပ်ငန်းစဉ်များအပေါ် စိစစ်မှုအလွန် အားနည်းသည့်အတွက် အရည်အသွေးနိမ့်ကျသော ပလတ်စတစ်ဘူးခွံများသည်
 ရေသန့်၏အရည်အသွေး ကို ထိခိုက်ပျက်ပြယ်စေလျက်ရှိနေသည်။ ရေသန့်ထုတ်လုပ်သည့်စက်ရုံများမှသည်..
.သောက်သုံးသူထံမရောက်မီစပ်ကြား၊ အဆင့်ဆင့်သော သိုလှောင်သယ်ယူ၊ ဖြန့်ဖြူးသည့်လုပ်ငန်းစဉ်တစ်လျှောက် လုံး၌လည်း နည်းမှန်လမ်းမှန် စနစ်တကျလုပ်ကိုင် ဆောင်ရွက်မှု မရှိကြခြင်းကြောင့် ရေသန့်သောက်သုံး သူများသည် အခကြေးငွေပေးရသောရေကို သောက်သုံးရင်းကျန်းမာရေးထိခိုက်မှုများ ဖြစ်ပွားလျက်ရှိနေ ကြသည်။ ထုတ်လုပ်ပြီးသော ရေသန့်များကိုပလတ်စတစ်ဘူး များတွင် ထည့်သွင်းကာ တာရှည်သိုလှောင်ထားခြင်း၊ အမိုးအကာမဲ့ မော်တော်ကားများပေါ်၌ နာရီနှင့်ချီ၍ တင်ဆောင်သယ်ယူလာခြင်း၊ ရေသန့်ဘူးများကို နေပူ ထဲ၌ နာရီကြာမြင့်စွာထားသိုခြင်း၊ ပလတ်စတစ်ရေသန့် ဘူးများကို ဓာတ်ငွေ့နှင့်ဓာတုပစ္စည်းများရှိသည့် အခန်းထဲ၌ သိုလှောင်သိမ်းဆည်း ထားခြင်း စသည်တို့သည် သောက်ရေ သန့်၏ အရည်အသွေးကို လုံးဝပျက်ပြားသွားစေသည် သာမက သောက်သုံးသူများကိုပါ သိသိသာသာမဟုတ် သည့် ကျန်းမာရေးထိခိုက်မှုများကို ဖြစ်ပေါ်စေသည်။ 

 အချို့သောနိုင်ငံများတွင် ရေသန့်ထုတ်လုပ်သည့် စက်ရုံများကို လူမနေသောကျွန်းများပေါ်၌ တည် ဆောက်ထားကြကာ စက်ရုံထွက်ရေသန့်ဘူး များကို သင်္ဘောများဖြင့်သယ်ယူပို့ဆောင်ပေးကြသည်။ ယင်း ကဲ့သို့ သင်္ဘောဝမ်းဗိုက်အတွင်း နာရီပေါင်းများစွာ ကြာအောင် တင်ဆောင်သယ်ယူလာသော ပလတ်စတစ်ဘူး များအတွင်းရှိ ရေများသည်လည်း ရေသန့်စံချိန် စံညွှန်း ပျက်ပြယ်ပြီး သောက်သုံးသူများကို ဘေးဥပဒ်ဖြစ်စေနိုင် သည်။ သောက်သုံးမည့် ပလတ်စတစ်ရေသန့်ဘူးများကို ဓာတ်ဆီ၊ ရေနံဆီ၊ မက်သနောစသည့် ရေနံထွက်ပစ္စည်း များထည့်ထားသော ပုံး၊ ခွက်၊ ပုလင်းစသည်တို့နှင့် နီးကပ်စွာထားရှိပြီး သောက်သုံးခြင်းသည်လည်း ကျန်းမာ ရေးကိုထိခိုက်စေမည့် အပြုအမူမျိုးဖြစ်သည်။ အလား တူပင် ရေသန့်ဘူးလဲလှယ်ရာ၌ ဘူးမသန့်ခြင်း၊ လက် မသန့်ခြင်း၊ ခြင်တွယ်သည့်ခွက်နှင့် ကန်တော့များ မသန့်ခြင်း စသည်တို့သည်လည်း ရေသန့်ဘူးသောက်သုံး ရင်း ရောဂါရစေနိုင်သော အကြောင်းအရင်းများဖြစ်ကြ သည်။ မသန့်သည့်ရေကို သောက်သုံးခြင်းဖြင့် ဝမ်းပျက် ဝမ်းလျှောရောဂါကဲ့သို့သော ဝေဒနာမျိုးကိုချက်ချင်း လက်ငင်းခံစားကြရနိုင်သလို၊ ကျောက်ကပ်ပျက်စီးခြင်း ကဲ့သို့သော နှစ်ပေါင်းအတန်ကြာမှ ဖြစ်ပွားလာမည့် ရောဂါ ဝေဒနာကြီးများကိုလည်း ခံစားကြရနိုင်သည်ကို သတိပြု သင့်ကြသည်။ သို့ဖြစ်၍ မသန့်ရှင်းသောရေက အများစုဖြစ်နေ သည့် ရေသန့်ဘူးခေတ်ကာလကြီးထဲတွင် တစ်ပိုင် တစ်နိုင်ရေသန့်စက်များကို အသုံးပြုခြင်း၊ သယ်ယူ ရွှေ့ပြောင်းရလွယ်ကူသော တစ်ကိုယ်ရည်သုံးရေသန့် စက်များကို အသုံးပြုခြင်း၊ ရှေးရိုးစဉ်လာနည်းလမ်း ဖြစ်သည့်ရေကိုကျိုချက်ပြီး စစ်ယူသောက်သုံးခြင်းတို့ သည် သောက်ရေကြောင့်ဖြစ်ရသည့် ရောဂါဘယများမှ ကြိုတင်ကာကွယ်နိုင်သော နည်းလမ်းကောင်းများပင် ဖြစ်ပေသည်။ 

+သိပ္ပံစာရေးဆရာ ကိုကိုအောင်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)