ဒီတစ်ပတ်ရဲ့  ကြားရက်ဖြစ်တဲ့  မတ် ၂၅ ရက်မှာတော့ ပရိသတ်တွေ အတွက် နိုင်ငံတကာခြေစမ်းပွဲတွေက စောင့် ကြိုနေပြန်ပါတယ်။ ဒီပွဲစဉ်တွေ မှာ ပရိသတ်တွေ အာ၊ုံအလှည့်  အပြောင်းဖြစ်စေမယ့်  ပွဲတွေကတော့ ဒိန်းမတ်နဲ့ အမေရိကန်၊ ဂျာမနီနဲ့  သြစတြေးလျ၊ စကော့တလန်နဲ့ မြောက်အိုင်ယာလန်တို့ ရဲ့  ပွဲစဉ်တွေ ပဲဖြစ်ပါတယ်။ နိုင်ငံတကာခြေစမ်းပွဲ တွေမှာ အင်တိုက်အားတိုက် ကစားလေ့ရှိကြတဲ့  ဂျာမနီနဲ့  ဒိန်းမတ် အသင်းတွေရဲ့  ယှဉ်ပြိုင်မှုစွမ်းအား ကို အကဲခတ်ခွင့် ရရှိဦးမှာ ဖြစ်ပါ တယ်။
**ဂျာမနီ နှင့်  သြစတြေးလျ**
(လက်ရှိကမ္ဘာ့ဖလား ချန်ပီယံ ဂျာမနီအသင်း)
လက်ရှိကမ္ဘာ့ဖလား ချန်ပီယံ ဂျာမနီအသင်းဟာ လာမယ့်ကမ၊ာ့ ဖလားပြိုင်ပွဲမှာ ချန်ပီယံဖလားကို ကာကွယ်ဖို့အတွက် လူငယ်ကစား သမားတွေကို အဓိက ရွေးချယ်သွား မယ်လို့  ဆိုထားပါတယ်။ ခြေစွမ်း ထက်မြက် လူငယ်ခြေတက်တွေ များ ပြားတဲ့  ဂျာမနီအသင်းဟာ လော လောဆယ် ပြိုင်ပွဲစုံ ရှစ်ပွဲကစားခဲ့ တဲ့  နေရာမှာ ငါးပွဲနိုင်၊ တစ်ပွဲသရေ၊ နှစ် ပွဲရှုံးမှတ်တမ်း ရေးထိုးထားတာမို့  ပြိုင်ဘက်တိုင်းကို အလေးထားပြီး ကစားနေသလို လူငယ်တွေရဲ့  ခြေစွမ်း အတက်အကျ၊ နေရာလိုက်ကစားနိုင် မှုနဲ့  ကစားအားတွေကို ဆန်းစစ်နေပြီ ဖြစ်လို့ကစားသမားတွေရဲ့  ကြိုးစား အားထုတ်မှုက အမြင့်ဆုံး အနေ အထားဖြစ်နေပါတယ်။ ·
(၂၀၁၅ အာရှဖလား ချန်ပီယံ-သြစတြေးလျ အသင်း)
သြစတြေးလျ တို့ကတော့ ၂၀၁၅ အာရှဖလား ချန်ပီယံဖြစ်ပြီး အသင်းလိုက် ကစား အား ကောင်းမွန်တဲ့ စံနှုန်းရရှိထား ပါတယ်။ အာရှဖလားချန်ပီယံဟာ ကမ္ဘာဖလားချန်ပီယံကို ခြေရည်တူ ကစားဖို့ ၊ သရေကျဖို့ တောင် ခက်ခဲ မယ့်  အနေအထားပါပဲ။ ဂျာမနီနဲ့  သြစတြေးလျတို့  ၂၀၁၀ ကမ၊ာ့ဖလား ပွဲမှာ ဆုံခဲ့ စဉ်က ဂျာမနီက လေးဂိုး ပြတ် နိုင်ပွဲရခဲ့ သလို ၂၀၁၅ ခုနှစ် ကွန်ဖက်ဒရေးရှင်းဖလား ဘောလုံး ပြိုင်ပွဲမှာလည်း ဂျာမနီတို့ က လေးဂိုး- သုံးဂိုးနဲ့ နိုင်ပွဲရရှိခဲ့ တာဖြစ်ပါတယ်။ အခုပွဲမှာတော့ ဂျာမနီတို့  အနိမ့်ဆုံး နှစ်ဂိုးပြတ်သွင်းပြီး သြစတြေးလျတို့  ကတော့ ဂျာမနီထံမှ အတွေ့ အကြုံနဲ့  သင်ခန်းစာတွေ ရယူဖို့ ပဲရှိပါတယ်။
**ဒိ န်းမတ် နှ င့်  အမေရိကန်**
ခြေစမ်းပွဲတွေမှာတော့ စွမ်းဆောင် မှုပိုင်း ကွာဟမှုမရှိတဲ့  အသင်းတွေ ဖြစ်ပါတယ်။ ဒိန်းမတ်ရဲ့  လက်ရှိ ခြေ စွမ်းအနေအထားကို ကြည့်ရင် နောက်ဆုံးကစားခဲ့တဲ့ ရှစ်ပွဲမှာ သုံးပွဲ နိုင်၊ နှစ်ပွဲသရေနဲ့  သုံးပွဲရှုံးထားပါတယ်။ အမေရိကန်တို့ကတော့ နောက်ဆုံး ကစားခဲ့ တဲ့ ရှစ်ပွဲမှာ နှစ်ပွဲနိုင်၊ နှစ်ပွဲ သရေနဲ့  ကျန်လေးပွဲ ရှုံးနိမ့် ထားပါ တယ်။ ဒီနှစ်သင်းရဲ့ နောက်ဆုံးနှစ်ပွဲ တွေ့ ဆုံခဲ့ တဲ့  ခြေစွမ်းပွဲရလဒ်တွေကို ကြည့် ရင်လည်း ဒိန်းမတ်က သုံးဂိုး- တစ်ဂိုးနဲ့  တစ်ပွဲအနိုင်ရထားသလို အမေရိကန်တို့ ကလည်း သုံးဂိုး-တစ် ဂိုးနဲ့ တစ်ပွဲနိုင်ခဲ့ ပါတယ်။ အခုပွဲမှာ ဒိန်းမတ်တို့က ပွဲတိုင်းအားထည့် မှု ပိုများလေ့ရှိတဲ့  စိတ်ဓာတ်ကြောင့်  ရလဒ်မပြတ်သားတဲ့  နိုင်ပွဲရသွားနိုင် ပါတယ်။
**စကော့တလန် နှ င့်  မြောက် အိုင် ယာလန်**
ဗြိတိန်အသင်းတွေမို့ ကြည့် ကောင်း မယ့် ပွဲပါပဲ။ စကော့တလန် အသင်း မှာ ဖလက်ချာ၊ မာလိုနေးနဲ့  နေးစမစ် တို့  ပါဝင်လာနိုင်သလို မြောက်အိုင် ယာလန်မှာလည်း ကာရိုးလ်၊ အီဗန် နဲ့  ဘရန့် တို့  ထည့် သွင်းကစားဖို့ ရှိနေ ပါတယ်။ ဒီနှစ်သင်းရဲ့ တွေ့ ဆုံခဲ့မှု မှတ်တမ်းကိုကြည့် ရင် စကော့တလန် က ၆၂ ပွဲနိုင်ပြီး ၁၇ ပွဲ သရေကျကာ မြောက်အိုင်ယာလန်တို့  ၁၅ ပွဲ နိုင် ထားပါတယ်။ လက်ရှိ ခြေစွမ်းပိုင်း မှာ စကော့တလန်တို့  ရလဒ်တွေ ကောင်းနေတာမို့  ဒီပွဲမှာ မြောက် အိုင်ယာလန်တို့ အနေနဲ့  သရေရလဒ် ကို မျှော်မှန်းရုံကလွဲပြီး ကျန်တာ မမျှော်လင့် နိုင်တာမို့ စကော့တလန် တို့  နိုင်ပွဲရသွားနိုင်ပါတယ်။ ။
+မိုးမြင့်လင်းလက်+

No comments:
Post a Comment