ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, March 28, 2015

== ခင်မောင်ရင် တစ်ကိုယ်တည်းမှာ==

>
မနေ့ညက ပျင်းတာနဲ့ Burmese Classic က ရှေးခေတ်ဟောင်းရုပ်ရှင်ကား သူဇာကို ထမင်းစားရင်း အိုင်ပက်လေး ရှေ့ချပြီး ကြည့်မိတယ်။ သူဇာကားက ဗြိတိသျှဘားမားက နာမည်ကြီးဒါရိုက်တာဦးချန်ထွန်း ရိုက်ခဲ့တာ၊ မင်းသားတွေက ဘတင့် ခင်မောင်ရင်နဲ့ ခင်ခင်ရီတဲ့။ ဟိုးငယ်ငယ်က မြန်မာ့ရုပ်မြင်သံကြားမှာ လာတာ ခဏခဏ ကြည့်ဖူးတာမို့ ပြန်ကြည့်တော့ သြော်... ဟုတ်သား ဆိုပြီး ဇာတ်လမ်းကို ပြန်သတိရလာတယ်။ ဒီသူဇာကားမှာ ဘတင့်က ပန်းချီဆရာ၊ စာတမ်းထိုးတဲ့ထဲ သေချာဖတ်ကြည့်တော့ ပန်းချီဘက်ဆိုင်ရာဒါရိုက်တာ ဦးငွေကိုင်လို့ ဆိုတယ်။ ဒါကြောင့် ရုပ်ရှင်ထဲ ပန်းချီဦးငွေကိုင်ရဲ့ ပန်းချီကားတချို့ကို တွေ့ရတယ်။ ဘတင့်က ပန်းချီဆရာလူပျိုကြီး၊ မိန်းမတွေကို သဘောမကျ တဲ့သူ၊ မနဲ့ ပတ်သက်ရင် လွတ်လွတ်ကင်းကင်းနေချင်သူ။ (မင်းသားဘတင့် မြင်တော့ ရယ်ချင်သား၊ သူ့ကြည့်ရင်း ကြည့်ရင်း ခုဖေ့ဘုတ်ခ်မှာ ခေတ်စားနေတဲ့ ဦးလှဆွေကြီးနဲ့ တူနေတယ်။ ) တစ်နေ့တော့ သူ့အိမ်နား ခင်ခင်ရီရဲ့ အဖေ မတော်တဆ အသတ်ခံရတာကို အကူအညီပေးရင်း ခင်ခင်ရီက အားကိုးရာမဲ့နေတော့ ဘတင့်အိမ်မှာ နေပါရစေ ခွင့်တောင်းတယ်။ ဘတင့်က မိန်းမတွေ အိမ်မှာ မထားနိုင်ဆိုပြီး ခါးခါးသီးသီး ငြင်းတယ်။ ဒါပေတဲ့ ခင်ခင်ရီရဲ့ အဖေ က သူလေးစားတဲ့ပန်းချီဆရာကြီးမှန်းသိသွားတဲ့အခါ ပန်းချီမျက်နှာကြောင့် ခင်ခင်ရီကို အိမ်မှာ နေခွင့်ပေးလိုက်တယ်။ ဒီနေရာမှာ ပန်းချီ နဲ့ပတ်သက်လို့ စိတ်ထဲ ခံစားမိတာလေး ပြောချင်လာတယ်။ ပန်းချီ အနုပညာရဲ့ စွမ်းပကား ဘယ်လောက်ရှိတယ်ဆိုတာကို ပြောချင်တာပါ။ ပြီးခဲ့တဲ့နှစ်က ကမ္ဘောဒီးယားက Tuol Sleng Genocide Museum ကို ရောက်တော့ Khmer Rouge လက်ထက်က လူပေါင်းမြောက်မြားစွာကို မတရားဖမ်းဆီး အကျဉ်းချ နှိပ်စက် သတ်ဖြတ်ခဲ့ပုံတွေ ကြည့်ရတယ်။ လူပေါင်းမြောက်မြားစွာထဲက ၁၂ယောက်လား မသေပဲ လွတ်မြောက်ခဲ့တယ်။ အဲ့ဒီ ပြန်လွတ်မြောက်လာခဲ့တဲ့ သူတွေထဲက Mr. Bou Meng ဟာ ပန်းချီဆရာ တစ်ယောက်ဖြစ်ပါတယ်။ သူရော သူ့ဇနီးရော ဖမ်းဆီးခံခဲ့ရတာမှာ သူ့ဇနီးကတော့ အသတ်ခံခဲ့ရပြီး သူ့ကိုတော့ ပန်းချီဆွဲတတ်တာ သိသွားတဲ့နောက်ပိုင်းကစလို့ မနှိပ်စက်တော့ဘူးလို့ ဆိုပါတယ်။ ကြည့်စမ်းပါဦးနော်... ပန်းချီ အနုပညာရဲ့တန်ခိုး ဘယ်လောက်ကြီးသလဲဆိုတာ၊ ဒီလောက်ထိ ရက်စက်ယုတ်မာကြမ်းတမ်းတဲ့သူတွေကြားထဲကနေ ပန်းချီ မျက်နှာကြောင့် သူလွတ်မြောက်ခဲ့ရတယ်။ အခု ဒီ သူဇာ ကားထဲမှာ ဘတင့်လည်း ပန်းချီဆရာကြီး သမီးဆိုတာနဲ့ ဘာမှ မပြောတော့ပဲ ခင်ခင်ရီကို သူ့အိမ်မှာ နေခွင့်ပေးလိုက်တာပါပဲ။ သူဇာမှာ ခင်ခင်ရီ သရုပ်ဆောင်တာကြည့်ရတာကတော့ တကတည်း တွန့်လိမ်နေတာပဲ၊ ဟီး.... ချွဲကလည်း ဘာချွဲသလဲ မမေးနဲ့။ ဒါပေတဲ့ သရုပ်ဆောင်တာ သူ့ခေတ်နဲ့သူ တော်ပါတယ်။ သီချင်းဆိုကလည်း အလွန်ကောင်း။ ခင်ခင်ရီက ဖေဖေ့ မိတ်ဆွေ ဘဘဦးရန်နိုင်စိန်ရဲ့ ဇနီးဖြစ်ပေတဲ့ သူ မဆုံးခင် အပြင်မှာ တစ်ခါမှ မမြင်ခဲ့ဖူးဘူး။ သူ့ ရှေးဟောင်းကားလေးတွေ သူ့သီချင်းလေးတွေတော့ နားထောင်ဖူးလို့ နှစ်သက်မိတာတွေ အများကြီးပဲ။ ဝင်းဦးနဲ့ သူအသက်ကြီးမှ တွဲဆိုတဲ့ ပန်းစေတီ သီချင်းဆို ရုပ်မြင်သံကြားက ခဏခဏ လွှင့်ပေးခဲ့တာ ကြိုက်လွန်းလို့ မှတ်မိနေတယ်။ ဒါနဲ့ စကားစပ်မိလို့ ပြောရရင် ရှေးက မင်းသားတွေထဲ ဝင်းဦးကို သဘောကျတာဟာ သူရုပ်ချောလို့မဟုတ်၊ ညုတုတုအပြောတွေကို ကြိုက်လို့မဟုတ်၊ အနုပညာမှာ ဘက်စုံတော်တာသက်သက်ကြောင့်လည်းမဟုတ်။ သူ့ကိုလေးစားမိတဲ့အချက်က သူဟာ ရှေးခေတ်က သူ့ရဲ့စီနီယာအနုပညာရှင်တွေကို တလေးတစား တန်ဖိုးထားတတ်သူမို့လို့ပဲ၊ ခေတ်ဟောင်းက လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပေမဲ့ လက်ရှိအချိန်မှာ လူမသိ သူမသိ မှေးမှိန်နေရှာတဲ့ ပညာရှင်တွေကို သူနဲ့ တွဲပြီး အနုပညာ ပြန်ဆန်းသစ်ပေးခဲ့တယ်။ သူတတ်နိုင်သမျှလည်း ထောက်ပံ့ကန်တော့တယ်။ အဆိုတော်ကြီးမေရှင်ဆီကို ခဏခဏ သွားကန်တော့တယ်လို့ စာတွေထဲဖတ်ရပါတယ်။ တော်တော့်ကို