ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, March 27, 2015

ပန်းရောင်ကတ် ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမားများအား နှစ်နှစ်သက်တမ်းရှိ အစိမ်းရောင်ပတ်(စ်)ပို့စာအုပ်ထုတ်ပေးမည့် အစီအစဉ် ထိုင်းအစိုးရ လက်မခံသဖြင့် အကန့်အသတ်မရှိရပ်ဆိုင်း

>
+(မတ်လ၂၇ရက်၊၂၀၁၅-Eleven Media news)+

ထိုင်းနိုင်ငံရှိ ပန်းရောင်ကတ်ဆောင်ထားသည့် မြန်မာအလုပ်သမားများအား နှစ်နှစ်သက်တမ်းရှိ အစိမ်းရောင်ပတ်(စ်)ပို့ စာအုပ်ထုတ်ပေးရန် အစီအစဉ်ကို ထိုင်းအစိုးရက လက်မခံသဖြင့် ယခုနှစ်အတွင်း အစီအစဉ်အား အကန့်သတ်မရှိ ရပ်ဆိုင်းခဲ့ကြောင်း အလုပ်သမား ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။ ပြီးခဲ့သည့် မတ် ၁၉ ရက်နှင့် ၂ဝ ရက် က ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ထိုင်း- မြန်မာ နှစ်နိုင်ငံရွှေ့ပြောင်း အလုပ်သမားရေးရာ အစည်းအဝေးတွင် ထိုင်းနိုင်ငံမှ အစီအစဉ်ကို လက်မခံကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ထိုင်းနိုင်ငံတွင် ပန်းရောင်ကတ် ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမားများအား နှစ်နှစ်သက်တမ်းရှိ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity ) အစိမ်းရောင် ပတ်(စ်)ပို့စာအုပ်ကို ထုတ်ပေးသွားမည်ဟု အလုပ်သမား ဝန်ကြီးဌာနက ဖေဖော်ဝါရီလအတွင်း ကြေညာခဲ့သည်။ ယခုကဲ့သို့ အစိမ်းရောင်ပတ်(စ်)ပို့ ထုတ်ပေးရေးအစီအစဉ်အား ထိုင်းဘက်က ပယ်ချလိုက်မှုကြောင့် ထိုင်းနိုင်ငံတွင် ပန်းရောင်ကတ်ကိုင်ဆောင်ထားပြီး အမျိုးသား မှတ်ပုံတင်နှင့် သန်ခေါင်းစာရင်း မရှိသူများအနေဖြင့် များစွာနစ်နာမည် ဖြစ်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားရေး ဆောင်ရွက်သူများက ပြောကြားသည်။

 “မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက လပေါင်းအတန်ကြာ ပြင်ဆင်ထားပြီး အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်မရှိကြတဲ့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားတွေအတွက် ရည်ရွယ်ထုတ်လုပ်ပေးမယ့် အစိမ်းရောင်ယာယီ ပတ်စ်ပို့စာအုပ်ကို ထိုင်းဘက်က လက်မခံဘူးဗျ။ ပယ်ချထားလို့ ဒီအစိမ်းရောင်ထုတ်ပေးမှာကို ယာယီရပ်ဆိုင်းထားရတယ်။ အဲဒီငြင်းဆန်ပယ်ချမှုက အခုရက်ပိုင်း ထိုင်း-မြန်မာ နှစ်နိုင်ငံအဆင့်မြင့် အစည်းအဝေးမှာ ဖြစ်ခဲ့တာ။ အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်မရှိကြတဲ့ အများစုသော ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားတွေ နစ်နာတာပေါ့ဗျာ။ ထိုင်းဘက်ကပဲ ပန်းရောင်ကတ်ကို တစ်နှစ်သက်တမ်း ထပ်တိုးမယ်။ ယာယီပတ်စ်ပို့လိုဟာမျိုးကိုလည်း သူတို့ဘာသာ သူတို့ထွင်ပြီး လုပ်မလားမသိပါဘူး” ဟု ထိုင်းနိုင်ငံလုံးဆိုင်ရာ မြန်မာရွှေ့ပြောင်း အလုပ်သမားများကွန်ရက်၏ အထွေထွေအတွင်းရေးမှူး ဦးမိုးကြိုးက ပြောကြားသည်။ “ဒီမှာအလုပ်လာလုပ်တဲ့ မြန်မာအလုပ်သမားတွေအတွက် လိုအပ်တဲ့ အထောက်အထားတွေကို ထိုင်းကပဲလုပ်ပေးမယ်။ ကုန်ကျစရိတ်အားလုံးကို သူတို့ပဲယူမယ်။ အဲဒါကို မြန်မာဘက်က တစ်ဆင့်လိုက်လျော ပေးလိုက်ရတယ်။ သဘောကတော့ မြန်မာဘက်ကို ဘာမှအခွင့်အရေး မပေးတော့ဘူး ဆိုတဲ့သဘော ဖြစ်နေတယ်” ဟု ဦးမိုးကြိုးက ပြောကြားသည်။

 ထိုင်းနိုင်ငံ ခရိုင်ဒေသ ၇၇ အတွင်းသွား ရောက်လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ အလုပ်လုပ်ခွင့် ပန်းရောင်ကတ်များ မတ် ၃၁ ရက် နောက်ဆုံးထားပြုလုပ်ရန် ထိုင်းအစိုးရက ကြေညာထားသည်။ ထို့အတွက် မြန်မာအစိုးရက အစိမ်းရောင်စာအုပ် ပြုလုပ်ပေးရန် စီစဉ်ထားသော်လည်း ထိုင်းဘက်မှလက်မခံဘဲ ပန်းရောင်ကတ် ပြုလုပ်ခွင့်အချိန်ကို ၂ဝ၁၆ ခုနှစ်အထိ တစ်နှစ်ထပ်မံ တိုးပေးလိုက်ပြီး နိုင်ငံကူးလက်မှတ်နှင့် အလားတူ စာအုပ်ပြုလုပ်ပေးရန် ထိုင်းအစိုးရမှ စီစဉ်လျက်ရှိသည်။ ယခုလက်ရှိ၌ ထိုင်းနိုင်ငံတွင် ပန်းရောင်ကတ်ထုတ်ပေးထားသည့် မြန်မာအလုပ်သမား ခြောက်သိန်းကျော်ရှိသည်။

 Writer: နန်းစုနှင်းထွေး၊ ကိုရွှေသိန်း (မြဝတီ)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)