ချီးမွမ်းထိုက်တဲ့သူတစ်ယောက်လို့ သူ့ကို မြင်တယ်။ အဲ့ဒီလိုသဘောမျိုးနဲ့ ပန်းစေတီ သီချင်းကို ခင်ခင်ရီနဲ့ တွဲပြီးသီဆိုထုတ်လွှင့်ခဲ့တယ် ထင်ပါတယ်။ ရုပ်ရှင်ခေတ်ဦးက မင်းသားတွေထဲမှာတော့ ခင်မောင်ရင်ဟာ ခပ်နွဲ့နွဲ့နဲ့ ဖြူဖြူချောချောလေးဆိုတာ ပေါ်လွင် သိသာလွန်းလှတယ်။ ပြီးတော့ သူက သီချင်းဆို ပိုင်နိုင်တယ်။ ငယ်တုန်းကတော့ ဘာရယ်ညာရယ် မသိပဲ လိုက်အော်ဆိုဖူးတဲ့ သူ့သီချင်း တစ်ပုဒ်ရှိတယ်။
**မိန်းမဆိုတာ... ဆောင်းလေပမာညီ.... အတွင်း သဘောတွေ မတည်... ပြောင်းလဲတတ်သည်... ...... ခင်မောင်ရင် တစ်ကိုယ်တည်းမှာ အရူးကြီးပမာ ဖြစ်ကာ ... ဇာတ်သိမ်းပြီ...**

 အဲ့သီချင်းဟာ သူ့ခေတ်အချိန်အခါက အတော်ကို နာမည်ကျော် ရေပန်းစားခဲ့တယ်လို့ ဆိုတယ်။ တကယ့်အပြင်ဘဝမှာရော သူ့ချစ်သူဟာ အဲ့သီချင်းထဲကလိုပဲလားဆိုတာ မသိပါဘူး။ တကယ်တော့ သူနဲ့ နာမည်ကျော်ခဲ့တဲ့ ဗိုလ်အောင်ဒင်ထဲက မေမေဝင်းဟာ အိမ်ထောင်ဘက်တွေကိုယ်စီ ရှိပြီးမှ ချစ်ကြိုက်ခဲ့ကြတာမို့ သူတို့အချစ်ဟာ အဆုံးသတ်ကောင်းခဲ့မယ် မထင်ဘူး။ ပွဲလန်းသဘင်တွေမှာ လူတွေ ဝိုင်းပြီး အော် ဆို ဆိုနေကြဖြစ်တဲ့ နာမည်ကျော် နဂါးနီသီချင်းဟာ ခင်မောင်ရင် ဆိုခဲ့တဲ့ သီချင်းတစ်ပုဒ်ပေါ့။ ခုနောက်ပိုင်း ဖေ့ဘုခ်မှာ ရှေးကသီချင်းတွေ ပြန်ဖော်ထုတ်ပေး စုဆောင်းပေးကြတဲ့သူတွေ ကျေးဇူးနဲ့ ခင်မောင်ရင် သီဆိုခဲ့တဲ့ ဆိပ်ကမ်းသာတို့ တောသားကြီးတို့ လင်မယားဝါဒတို့ စတဲ့ သီချင်းတွေလည်း ပြန်နားထောင်ရတယ်။ ရှေးခေတ်က အဆိုတော်မင်းသမီးထဲမှာတော့ မေရှင်ဟာ ကရုဏာသံလေးနဲ့မို့ လူကြိုက်များ ကျော်ကြားခဲ့သလို ခင်မောင်ရင်ဟာလည်း ကြည်လင်ပီသကြည်မြပြီး တမူထူးခြားတဲ့ ကရုဏာသံ ဆိုဟန်ကြောင့် သူ့ဓါတ်ပြားတွေဟာ နာမည်ကျော်တယ်လို့ ဆိုတယ်။ ဗိုလ်အောင်ဒင်ရုပ်ရှင်မှာ သူက တည်ကြည်ခန့်ညားတဲ့ လူကြီးလူကောင်းအမည်ခံလူဆိုးဗိုလ်အနေနဲ့ သရုပ်ဆောင်ရတာ၊ ရွှေကိုင်း မျက်မှန်နဲ့ စီးကရက်လက်ကြားညှပ်ပြီး မခိုးမခန့် ရယ်လိုက်တာတို့၊ လူဆိုးဗိုလ်ဆိုပေတဲ့ သူ့တပည့်တွေကို တည်တည်ခန့်ခန့် လေအေးလေးနဲ့ ကြိမ်းမောင်းတဲ့ပုံ သရုပ်ဆောင်တာတို့ ဒါတွေဟာ သူ့ရဲ့ တမူထူးခြားတဲ့ သရုပ်ဆောင်ချက်တွေလို့ ဆိုတယ်။ သူဇာမှာတော့ သူက ဂီတသမား သီချင်းအဆိုကောင်း ကောလိပ်ကျောင်းသား လူပွေ မိန်းမတွေ ကျလောက်အောင် အပြောကောင်း အညုကောင်း ခုခေတ်အခေါ် စော်ကြည်ဘဲပေါ့။ ခင်ခင်ရီက သူ့ကို မြင်တာနဲ့ ပစ်ကျတော့တာပဲ။ သူ့ သရုပ်ဆောင်ချက် မျက်နှာပေး မျက်စ မျက်န အပြုံးချိုမြမြ တွေကို အဲ့ခေတ်က မိန်းကလေးတွေ အတော်စွဲကြမှာပါပဲ။ လူငယ်လူရွယ်တွေဟာလည်း ခင်မောင်ရင် စတိုင် ဆိုပြီး သူ့စတိုင်ကို အတုခိုးကြတဲ့သူတွေ နည်းမှာ မဟုတ်ဘူးပဲ။ တလောက ဖတ်ခဲ့တဲ့ ဆရာမောင်နေဝင်းရဲ့ကိုဝင်းဦးသို့အလွမ်းပြေပေးစာ စာအုပ်ထဲ ခင်မောင်ရင် အကြောင်း ရေးထားတာလေးတွေ ပြန်သတိရမိတယ်။ ဆရာမောင်နေဝင်းရေးထားတာ စစ်ကြီးပြီးတော့ ခင်မောင်ရင်ဟာ ကျန်းမာရေး ညံ့လာလိုက်တာမှာ နားလည်းကောင်းကောင်းမကြားတော့ဘူးတဲ့၊ စကားပြောတဲ့နေရာမှာလည်း ဆွံ့ အ နေ ထစ် နေတယ် လို့ ဆိုတယ်။ ဒီတော့ ကြည့်ဖူးတဲ့ ရုပ်ရှင်ထဲက ခင်မောင်ရင်ရဲ့ငယ်ငယ်ချောချောပုံတွေ ပြန်မြင်ယောင်ပြီး သံဝေဂ ရ စိတ်မကောင်းဖြစ်မိတယ်။ လမ်းမတော်ဖိုးတုတ်အကြောင်းရေးတဲ့ စာအုပ်ထဲမယ် သူဟာ မင်းသား ခင်မောင်ရင်နဲ့ ဘော်ဒါတွေ ဆိုးဖော်တေဖက်တွေလို့ ဆိုတယ်။ သူ့ဘဝရဲ့ ဇာတ်သိမ်းမှာတော့ ငယ်ရွယ်နုပျို ချောမောလှပါတယ် ဆိုတဲ့ ရုပ်ရည်လည်း အိုခြင်းနောက်ဆုံးရှိပေသတည်းပေါ့၊ ကြည်မြပီသတဲ့ အသံချိုချိုဟာလည်း နာခြင်းနောက်ဆုံးကြောင့် မကြည်လင် မပီသ ဆွံ့အ ခဲ့ပြီပေါ့။ သြော် ... တကယ်တော့လည်း ဘဝ တွေ ဘဝ တွေ ဆိုတာ ခဏလေး ထပွက်တဲ့ ရေတစ်ပွက်စာတောင် မကြာလှတာ... အောင်မြင်ခြင်း နုပျိုခြင်း လှပခြင်း ဆိုတာတွေကတော့ အဲ့ဒီ ပွက်လိုက်တဲ့ ရေပွက်ကလေးရဲ့ အသေးငယ်ဆုံးသော အစိတ်အပိုင်းလေးမှာပဲ ရှိခဲ့ပြီး နောက်ဆုံးတော့ မတည်မြဲခြင်း နောက်ကို ကောက်ကောက်ပါအောင် လိုက်သွားခဲ့ကြပြီပဲပေါ့။ ။ 

+++++ +

+စုချစ်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)